image source:(google)
မျက်မှောက်ခေတ် သင်္ချာပညာရှင်တို့သည် အကြောင်းအရာများကို စူးစမ့်လေ့လာပြီးထိုမှတဆင့်ယူဆချက်အသစ်များ၊ ယေဘုယျပြုချက်များ စသည်တို့ကို ထုတ်ဖော်နိုင်ရန်ကြိုးပမ်းကြသည်။သင်္ချာအဆိုတစ်ခုမှန်မမှန်ကိုယုတ္တိကျကျကျိုးကြောင်းဆက်စပ်၍သက်သေပြခြင်းဖြင့်ဆုံးဖြတ်လေ့ရှိသည်။ ဆိုလိုသည်မှာ သင်္ချာအဆိုတစ်ခုအတွက် လက်တွေ့ သက်သေသက္ကာယ တောင်ပုံရာပုံ ရှိနေသော်လည်း၊ပေးထားချက်များမှကျိုးကြောင်းဆက်စပ်၍ယုတ္တိကျကျသက်သေမပြနိုင်သရွေ့၎င်းအဆိုကိုပကတိအမှန်ဟုသင်္ချာဘာသတွင် မယူဆချေ။ သင်္ချာကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းတွင် အခြေခံ သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ်သင်ကြားပေးလေ့ရှိပြီး၊သဘာဝသိပ္ပံပညာရပ်များ၊အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များ၊ ဆေးပညာနှင့် လူမှုသိပ္ပံ ပညာရပ်များ၊ အစရှိသည့် ဘာသာရပ်နယ်ပယ် အမြောက်အမြားတွင် မရှိမဖြစ်လိုအပ်သော လက်နက်ကိရိယာအဖြစ်ကမ္ဘာတဝှမ်းအသုံးပြုကြသည်။
image source:(google)
အသိပညာ၊ စူးစမ်းလေ့လာခြင်း" စသည်ဖြင့် အနက်ဖွင့်နိုင်သည့် ရှေးဂရိဝေါဟာရ máthēma ခေါ်μάθημαမှဆင်းသက်လာသည့် mathematicsဟုအင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ "ရေတွက်ခြင်း" ဟု အနက်ဖွင့်နိုင်မည့် ရှေးပါဠိဝေါဟာရမှ ဆင်းသက်လာသည့် သင်္ချာ ဟုမြန်မာဘာသာဖြင့်လည်းကောင်းခေါ်ဆိုသည့် ဘာသာရပ်တွင် ကိန်းများ (numbers)၊ အရေအတွက်ပမာဏ(quantity)၊ဟင်းလင်းပြင်ရပ်ဝန်း (space)၊ တည်ဆောက်ပုံသဏ္ဌာန် (structure)၊ပြောင်းလဲခြင်း(change)စသည် တို့ကို လေ့လာသည်။အရေအတွက် (ဂဏန်း) များ၊၎င်းတို့နှင့်သက်ဆိုင်သောလုပ်ဆောင်ချက်များ၊ ၎င်းတို့ အချင်းချင်း ဆက်နွယ်နေမှုများ၊ ပေါင်းစပ်ခြင်းများနှင့် ၎င်းတို့၏ အနှစ်သာရများ စသည်တို့သာမက ထိုဂဏန်းများသင်္ချာဆိုင်ရာ ရပ်ဝန်းများတွင် မည်သို့ တည်ရှိနေကြသည်၊ မည်သို့သော ပုံသဏ္ဌာန်ရှိသည်၊ ၎င်းတို့ကို မည်သို့တိုင်းတာမည်၊မည်သို့ပုံစံပြောင်းလဲမည်၊ ယေဘုယျအားဖြင့် မည်သို့ သုံးသပ်မည် စသည်တို့ကို လေ့လာခြင်းဖြစ်သည်။ ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ တိုင်းတာခြင်း၊ တည်ရာပြဗက်တာတို့၏ရွေ့လျားမှုကိုစနစ်တကျ လေ့လာခြင်း၊ ပုံဖော်ရန် ခက်ခဲသော ပုံသဏ္ဌာန်တို့၏ ရွေ့လျားမှုများကိုလေ့လာခြင်း စသည်တို့မှတဆင့်၎င်းတို့နှင့်ဆက်စပ်နေသော အနှစ်သာရများကို ယုတ္တိကျကျ သုံးသပ်ရာမှ သင်္ချာပညာ တိုးတက်ပြောင်းလဲလာသည်။
image source:(google)
သင်္ချာဘာသာသည်ပမဏတို့ကိုရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ ဇယားပြုစုဆောင်းခြင်း စသည်တို့အတွက်အသုံးပြုသည့်တွက်ချက်ကိရိယာ သက်သက်အဖြစ် စတင်ခဲ့သော်လည်း၊ ယခုအခါတွင်သင်္ချာဘာသာမှာများစွာနက်ရှိုင်းလှပလာပြီး စိတ္တဇ နာမ်သဘာဝသက်သက် လေ့လာခြင်းမှသည် လက်တွေ့ ရုပ်လောက၌ အသုံးချခြင်းအထိ ကျယ်ပြောလာသည်။
သင်္ချာဟူသည်အဘယ်နည်းဟူသောမေးခွန်းအတွက် အားလုံးသဘောတူ လက်ခံသည့် ကျစ်လစ်တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသည့်အပြင် လက်တွေ့လုပ်ကိုင်နေသည့် သင်္ချာပညာရှင်အများစုသည်ဤမေးခွန်းကိုဖြေရန်စိတ်ဝင်စားလေ့မရှိပါ။သို့သော်ပုဂ္ဂိုလ်ကျော်အချို့၏ သင်္ချာအပေါ် ရှုမြင်ပြောဆိုချက်များကို ကြားနားခြင်းဖြင့် သင်္ချာ၏ သဘောသဘာဝကို တစေ့တစောင်း သိနိုင်သည်။ စွယ်စုံရပညာရှင် ဂယ်လီလီယို (၁၅၆၄-၁၆၄၂) က "သဘာဝတရားကိုကျမ်းတစ်စောင်ဟုတင်စားလျှင် ၎င်းကျမ်းကို သင်္ချာဘာသာစကားဖြင့် ရေးသားထားသည်"ဟုလည်းကောင်း၊သင်္ချာပညာရှင် ကားလ် ဖရီးဒရစ်ဂေါက်(၁၇၇၇-၁၈၅၅) က "သင်္ချာသည် သိပ္ပံပညာရပ်များ၏ ဘုရင်မ" ဟုလည်းကောင်း၊ သင်္ချာပညာရှင် ဘင်ဂျမင် ပီရာ့(၁၈၀၉-၁၈၈၀)ကသင်္ချာကို"မလွှဲမသွေဖြစ်ရမည့် ဧကန်မုချ အကျိုးရလဒ်များကို ကောက်ချက်ဆွဲသည့် သိပ္ပံဘာသာရပ်" ဟုလည်းကောင်း၊ ဆိုခဲ့သည်။