ဘာမဆို ကိုယ်တိုင်လုပ်မှ အလုပ်ဖြစ်ပါတယ်။
ဒါကို ရှေးကအယူအဆပါပဲလှို့ ထင်ချင်ထင်ကြမယ်။
ဒါပေမယ့် ဒီအယူအဆတွေဟာနေရာအတော်များများမှာ ခုထက်ထိတိုင် မှန်နေဆဲပါပဲ။
photo from google
လူတွေဟာ မိမိကိုယ်ကိုမိမိ အားမကိုးရင် အလုပ်ပြီးစီးလေ့မရှိဘူး။
ဒါ့ကြောင့် ကုမ္ပဏီအများစုဟာ မိသားစုကုမ္ပဏီတွေ ဖြစ်ကြတာကို တွေ့ရပေမယ်။
ဒါတောင် ဆွေမျိုးအားကိုးလို့ မရဘူး ဆိုတာ လူတိုင်း သိကြတာပဲ။
တကယ်တော့ လူတွေဟာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်လို့မရတာတွေရှိတယ်။ စုပေါင်းလုပ်ကြကိုင်ကြလို့ အကျိုးဖြစ်ထွန်းကြပါတယ်။
သို့သော် ဒီလိုစုပေါင်းလုပ်ပြီး စုပေါင်း အကျိုးခံစားရတဲ့ ပုံစံကို သိပေမယ့် လိုက်နာဖို့ အတော်ခက်ခဲကြတယ်။
photo from google
ခေတ်မီတိုးတက်တဲ့ ကမ္ဘာကြီးမှာ တစ်ယောက်ထဲ ရပ်တည်လို့မရပါဘူး။
တကယ်တမ်းတိုးတက်ချင်ရင် စုပေါင်းလုပ်ကိုင် တတ်ဖို့လိုတယ်။
ဝေမျှဖို့ လိုတယ်။
အုပ်ချုပ်တတ်ဖို့ လိုတယ်။
တိုးတက်ကြီးပွားဖို့ မိမိကိုယ်ကို အားကိုးသလို သူတပါး အကူအညီကိုလည်း ရအောင်ယူတတ်ရမယ်။