မောင်ကြီးတို့ အညာ
သာပါစမေး။
ကျေးလက်ငယ် ပကတိကို
ရှုကြည့်ကွဲ့လေး။
မောင်ကြီးရဲ့သဒ္ဒါ
ဖြူ ပါစမေး။
သီလကို လုံအောင်ထိန်းတယ်
အေးငြိမ်းဖို့လေး။
မောင်ကြီးရဲ့ ကညာ
လှပါစမေး။
လေးတော်ဝင် မိန်းမမြတ်နှယ်
စိတ်ဓာတ်ဖြူ ဖွေး။
ပျို့မောင်ကြီး အညာ
လှပါရဲ့လေး။
ရွာအဝင် ညောင်ညိုရိပ်ဝယ်
မှေးအိပ်ချင်သေး။
ပျို့မောင်ကြီး သဒ္ဒါ
ဖြူ ပါရဲ့လေး။
ချစ်မေတ္တာ လက်ကိုင်သုံးတယ်
နှလုံးဖြူ ဖွေး။
ပျို့မောင်ကြီး ကညာ
ပျူ ငှါလို့ ယဉ်ကျေး။
လှထိပ်ခေါင် သရဖူဘွဲ့ကို
ထုံးဖွဲ့ဆင်ပေး။
MSU-035