အာရုံတွေမှာအကြားအမြင်မရတော့လည်း အဆင်ပြေ
ရာကို အဆင်ပြေသလိုကြိုးစားနေရတဲ့ ဘဝမျိုးကို
သာလွန်မက်မောတောင့်တနေသတဲ့လား
အဲသလိုမဟုတ်ရပါဘူးဗျာ ဘဝဆိုတာ ကိုဖြစ်ချင်သလို
ဖြစ်ချင်မှဖြစ်မှာကိုးဗျ ဟုတ်တော့လည်းဟုတ်သား
ဘဝဆိုတာ ခါးသက်သက်ကော်ဖီတစ်ခွက်လို
အချိုကနည်းသကိုး သောက်သာသောက်ရတယ်
အခါးအရသာကို တယ်အကြိုက်မတွေ့လှဘူး
မနူးမနပ်နဲ့ ဘဝကိုရုန်းကန်ရင်းက ပိုပီးဆိုးရွားတဲ့
အခြေနေကိုမရောက်ဖို့ မနည်းထိန်းသိမ်းနေရတာကို
အလွန်ပဲဟုတ်နေပါပီလေ တသသလိုလဲ
လွမ်းဆွေးနေချင်တဲ့ အခြေကိုမရောက်ချင်ဘူး
ခက်တာကလဲ ကိုယ့်ရဲ့ဘဝကိုက အဲသည်လို
ကျင်လည်ရမဲ့ ကုသိုလ်ကံများ ပါလာသလား
မှတ်ရတယ်လေ ကောင်းကိုမကောင်းတဲ့ကံပဲ
အကြံကြီးသလောက် အောင်မြင်မှုက
ဇီးရွက်လောက်တောင် မဖြစ်မြောက်သေး
အဲသလိုဘဝမျိုးကို ကိုယ်ကျင်လည်ရာဘဝတဲ့လား
အဖြေလဲမကောင်း အနေလဲမပြောင်းတဲ့
လူ့လောက ကိုယ့်ရဲ့ဘဝကလည်း
ခပ်ဆိုးဆိုး ခပ်နုံနုံ သေးသိမ်တဲ့ ရိပ်မြုံထဲက
မိသားစုမရှိတဲ့ တစ်ကောင်ကြွက်တစ်မျက်နှာဘဝ
ဒီလိုဆိုတော့လည်း ကိုယ့်ဘာသာကို
ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ တွေးတောရင်း...။
ခပ်ပျင်းပျင်း အလွမ်းမင်းသားဘဝ ဆိုတာ
အာ႐ုံေတြမွာအၾကားအျမင္မရေတာ့လည္း အဆင္ေျပ
ရာကို အဆင္ေျပသလိုႀကိဳးစားေနရတဲ့ ဘဝမ်ိဳးကို
သာလြန္မက္ေမာေတာင့္တေနသတဲ့လား
အဲသလိုမဟုတ္ရပါဘူးဗ်ာ ဘဝဆိုတာ ကိုျဖစ္ခ်င္သလို
ျဖစ္ခ်င္မွျဖစ္မွာကိုးဗ် ဟုတ္ေတာ့လည္းဟုတ္သား
ဘဝဆိုတာ ခါးသက္သက္ေကာ္ဖီတစ္ခြက္လို
အခ်ိဳကနည္းသကိုး ေသာက္သာေသာက္ရတယ္
အခါးအရသာကို တယ္အႀကိဳက္မေတြ႕လွဘူး
မႏူးမနပ္နဲ႕ ဘဝကို႐ုန္းကန္ရင္းက ပိုပီးဆိုး႐ြားတဲ့
အေျခေနကိုမေရာက္ဖို႔ မနည္းထိန္းသိမ္းေနရတာကို
အလြန္ပဲဟုတ္ေနပါပီေလ တသသလိုလဲ
လြမ္းေဆြးေနခ်င္တဲ့ အေျခကိုမေရာက္ခ်င္ဘူး
ခက္တာကလဲ ကိုယ့္ရဲ႕ဘဝကိုက အဲသည္လို
က်င္လည္ရမဲ့ ကုသိုလ္ကံမ်ား ပါလာသလား
မွတ္ရတယ္ေလ ေကာင္းကိုမေကာင္းတဲ့ကံပဲ
အႀကံႀကီးသေလာက္ ေအာင္ျမင္မႈက
ဇီး႐ြက္ေလာက္ေတာင္ မျဖစ္ေျမာက္ေသး
အဲသလိုဘဝမ်ိဳးကို ကိုယ္က်င္လည္ရာဘဝတဲ့လား
အေျဖလဲမေကာင္း အေနလဲမေျပာင္းတဲ့
လူ႕ေလာက ကိုယ့္ရဲ႕ဘဝကလည္း
ခပ္ဆိုးဆိုး ခပ္ႏုံႏုံ ေသးသိမ္တဲ့ ရိပ္ၿမဳံထဲက
မိသားစုမရွိတဲ့ တစ္ေကာင္ႂကြက္တစ္မ်က္ႏွာဘဝ
ဒီလိုဆိုေတာ့လည္း ကိုယ့္ဘာသာကို
ဘယ္လိုျဖတ္သန္းရမယ္ဆိုတာ ေတြးေတာရင္း...။
Image By google.com