ကြောင်ဖြူတာမဲတာ
အရေးမကြီးဘူး....
ကြွက်ခုတ်တတ်ဖို့
အရေးကြီးတယ်ဆိုတဲ့
တိန့်ရှောင်ဖိန်ရဲ့စကားအတိုင်း
ဒီအချိန်ငွေဖြူ ငွေမည်းတာထက်
တုံ့ဆိုင်းနေတဲ့စီးပွားရေး
အမြန်ပြန်လည်ပတ်နိင်ဖို့
အရေးကြီးတယ်....။
ငွေမည်းတွေ ဝင်လာမှာစိုးလို့
အခွန်လျှော့ချမဲ့ဥပဒေကို
မပြဌာန်းပေးနိင်ဘူးတဲ့လား..?
လက်ရှိ မြန်မာပြည်စီးပွားရေး
ကိုလက်ဝါးကြီးအုပ် ဦးဆောင်
နေကြတဲ့ ခရိုနီတွေထဲက
တချို့ တချို့တွေကို
နောက်ကြောင်းပြန်လှန်ကြည့်
အခု သူတို့ လုပ်နေတဲ့အင်ပါယာ
စီးပွားရေးလုပ်ငန်းကြီးတွေကို
ငွေဖြူတွေနဲ့ထောင်ထားတာ
လား ငွေမည်းတွေနဲ့ထောင်ထား
တာလား ? ငွေမည်းဆိုတာကြီး
ကိုလုံးဝလက်မခံရင် အဲဒါတွေ
ကိုရော ဘယ်လိုလုပ်မလဲ?
ငွေမည်းဆိုတာနဲ့ ဘိန်း...
တရားမဝင်လုပ်ငန်းတွေက
ရရှိထားတဲ့ ငွေတွေကိုပဲ
ပြေး ပြေး မြင်ကြတယ်။
အမှန်တော့
တရားဝင်လုပ်ငန်းတွေကနေ
ရရှိထားတဲ့ အခွန်မဆောင်ထားတဲ့
ဝင်ငွေတွေကိုလည်း
ငွေမည်းလို့ သတ်မှတ်တာ
ပဲမဟုတ်လား....
စနစ်ဆိုးတခုကြောင့်
မြန်မာပြည်သူတွေ အခွန်
မဆောင် အခွန်ရှောင်ခဲ့ကြတာ
အခုအထိပါပဲ...။
အဲလိုအခွန်ရှောင်ခဲ့ကြပြီး
အခုလက်ဝယ်ရှိတဲ့
ပိုင်ဆိုင်ချမ်းသာမှု ကြွယ်ဝမှု
တွေကို သေချာဆန်းစစ်ရင်
ငွေမည်း တွေဖြစ်မှာဧကန်ပါပဲ
ဥပမာအနေနဲ့ အိမ်ခြံမြေ
တိုက်ခန်းတွေ ဝယ်ထားကြ
တဲ့ ၈၀%ကျော်ဟာ အခွန်ရုံး
မှာ အခွန်ဆောင်ထား
ခြင်းမရှိပါဘူး..။တနည်းအား
ဖြင့်အဲဒါတွေကလည်း
ငွေမည်းတွေပဲမဟုတ်ပါလား။
ကုန်ကုန်ပြောရရင်
အခုလက်ရှိ ဘဏ်တွေထဲမှာ
ငွေကြေးချမ်းသာသူတွေ
အပ်ထားကြတဲ့ စုငွေတွေနဲ့
သူတို့လက်ထဲမှာကိုင်ထားတဲ့
ငွေသားတော်တော်
များများဟာ အခွန်ဆောင်ပြီး
သားငွေဖြူတွေမဟုတ်ပါ။
သူတို့တတွေ.....
ဘဏ်တိုးစား ရွှေဝယ်စု
နေသမျှကာလပတ်လုံး
Public savings ထဲငွေသား
ပြတ်လပ်နေဦးမှာအသေချာပါပဲ
အခုခေတ်အနေထားအရ
လက်ထဲပိုက်ဆံရှိရင်
လုပ်ငန်းအသစ်ဘယ်သူမှ
မလုပ်ရဲဘူး...လုပ်မယ်ဟေ့
ဆိုတာနဲ့ အခွန်နဲ့အရင်ဆုံး
စတွေ့ပြီလေ ...
မြေဝယ်ရင် ဆောင်ရမဲ့
အခွန်နူန်းထား အဆောက်ဦး
ဆောက်ရင် ဆောင်ရမဲ့
အခွန်နူန်းထားတွေက
Invest လုပ်မဲ့သူတွေကို
အဟန့်အတားတခုဖြစ်နေတယ်။
အရောင်းဝယ်တွေပြန်သွက်
ဖို့ လုပ်ငန်းတွေလည်ပတ်ဖို့
အခွန်နူန်းထားတွေလျှော့
ဖို့ လိုနေတယ်ဆိုတာ
လုပ်ငန်းရှင်တိုင်းလိုလို
လက်ခံကြပါတယ်။
လက်ရှိ public savings
ထဲမှာရော Government saving
ထဲမှာရော ငွေသားပြတ်လပ်
နေတဲ့ အခြေနေရှိပါတယ်။
အဲဒါကို အချိန်မှီကုစားနိင်ဖို့
အရေးကြီးပါတယ်။
Public savings ထဲငွေသားတွေ
စီးဝင်လာဖို့ လက်ရှိအခွန်နူန်း
ထားက များစွာအဟန့်အတား
ဖြစ်နေပါတယ်။
ကြောင်ဖြူ ကြောင်မည်း
ကွဲကွဲပြားပြားခွဲခြားဖို့က
အစိုးရ ရဲ့တာဝန်ပါ
ကြွက် ခုတ်နိင်ဖို့က
လုပ်ငန်းရှင်တွေရဲ့အလုပ်ပါ
ကိုယ့်အလုပ် ကိုယ်လုပ်နိင်မှ
တိုင်းပြည်စီးပွားရေးတိုးတက်မှာပါ
#Thura Tun
SMT-74
Please Follow Me