မီးလုံးကြီးတစ်လုံး နောက်ကနေ
လိုက်နေတယ်ဆိုပြီး ကြောက်ကြောက်
လန့်လန့်နဲ့ မရပ်မနား ထွက်ပြေးနေခဲ့တယ်။
အမှန်တော့ ကိုယ်သွားရာလမ်းကို မီးမောင်း
ထိုးပြနေတာပါလားဆိုတာ နောက်မှ
သိရတယ်။ ဒုက္ခဆိုတာ ကိုယ်သွားနေတဲ့
လမ်းကို မီးမောင်းထိုးပြတာပါလား...။