ဖေဖေက ဆိုသည့်စကားလုံးပေါင်း
ရှစ်သိန်းနှစ်သောင်းလောက်ဖြင့်
လက်ခုပ်သံများကို သိမ်းပိုက်နိုင်ခဲ့သည့်
ဖက်ရှင်မယ်တော်ကြီးထံတွင်
ဤစကားစုကို
သင်မြင်တွေ့ ကြားသိရပါက
သင်ကံထူးသူဖြစ်ပါသည်။
"တိုင်းပြည်ကို လိမ်နေကြတဲ့
လူညာတွေ၊အကျင့်ပျက်တွေ၊သတ္တိကြောင်တွေဟာ
ကိုယ့်အစွမ်းကိုအားမကိုးဘဲ
လူတွေကကြည်ညိုတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို
ဗန်းပြပြီး လာစေကာမူ၊ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။
ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ချင်ရင်ဖြင့်
ကျုပ်ဘာမှ မပြောလိုတော့ဘူး"
၁၉၄၅ခုနှစ်သြဂုတ် ၁၉ရက်နေ့ နေသူရိန် ညီလာခံကြီးမိန့်ခွန်း