ယနေ့ လွှတ်တော်ရပ်ကွက်မှာ ကျမ်းသစ္စာ ကြိမ်သူတွေ ကြိမ်ကြ၏။
စီမံ ဘဏ္ဍာဝန်မင်းအသစ်အဖြစ် ဘဘကြီးက
သစ္စာဆိုတာ ဖြစ်ပါသည်။
ဝန်မင်းတို့၏ ထုံးစံအရ အခန်းထဲကအထွက်မှာ
စကားတွေ ပြောကြပြန်သလား။
ယခင်ဝန်မင်းကတော့ ရက် ၁၀၀ တွေ။ ဂေါ်ဇီလာတွေနဲ့
၁၂ သန်းအား ဆွဲစိသွားဖူး၏။
အတွေ့အကြုံအရ ဝန်မင်းသစ်ကြီးက စတိုင်တစ်မျိုး ပြောသည်။
သားမောင်တို့ပြည်သူများ စိတ်အေးလက်အေးဖြင့်
စောင့်ကြည့်ပါလို့ မိန့်ကြားလိုက်သည်ပေါ့။
ဟောရင်းသာ ပျံတော်မူလိုက်စေလိုပါသည်။
သဘောမိကြသည် မဟုတ်လား။ယနေ့လွှတ်တော်မှာ တိုက်ပွဲတွေ ပြင်းထန်၏။
တစ်ခေတ်တစ်ခါက ဝန်မင်းဘဘ လျပ်စစ်မီးကိစ္စ
လွှတ်တော်မှာ ထဖြဲသည် မဟုတ်လား။
သူထဖြဲသည့်အထဲမှာ တင်ဒါ မခေါ်ခဲ့တာကို အခြေခံသည်။
တင်ဒါမခေါ်တာ ဂေါ်ဇီလာကြီးမိန်းမနဲ့ ဆက်စပ်နေသည့်အကြောင်းခပ်ပါးပါး ထည့်ဆွဲပြသွားသလား။
အစဉ်အလာအရ မာမားဘက်တော်သားများ အသံထွက်လေ့ရှိ၏။
ယနေ့ကိစ္စ အီးတောင် ကျယ်ကျယ် မပေါက်ကြပါ။
ရိုးသားကြိုးစား ဖိုးသခွားပါတီက ဖျင်ကြီးကြီး အမတ်မမလည်း
ငြိမ်ချက်သားကောင်းနေသည်။
အခုလိုကိစ္စကျ ဂုဏ်ယူမပြနိုင်ဘူးပေါ့။
သားကတော့ မခိုးဘူးဆိုတာကို သက်စေ့ထိုင်အော်နေပါသည်။
သဘောမိကြသည် မဟုတ်လား။