ဘဝ တစ်ဆစ်ချိုး ၎
သင်္ဘောထွက်ပီး လမ်းတစ်လျောက်လုံး ဆုတောင်းလာခဲ့ပါတယ် မီးလဲ အမြန်ငြိမ်းပါစေ ပြည်သူတွေလဲ ထိခိုက်ဒါဏ်ရာ မရကြပါစေနဲ့လို့ ။ကျွန်တော့်ဆုတောင်းတွေ သိပ်မပြည့်ခဲ့ပါဘူး မြိတ်မြို့ ရေမိုင်အထဲရောက်ခါနီးမှာ မီခိုးတွေ ထွက်နေတုန်းပါဘဲ။ရေလမ်းခရီးက နှစ်ညအိပ် သုံးရက်ခရီးပါ ဒါတောင် မီးခိုးက မတိပ်သေးပါဘူး။မြိတ်ကမ်းနားကို ကောင်းကောင်း မြင်ရချိန် ရေကျနေတဲ့အတွက် ရေလယ်မှာ ရေတက်တဲ့အထိ စောင့်နေရပါတယ်။ညနေ ၃နာရီ ကျော်မှ ကမ်းကပ်လို့ရပါတယ် မီးလောင်ထာတာ များမများတော့ မသိဘူး တစ်ချို့ အိမ်တိုင်တွေ အောက်ခြေမှာ မီးကြွင်းတွေ တောက်နေတုန်းပါဘဲ။
တာဝန်ကျရာနေရာက ကားလာကြိုတော့ အဲ့ဒီကားနဲ့လိုက်သွားရပါတယ်။မနက်ကြမှ တစ်ခုခု စီစဉ်ပီး မီးလောင်တဲ့နေရာ သွားကြည့်မယ်လို့ ဆုံးဖြတ်ချက်ချပီး အိပ်ယာဝင်လိုက်ပါတယ်။မနက်မိုးလင်းတော့ အစာပြေစားဖို့ မုန့်ဟင်းခါးဆိုင် ဒါမမှဟုတ် အသုပ်ဆိုင်တစ်ခုခုပေါ့ လိုက်ရှာတာ အဲ့ဒီမှာ တိုင်စပတ်တာဘဲ ဈေးထဲ မယောင်မလယ် လိုက်ကြည့်တယ် စားစရာရောင်းတဲ့ ဆိုင်မှာ လာစားကြတဲ့သူတွေကတော့ အများကြီးဘဲ။ဘာစားစရာလဲ လို့ နည်းနည်း စပ်စုကြည့်လိုက်တယ် နန်းပြားကို ကြော်ထားတာ ငြုပ်သီးတွေကလဲ အများကြီး သုံးထားတယ် စားတဲ့သူတွေကလဲ အားရပါးရစားနေကြတာဘဲ။စားကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် အရှေ့နားသွားရပ်ပီး ဘယ်လိုပြောရမလဲ စဉ်းစားနေတုန်း ဆိုင်ရှင် အဒေါ်ကြီးက အိုငယ် ဟယ်ဆာယူလဲ တဲ့ သေပီဆရာ ဘာပြောတာလဲ မသိလိုက်ဘူး။နားမလည်လို့ ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်း ဘေးက အကိုတစ်ယောက်က ကျွန်တော့်ပုံစံ သေချာကြည့်ပီ ပုဂံနဲ့တူတယ် ဘယ်ဟာယူမလဲ လို့မေးနေတာလို့ ပြောပါတယ်။ကျွန်တော် ခေါင်းထဲမှာ အတွေးတွေရှုပ်ကုန်ပါတယ် ဘာမှ မထူးဘူး ကြော်နေတဲ့ ဒယ်အိုးထဲ လက်ညိုး ထိုပြလိုက်ပါတယ်။ဆိုင်ရှင် အဒေါ်ကြီးက စားဝို့လားတဲ့ ထိပြန်ပီ ဘေးကအကိုကဘဲ ဒီမှာစားမှာလားလို့မေးနေတာလို့ ပြောပါတယ် ကျွန်တော် အလျင်အမြန်ဘဲ ခေါင်းငြိမ့်ပြလိုက်ပါတယ် အခြေအနေဒီထက်ဆိုးလာရင် ကျွန်တော် မနက်စာငတ်ကိန်း မြင်လာပါတယ်။ MSU. 032