အချို့လူတွေက
သင်ဘယ်လောက်ရှင်းပြရှင်းပြ နားမလည်ကြပါဘူး။
နားလည်အောင်လည်း မကြိုးစားကြပါဘူး။
သူတို့စိတ်ထဲမှာ သူများပြောတဲ့စကားကို အလေး
အနက်နားထောင်ဖို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ စကားပြောချင်တာပဲ သိကြပါတယ်။
photo from google
အချို့တွေ အယူစွဲပြီး အငြင်းသန်ကြပါသေးတယ်။
အချို့က အမြင်မတူရင် ဆဲမယ်ဆိုတဲ့
သူတွေကလည်းရှိနေပါသေးတယ်။
တစ်ခါတစ်လေ
အကောင်းဆုံးနည်းလမ်းက ဆိတ်ဆိတ်နေခြင်းပါပဲ။
ရှင်းပြလို့ရတဲ့လူမျိုးကိုရှင်းပြတာအကြောင်းမရှိပေမယ့်
ရှင်းပြလည်း မရတဲ့လူမျိုးကို အချိန်တိုင်းသွားရှင်းပြနေ
ရင်တော့ အဲ့ဒါအချိန်ဖြုန်းခြင်းသက်သက်ဆိုတာ အသေအချာပါပဲ။
တစ်ချို့တွေက
သူတို့စကားကိုဂရုစိုက်တစိုက်နားထောင်ပေးပေမယ့် မလိုအပ်တဲ့အပိုစကားတွေပြောပြီး
စိတ်အနှောက်အယှက်ပေးကြပါတယ်။
သူတို့ပြောတာကို တစ်စက်မှ ဂရုမစိုက်ပဲ မျက်နှာ
ပြောင်တိုက် ကျောခိုင်းသွားမှ ရပ်တန့်သွားလေ့ ရှိကြပါတယ်။
photo from google
လောကကြီးမှာ သင့်အကြောင်း၊သို့မဟုတ် သင့်အတွေး
တွေကိုလူတိုင်း လူတိုင်းလိုက်ရှင်းပြမနေပါနဲ့။ လိုအပ်တဲ့
အခါမှာပဲ စကားပြောတာကောင်းပါတယ်။ မလိုအပ်တဲ့လူ
တွေအတွက် အင်အားတွေ မကုန်မိပါစေနဲ့။
"တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ အရူးတစ်ယောက်ကို
တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းပါ"
( Iman Ali )