တိရစ္ဆာန်တွေဟာ စားချင်တယ်၊အိပ်ချင်တယ်၊နွေးတဲ့ နေရာမှာနေချင်တယ်။လူတွေလည်း စားချင်တယ်၊အိပ်ချင်တယ်၊အပူအအေးမျှတဲ့နေရာမှာ နေချင်တယ်။ဒါပေမယ့် လူဟာ အဲဒါလောက်နဲ့ မကျေနပ်နိုင်သေးဘူး။လူလူချင်းလေးစားတာ၊တန်ဖိုးထားတာ၊အသိအမှတ်ပြုတာ၊နေရာပေးတာကိုလည်း လိုချင်သေးတယ်။လူလူချင်း အသိအမှတ်ပြုတာကိုမရရင် သူ့ဘဝဟာ မပြည့်စုံနိုင်ဘူး။ကျေနပ်စရာမကောင်းဘူး။ဘာကြောင့်လည်းဆိုတော့ လူဟာအသိုင်းအဝိုင်းနဲ့နေတဲ့ သတ္တဝါဖြစ်ဖြစ်နေလို့ပါပဲ။ဒါကြောင့် အသိုင်းအဝိုင်းထဲမှာ နေရာ တစ်နေရာလိုပါတယ်။လူနဲ့နီးစပ်တဲ့ ချင်ပန်ဇီတွေတောင် သူတို့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊ရအောင်လုပ်တဲ့အကျင့်လည်း ရှိကြပါတယ်။အသိုင်းအဝိုင်းက ဝိုင်းကျင်ထားလိုက်မှာကို ကြောက်ကြတယ်။တချို့ အသိုင်းအဝိုင်းက ဝိုင်းကျင်ထားလိုက်ရင် သေတောင်သေတယ်လို့ ဖတ်ရဖူးပါတယ်။ဒါကြောင့် လေးစားထိုက်ပြီး အများတကာအသိအမှတ်ပြုတဲ့ လူတော်တစ်ယောက်ဖြစ်အောင်ကြိုးစားသင့်ပါတယ်။
Photo Credit### Google Photo
MSU-035