ဘဝဆက်တိုင်း အနိုင်ပိုင်းလျက် စီးပွားချက်ချာ
မြင်သူသာလျှင် ဖြစ်ရပါစေ မတွေဝေပဲ
အောင်မြင်သောစိတ် ထက်သန်သောဇွဲ
အားခဲသတ္တိ လိုမရှိစေ မြဲမြံသတိ
စိတ်ရှိစေရာ အောင်မြင်စွာသာ
ကြိုးစားနိုင်ကိုယ် ဖြစ်ပါလို၏
အမြဲဆုတောင်းမိတော့သည်တကား...။
ထိုသို့မတောင်းပါကလဲ မိမိဘဝအခြေနေကို
မိမိပင်သိလင့်ကစား စိတ်အားရယ်မထက်သန်
မာန်ကလဲ မရှိပေ ဘယ်မှာလဲ ကြိုးစားသည့်စိတ်
ပျင်းရိသည်ကထိပ်ခေါင်တင် အမှန်ပင်ဖြစ်လေတော့၏
မိမိကိုယ်ကိုအားမရ စိတ်ကလဲမထနိုင်သည့်အလား
ဖြစ်ချင်ရာဖြစ် ဘဝကိုစိတ်ညစ်သလို သွားနေလေသော
မိမိမှာ စိတ်အားလည်းအလွန်ငယ်ညိုးရွယ်သော
အိမ်မက်တို့မှာ အထင်းသားမြင်ကာကြားရ၏
ထိုကဲ့သို့အခြေနေကို စိတ်ဖြေရင်း တင်းထားသော
မအောင်မြင်သော အတွေးတို့နဲ့
ပျင်းရိသော စိတ်ထားတို့က အုပ်စိုနေလေသော
ဘဝတစ်ခုဝယ် ဘာဖြစ်ဖြစ် စိတ်ညစ်နေတာပဲလား
တစ်ခုတော့ ရှိပါသေး၏ အတွေးတို့ဝယ်
မလူးလွန့်သာ အခြေနေမှာ မထင်မှတ်သော
ကျရှုံးခြင်းများနဲ့ ဆုံးရှုံးခြင်းတို့က
အမြစ်မပြတ်ဆက်ဆက်ခါထိလျက် ဘဝဆွေးနေ၏..။
ေအာင္ျမင္လိုသူ၏ ဆုေတာင္း
ဘဝဆက္တိုင္း အနိုင္ပိုင္းလ်က္ စီးပြားခ်က္ခ်ာ
ျမင္သူသာလွ်င္ ျဖစ္ရပါေစ မေတြေဝပဲ
ေအာင္ျမင္ေသာစိတ္ ထက္သန္ေသာဇြဲ
အားခဲသတၱိ လိုမရွိေစ ၿမဲၿမံသတိ
စိတ္ရွိေစရာ ေအာင္ျမင္စြာသာ
ႀကိဳးစားနိုင္ကိုယ္ ျဖစ္ပါလို၏
အၿမဲဆုေတာင္းမိေတာ့သည္တကား...။
ထိုသို႔မေတာင္းပါကလဲ မိမိဘဝအေျခေနကို
မိမိပင္သိလင့္ကစား စိတ္အားရယ္မထက္သန္
မာန္ကလဲ မရွိေပ ဘယ္မွာလဲ ႀကိဳးစားသည့္စိတ္
ပ်င္းရိသည္ကထိပ္ေခါင္တင္ အမွန္ပင္ျဖစ္ေလေတာ့၏
မိမိကိုယ္ကိုအားမရ စိတ္ကလဲမထနိုင္သည့္အလား
ျဖစ္ခ်င္ရာျဖစ္ ဘဝကိုစိတ္ညစ္သလို သြားေနေလေသာ
မိမိမွာ စိတ္အားလည္းအလြန္ငယ္ညိုး႐ြယ္ေသာ
အိမ္မက္တို႔မွာ အထင္းသားျမင္ကာၾကားရ၏
ထိုကဲ့သို႔အေျခေနကို စိတ္ေျဖရင္း တင္းထားေသာ
မေအာင္ျမင္ေသာ အေတြးတို႔နဲ႕
ပ်င္းရိေသာ စိတ္ထားတို႔က အုပ္စိုေနေလေသာ
ဘဝတစ္ခုဝယ္ ဘာျဖစ္ျဖစ္ စိတ္ညစ္ေနတာပဲလား
တစ္ခုေတာ့ ရွိပါေသး၏ အေတြးတို႔ဝယ္
မလူးလြန႔္သာ အေျခေနမွာ မထင္မွတ္ေသာ
က်ရႈံးျခင္းမ်ားနဲ႕ ဆုံးရႈံးျခင္းတို႔က
အျမစ္မျပတ္ဆက္ဆက္ခါထိလ်က္ ဘဝေဆြးေန၏..။
Image By Google.com