လူတိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်လွမ်းတတ်တဲ့ အချိန်ရှိပါသလား ?
ကျွန်မမှာတော့ ကိုယ့်ကိုယ်ကို ပြန်လွမ်းရတဲ့ အချိန်တွေ ရှိပါတယ်.
ဟိုးတစ်ချိန်က ဆံပင်ရှည်ရှည် နဲ့ ကောင်မလေး တစ်ယောက်ကို ပေါ့.နံနက်မိုးသောက် အလင်းရောက် ...
သူ့စိတ်နိုးထချိန် ပထမဆုံးသတိရဖို့က ...
' ကိုယ် ' ဖြစ်ဖို့ထက် ...
အနန္တော အနန္တ ငါးပါးကို သူ အာရုံပြုဖြစ်တတ်ဖို့က ...
ကိုယ့်တာဝန်ဖြစ်လာတယ် ...
သူ့တစ်နေ့တာမှာ ...
' ကိုယ် ' က သူ့စိတ်နှလုံးကိုစိုးမိုးဖို့ထက် ...
သူ လောဘ ဒေါသ မောဟ မာန အတ္တ နည်း...
ကုသိုလ်စိတ်တွေဖြစ်နေဖို့က ...
ကိုယ့်ဆန္ဒဖြစ်လာတယ် ...
သူ့ညစဉ်အိပ်စက်ချိန်တိုင်း ...
' ကိုယ့် ' ကို သူအိမ်မက်ထဲမက်ဖို့ထက် ...
သူ စိတ်နှလုံးသားငြိမ်းအေးခြင်းနဲ့ သောကကင်းကင်း ...
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့က ...
ကိုယ့်တောင့်တဆုံးအရာဖြစ်လာတယ် ...
သူ့ကောင်းမွန်တဲ့ စိတ်နှလုံးသားမှာ ...
' ကိုယ့် ' အတွက် သူလုပ်ပေးချင်တာတွေထက် ...
ပရဟိတစိတ်ပွားများ အများကောင်းကျိုး ... သူပိုရှေးရှု သူလုပ်ပေးဖို့က ...
ကိုယ်သူ့အတွက် ဖြည့်ဆည်းပေးဆပ်နိုင်သမျှ ဖြည့်ဆည်းပေးဆပ်ဖို့ဖြစ်လာတယ် ...
သူ့အသည်းနှလုံးမှာ ...
' ကိုယ့် ' ကိုတွယ်ငြိ ... သံယောဇဉ်ရစ်သထက်ရစ်ဖို့ထက် ...
' ကိုယ့် ' ပေါ်တွယ်တာမှုတွေသူဖြတ်နိုင် ...
သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာ ...
သူ ကျင့်ကြံကြိုးစားအားထုတ်ဖို့က ...
ကိုယ်သူ့အတွက် ပါရမီဖြည့်ဖို့ဖြစ်လာတယ် ...
ကိုယ် စိန် ရွှေ ငွေ လည်းမလိုပါဘူး ...
ဘာကြီးဖြစ်ရမယ်လည်း မရည်မှန်းပါဘူး ...
ကိုယ့် အတ္တ နဲ့ မာန ပြာချ ...
ကိုယ့်ကိုယ်ကိုဆိုတာထက် ...
သူ့သံသရာအတွက် ကုသိုလ်ကောင်းမှုရိက္ခာတွေ သူကြိုးစားသယ်ယူနိုင်စေဖို့က ...
ကိုယ့်ရည်မှန်းချက် ...
ကိုယ့်ချစ်ခြင်းမေတ္တာဘဲဆိုပါရစေတော့ ...
ဤစိတ်ဆန္ဒအမှန်တိုင်တည် သစ္စာဆိုတယ် ...
သူ့အတွက် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာရည်မှန်းချက်ပြည့် ...
သူလေး အေးချမ်း ...
သံသရာအတွက်ကုသိုလ်ကောင်းမှု ကောင်းကျိုးချမ်းသာရိက္ခာများ ...
သူလေးလေ သယ်ယူနိုင်ပါစေသား ...
ဟိုးတစ်လောက ... လမ်းမှာ မိခင်တစ်ယောက် ... သူ့သမီးခေါင်းကို ကြမ်းကြမ်းတမ်းတမ်းရိုက် ...
ဆံပင်ရှည်ရှည်ကလေးလေးရဲ့ ဆံပင်ကိုဆွဲရိုက် ...
