တို့ရိုးရာ ခြင်းအလှ
ခင်းအပြ သာတော်။
သတင်းက ကမ္ဘာကျော်တယ်
အထာနော် ခက်သား။
တော်ဝင်တဲ့ ဘိုးဘွားမွေကို
တိုးပွားစေ ထိန်းသိမ်းစို့လား။
အကနဲ့သိုင်းကွက်ကိုကွယ်
ပိုင်းဆက်သို ပေါင်းထား။
နှိုင်းချက်မပို အကြောင်းများက
မဟောင်းသွား သစ်လွင်။
မဟာနွယ် တည့်ဖဝါးနဲ့
လှည့်ကစား မျက်စိရှင်ရှင်။
တစ်ယောက်ချင်း အလယ်ဝင်ကာ
တကယ်ပင် စည်းလုံးကြလို့
နည်းဆုံးပြ မကပ်မခို။
အတတ်မလျှို တန်ဖိုးရှိပညာကိုကွယ်
အစဉ်သာလို တည်တံစေလေး။........။
Photo Credit###Facebook Photo
MSU-035