Abs
ရေးမယ်လို့ စိတ်ကူးထားတာကြာပါပီ ကျွန်တော်ရဲ့ မိတ်ဆွေတို့ကို ဗဟုသုတလေး ရစေချင်လို့ပါ။ကားကတော nissan elgrand အမျိုးအစားပါ အသုံးပြုတာကတော့ ကျေးလက်ဒေသ ဆေးခန်းက မနိုင်တဲ့ လူနာတွေကို မြို့ ဆေးရုံပို့ရန် အတွက် ရွာသူရွာသားများစုပေါင်းအင်အားနဲ့ ဝယ်ယူလှူဒါန်းထားတဲ့ အရေးပေါ်လူနာတင်ကားလေးပါ။
ကိုသက်ရေ ကယ်ပါဦး ကျွန်တော်တို့ကားလေး အခြေအနေ မကောင်းဘူးတဲ့ ဟုတ်ပြောပါ ဘာဖြစ်လို့လဲ။ကားက အရင်လို ဘရိတ်ဖမ်းလို့ မမိတော့ဘူး ဘရိတ်ခြေနင်းတံကလဲ တအားမာတယ် လမ်းကလဲ တောင်ပေါ်လမ်းဆိုတော့ သိတဲ့ အတိုင်းဘဲ ဘုရားတပီး မောင်းနေရတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့ ။သေချာအောင် ဘရိတ်ဆီ ပိုက်လိုင်း ပင်စတင်အုံ abs fulse ဝါယာရိန်း အပိုင်းတွေ စစ်ဆေးကြည့်တာ အားလုံး ပုံမှန်ပါဘဲ ကားကို စက်ခုံပေါ်တင်ပီး ဘီးလေးဘီး လွှတ် ဘရိတ်ဖမ်းကြည့်တယ် မိတော့ မိပါတယ် အနည်းငယ်လောက်ပါဘဲ သေချာအောင် abs အုံကိုလက်တင်ထားပီ ပြန်စမ်းခိုင်းလိုက်ပါတယ် တွေပါပီ အုံက လှုပ်ရှားမူ့မရှိသလို အလုပ်လဲ မလုပ်တော့ပါဘူး။သူ့ကိုပေးပို့ထားတဲ့ voltတွေလဲ အကုန်မှန်နေပါတယ် အထဲကမော်တာ ပျက်တာလား ဂျမ်းဖြစ်တာလဲ မသဲကွဲဘူး ။
အပြင်ကိုဖြုတ်ချပီးမော်တာကို volt ပေးကြည့်တယ် အလုပ်မလုပ်ပါဘူး မော်တာကို ဖြုတ်ကြည့်လိုက်တယ် ကာဗွန်လမ်းကြောင်းအနည်းငယ်နာနေပါတယ်။နာနေတဲ့နေရာကိုပြင်ပီးစမ်းကြည့်တယ် မရပါဘူးအထဲက ဆီလိုင်း ပိတ်နေတဲ့သဘောဖြစ်နေပါတယ်။
MSU.032