အော်ဟစ်ဆူပူနေတာကိုတွေ့ရတယ် ...
ရင်ထဲမှာ မခံစားနိုင်အောင် ကလေးလေးကိုယ်စားနာကျင်ရတယ် ...
စိတ်ထဲကလည်း ... မိခင်ရင်းမှ ဟုတ်ရဲ့လားတောင်ထင်မိတယ် ...
ဘယ်လိုတွေကြောင့် ကိုယ်မွေးထားတဲ့သားသမီးကို အဲ့လောက်နှိပ်စက်နိုင်ကြသလဲပေါ့ ...
ခုခေတ်ဆိုတာက ...
‘ stress ‘ လို့နာမည်ကြီး ပေါ်ပြူလာဖြစ်တဲ့ ... ဇာတ်လိုက်အောက်မှာ လူတော်များများက နိုင်ငံတိုင်းမှာ အလုပ်လုပ်နေကြရတယ် ...
အလုပ်ရဲ့ စိတ်ဖိစီးမှုဟာ မခံရပ်နိုင်အောင်ကြီးမားတဲ့အခါ ' သတိ ' လွတ်သွားတာနဲ့ စိတ်ဖိစီးမှုက ကိုယ်ပိုင်ဘဝကိုပါ ဝင်ရောက်တိုက်ခိုက်တော့တာဘဲ ...
လူအတော်များ ဒုက္ခတောထဲ ရုန်းကန်ကြရသူတွေမို့ ...
ဘက်ပေါင်းစုံရဲ့ စိတ်ဖိစီးမှုတွေကြားမှာ ...
' စိတ်ဖိစီးမှု ' တွေကို ကောင်းကောင်းမကိုင်တွယ်နိုင်တဲ့အခါ ...
' ထွက်ပေါက် ' တွေရှာတတ်ကြတယ်ပေါ့ ...
တရားဓမ္မ စိတ်နှလုံးသားမယ် ကိန်းဝပ်သူတွေက ...
ဘယ်လောက် စိတ်ဖိစီးမှုများများ ...
ဘာကိုမှ မထိခိုက်စေဘဲ စိတ်ကို ထွက်ပေါက်ရှာစရာမလိုအောင် တည်ငြိမ်အေးချမ်းနိုင်ကြတယ် ...
တစ်ချို့တွေအတွက် စိတ်ထွက်ပေါက်က သေရည်အရက် ...
တစ်ချို့တွေအတွက် စိတ်ထွက်ပေါက်က မူးယစ်ဆေးဝါး ...
တစ်ချို့တွေအတွက် စိတ်ထွက်ပေါက်က ကိုယ့်ကလေးငယ်တွေ (အလုပ်မှာ အဆင်မပြေတိုင်း ... စီးပွားရေး လူမှုရေး ... ပညာရေး ... အချစ်ရေး ... အိမ်ထောင်ရေးတွေ အဆင်မပြေတိုင်း ကိုယ့်ကလေးတွေကိုရန်ရှာဆူပူကြတယ် ) ...
တစ်ချို့တွေအတွက် ကိုယ့်မိသားစုဝင်တွေ ... ချစ်သူ ... သူငယ်ချင်း ... ခင်ပွန်း/ဇနီးမယားတွေကို မရှိတဲ့အပြစ်လိုက်ရှာ ရန်ရှာကြတယ် ...
အမှိုက်တွေကို အမှိုက်ပုံးထဲပစ်သလို ...
ကိုယ့်အတ္တအတွက် ...
ကိုယ့်စိတ်ထွက်ပေါက်အတွက် ...
ကိုယ့် ' စိတ်အမှိုက် ' တွေကို ...
ကိုယ့်အနားကသူတွေကို ကိုယ့်စိတ်အမှိုက်ပုံးဖြစ်အသုံးချ ... စိတ်အမှိုက်တွေလွှင့်ပစ်ကြတယ် ...
အဲ့လိုပစ်လိုက်တော့ ...
ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုသက်သာသွားလား ?
ကိုယ့်စိတ်အမှိုက်ပုံးအဖြစ်အသုံးချခံရသူတွေ ... ခံစားတတ်တဲ့ နှလုံးသားနဲ့ သူတို့မှာ ... ကိုယ့်ကြောင့်မနာကျင်ရတော့ဘူးလား ?
တစ်ချို့တွေရှိတယ်မလား ...
