မြင့်မြင့် ကြံရမယ် ဆိုတာကတော့ ကိုယ် စိတ်နှလုံးသုံးပါးစင်ကြယ်စွာထားပြီး ကောင်းမွန်တဲ့ အမြင့်ကို ရောက်အောင်ကြံဖို့ပါပဲ။ ကိုယ်မျှော်မှန်း တဲ့ အဆင့်ဘ ဝရောက်အောင်မြင့်မြင့်ကြံဖို့ပါပဲ။
အဲသည်မှာ စိတ်စူးစိုက်ချက်ဟာ ပြင်းထန်ရမယ်။စိတ်စူးစို်က်ချက်ပြင်းထန်လာတဲ့အခါ စိတ်ဟာ တန်ခိုးရှိလာပြီး မိမိလိုတဲ့ အတိုင်း ပြည်စုံဖြစ်ပေါ်လာတယ်။
ကိုယ်တိုင်မြင့်မြင့်ကြံထားတဲ့ အရာတွေကို တကယ်ယုံကြည်ပြီး တကယ်လုပ်မှတကယ်ဖြစ်တယ်။စိတ်ကြွယ်ဝမှ လူကြွာ်ဝတယ်။စိတ်မွဲရင်လူမွဲတယ်။စိတ်မှာ ကိုက ဖြစ်ပါ့မလား၊ ဖြစ်နိုင်မယ် မထင်ဘူးလို့ အားလျှော့ နေရင် မဖြစ်ဖို့က များနေမှာဖြစ်တယ်။
မြင့်မြင့်ကြံသူတွေဟာ သူလိုငါလိုနေ၊သူလိုငါလိုစား၊သူလိုငါလိုလုပ်၊ သူလိုငါလို စိတ်ထားရှိသူများ မဟုတ်ကြဘူး။
သူလိုငါလိုထက် ပိုမြင့်မြင့်ကြံတဲ့အတွက် ပိုကြိုးစားတယ်။
မြင့်မြင့်ကြံတာက လည်း တစ်ကိုယ်ကောင်း အကြံမျိုး ချည်းပဲတော့မဖြစ်သင့်ဘူး။တစ်ကိုယ်ကောင်ဆန်ပြီးကြံလွန်းပြန်ရင်လည်း မအောင်မြင်တဲ့အပြင် လူရာမဝင်ဖြစ်တတ်တယ်။မြင့်မြင့်ကြံတာက ကိုယ့်ကိုယ်ကို ပထမတည်ဆောက်ရတာ ဖြစ်ပေမယ့် လုံးဝတစ်ကိုယ်ကောင်းဆန် ကြံနေတာမျိုးတော့ မဖြစ်သင့်ဘူး။
ကောင်းမြတတဲ့အကြံအတွက် ဆင်းရဲဒုက္ခ ခံပြီး ကျင့်သင့်ရင်လည်း ကျင့်ယူရမှာပဲ။ ကောင်းမြတ်မှနိကန်တဲ့်လေ့အကျင့်တွေကို အထုံဖြစ်လာအောင် စိတ်က လေ့ကျင့်ပြီးလက်တွေ့ကူးရမယ်။
စိတ်အကြံညံရင် လူညံ့ပဲဖြစ်မယ်။
စိတ်အကြံမြတ်ရင် လူမြတ်ဖြစ်လာမယ်။
အဲတာကြောင့် လောကမှာ ရိုးရိုးကျင့်ရုံသာမကပဲ မြင့်မြင့်ပါ ကြံရမှာ ဖြစ်တယ်။သူတော်ကြောင်းဖြစ်ဖို့ ကိုယ်တိုင်ချမ်းသာဖို့ပည်ာတတ်ဖို့ အများအကျိုး ဆောင်ရွတ်နိုင်ဖို့တွေကို ရိုးရိုးကျင့်ပြီးမြင့်မြင်ကြံယူရမှာဖြစ်တယ်။
ရိုးရိုးကျင့် ၊ မြင့်မြင့်ကြံ လိုသူဟာ စိတ်နှလုံးကို အထူးသတိထားရမှာဖြစ်တယ်။စိတ်က ယုတညံ့နိမ့်ကျနေလို့ကတော့ မကောင်းမှုဘက် အလေးသာပြီး ရိုးရိုးလဘ်း မကျင့်နိုင်၊ မြင့်မြင့်လည်းကြံနိုင်မှာ မဟုတ်ပါဘူး။