မိဘများဟာ သားသမီးတွေအတွက် အသက်ပေး မွေးဖွားပေးခဲ့ကြတယ်။
မိဘများဟာ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက် အနစ်နာခံခဲ့ကြတယ်။
photo from google
မိဘများဟာ သားသမီးတွေအတွက် ရရှိနိုင်တဲ့အခွင့်အရေးတွေကို အပြည့်အ၀ပေးအပ် ခဲ့ကြတယ်။
မိဘများဟာ သားသမီးတွေရဲ့ဘ၀ကို အစဉ်အမြဲလုံခြုံအောင် စောင့်ရှောက်ပေးခဲ့တယ်။
သင့်ရဲ့အကောင်းဆုံးတွေကိုအခြားသူတွေကို ပေးပြီး မိဘများကိုတော့ သင့်ရဲ့အဆိုးဆုံးတွေကိုမပေးပါနဲ့။
သူတို့လိုအပ်တာ ဥစ္စာပစ္စည်း တွေမဟုတ်ပါဘူး။ သူတို့လိုအပ်တာက သားသမီးတွေပေးတဲ့ နွေးထွေးတဲ့မေတ္တာပါ။
သားသမီးတွေဆီက နွေးထွေးမှု နဲ့ ဂရုစို်က်မှုတွေကိုပိုလိုအပ်တာပါ။
photo from google
မိဘတွေအပေါ် အကောင်းမွန်ဆုံး အနွေးထွေးဆုံးဆက်ဆံမှုတွေ၊ အချိန်တိုင်း သိတတ်မှုတွေဟာ သူတို့အတွက်တော့ တန်ဖိုး မဖြတ်နိုင်တဲ့အရာတွေပါပဲ။
ဟန်ဆောင်လှည့်ဖျားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးထဲမှာ သင့်ကိုမေတ္တာစစ်စစ်နဲ့ တကယ်ချစ်နေတယ်ဆိုတာ မိဘပဲရှိပါတယ်။
သင်ဟာ မိဘများအတွက်လုံခြုံသောအရိပ်ပေးနိုင်မယ့် ထီးကောင်းတစ်လက်ဖြစ်ပါစေ။