ကိုယ်အဆင်မပြေတိုင်း ဘာမှမဆိုင်တဲ့ အိမ်က ခွေးလေးတွေ ကြောင်လေးတွေကို ကန်ပစ်တတ်တာမျိုး ...
ကိုယ်ကိုယ်တိုင် ခွေး ကြောင်ဖြစ်လို့ ကိုယ်ဘာမှမလုပ်ဘဲ သူများက ကိုယ့်ကိုအကြောင်းမဲ့လာကန်ရင်ကြိုက်မလား ?
ဘယ်သူတွေကရော ... ခွေးလေး ကြောင်လေးတွေနေရာက စဉ်းစားပေးလဲ ?
ဘယ်သူတွေကရော ကိုယ့်စိတ်ထွက်ပေါက်အဖြစ် အသုံးချလိုက်သူတွေရဲ့ နေရာက ကိုယ်ချင်းစာ ' ငါသာ သူ့နေရာမှာ ' လို့စဉ်းစားပေးလဲ ?
အသက်အရွယ်အရ ... သိနားလည်သူတွေထက် ...
နုနယ်တဲ့ စိတ်နှလုံးသားပိုင်ရှင် ကလေးတစ်ချို့ဟာ ...
လူကြီးတစ်ချို့ရဲ့ ' စိတ်ထွက်ပေါက် အမှိုက်ပုံး ' အဖြစ် အသုံးချခံဖြစ်နေကြတာ နာကျင်စရာ အကောင်းဆုံးမလား ...
နှလုံးသားနဲ့ ဖွဲ့စည်းတည်ဆောက်ထားသူတွေဟာ စက်ရုပ်မှမဟုတ်တာ ...
စိတ်ဖိစီးသလား ?
ကိုယ်ကိုးကွယ်ရာ ဘာသာတရားရဲ့ တရားဓမ္မအဆုံးအမတွေအောက် ... စိတ်တည်ငြိမ်အောင်တည်ဆောက်ပါ ...
အားကစားလုပ် ချွေးများများထွက်အောင်လုပ် ... ရေများများသောက်ပါ ...
သီချင်းအော်ဆိုချင်ဆိုပါ ...
ဟာသ ဇာတ်ကားတွေကြည့် ဟက်ဟက်ပက်ပက် လှိုက်လှိုက်လှဲလှဲရယ်ပါ ...
စိတ်တိုလာရင် ဘယ်သူ့ကိုမှစကားမပြော တစ်ယောက်တည်းပေါက်ကွဲပါ ...
စိတ်ဖီးစီးလို့အကြောင်းပြ ...
အရက်သေစာမူးရူးအောင်သောက် ...
မူးယစ်ဆေးသုံးစွဲ ...
လူမှုရေးဖောက်ပြန် ...
အနားရှိသူတွေကို ပြဿနာရှာ အော်ဟစ်ဆဲ ...
တစ်ခုလေးမှ ကျူးလွန်ဖို့မကောင်းဘူးမလား ...
ကိုယ်တင်မဟုတ် ကိုယ်ချစ်ရသူတွေကိုပါထိခိုက် ...
ပစ်စရာအမှိုက်ပုံးအတွက် အမှိုက်ပုံးတွေလိုက်ရှာရင်း ဘဝတွေထိခိုက်ကြတယ်မလား ...
တစ်ခုလေး နှလုံးသွင်းဖို့လိုတာပေါ့ ...
' ကိုယ်ချစ်ခင်ရသူတွေဟာ ကိုယ့်စိတ်ထွက်ပေါက်အတွက် စိတ်အမှိုက်တွေ လွှင့်ပစ်ရာ အမှိုက်ပုံး မဟုတ်ပါ '

ကိုယ့်စိတ်အမှိုက်တွေကို ...
ဘယ်သူ့ဘယ်သူ့မှ မထိခိုက်စေဘဲ ...
ကိုယ့်ဘာသာ ကိုယ့်စိတ်အမှိုက်တွေရှင်းလင်းရင်း ...
ကိုယ့်စိတ်နှလုံးသားရော ...
သူတစ်ပါးစိတ်နှလုံးသားပါစောင့်ရှောက် ...
မှန်ကန်တဲ့ စိတ်အမှိုက်ပုံးများကို ကိုယ့်ဘဝထဲမယ် မှန်ကန်စွာထားရှိ စိတ်နှလုံးသားများအေးချမ်းကြပါစေ ...
