ဝါခေါင်မိုးက သည်းသည်းရွာ
ကန်ချောင်းရေတိုးလာ
တို့ရွာဝန်းကျင် လယ်တောအလှ
ကောက်ပင်စိမ်းမြမြ။
အဆင်းလှလှ ပန်းခတ္တာ
ရနံ့သင်းထုံဖြာ
သိဟ်ရာသီ ခေါ်တွင်ပြု
ဝါခေါင်လ ဥတု။
ကောင်းမှုပြုလို့ ကုသိုယ်ယူ
သဒ္ဓါဖွေးဖွေးဖြူ
ပေးလှူဘောဇဉ် ဝတ္ထု ဆွမ်း
ရေစက်ချ လှူဒါန်း။
ကံစမ်းမဲဖောက် စာရေးတံ
ပျော်ရွှင်စရာ အမှန်
မြတ်သံဃာ ထေရ်မွန်အပေါင်း
များစွာ ရာထောင်သောင်း။
ဘေးရန်အပေါင်း ကင်းပစင်
မေတ္တာပန်း ပန်ဆင်
ဗုဒ္ဓဘုရားရှင် ဟောညွှန်ပြ
လပြည့် ဝါခေါင်လ။.....။
Photo Credit##FB PHOTO
MSU-035