ဘဝ တစ်ဆစ်ချိုး ၅
အင်း အဆင်တော့ ပြေသွားပီ ဘာတွေဆက်ဖြစ်မလဲ မတွေးရဲဘဲ အနီးနားက ခုံမှာ ဝင်ထိုင်နေလိုက်ပါတယ်။သိပ်မကြာဘူး ပန်ကန်လုံးလေးထဲမှာ ပဲပင်ပေါက် အစိမ်း အနည်းငယ်နဲ့ ငြုပ်သီးမုန့် ကိုရောထားပီ အညိုရောင် ရေအနည်းငယ်ပါတာလေး လာချပေးပါတယ်။ပီတော့ ပန်ကန်ပြား ထဲမှာ ဒယ်အိုးထဲက ပူပူလောလော ကျော်ပီးထည့်လာတဲ့ဟာတွေပါလာပါတယ်။တူလေးနဲ့ ဘယ်လို အရသာရှိလဲ မြည်းကြည့်လိုက်ပါတယ် အားပါးပါး ပူကလဲပူ စပ်တာကတော့ မပြောနဲ့ နေကောင်းခါစ လူလာစားရင် ကြိမ်းသေ ပါးစပ်တွေ့မဲ့ အရသာပါဘဲ။ စားလို့တော်တော်လေး ကောင်းပါတယ် စားလို့ပီးတော့ အမရေ ပိုက်ဆံဘယ်လောက်ကြလဲ ရှင်းမယ်လို့ပြောလိုက်ပါတယ် ၁၀ မိနစ်လောက်ကြာသွားတယ် ဘယ်သူမှ မလာပါဘူး သူ့အလုပ်သူ ဆက်လုပ်နေပါတယ်။စိတ်မရှည်တာနဲ့ ငွေတစ်ထောင်တန်တစ်ရွက်လထောင်ပြပီး အမပိုက်ဆံလို့ ပြောမှ ဘေးကစားနေတဲ့သူတွေက အမရေကြေးပြားရှင်းမယ်တဲ့ သေပီဟ။
လက်ထဲက ကိုင်ထားတဲ့ငွေစက္ကူတစ်ထောင်တန်ကို အသေ အချာပြူးပြဲကြည့်ပါတယ်။ဟုတ်ပါတယ် စက္ကူပါဘဲ ဈေဆိုင်ကအမက ၅၀၀ ကြပါတယ် ရော့ ပိုတဲ့ကြေးပြားတဲ့။ကျွန်တော် အစာစားပီး မူးသွားတာသေချာပါတယ်။အိမ်အပြန်လမ်းမှာ သူတို့ပြောတာလေးတွေ အသေအချာ မှတ်ခဲ့ပါတယ် နေရပ်ရောက်တော့ အရင်ရောက်နေသူတွေကိုမေးကြည့်မှ သဘောပေါက်သွားတယ်။ပိုက်ဆံကို ကြေးပြား အိုငယ်ဆိုတာက မောင်ငယ် တူငယ် ခုဏကစားလာတဲ့ဟာက ကက်ကြေးကိုက်ပါတဲ့ ပဲပင်ပေါက်ထဲမှာ အကြော်ထဲမှာ အချည်အရသာပါနေလို့မေးကြည့်တော့ ဒေသလုပ် ပအုန်းရည်ပါတဲ့ ခင်ဗျာ ။ဘယ်ကရလဲဆိုတော့ ဓနိပင်ကရတဲ့ ဓနိရည်ကို သဘာဝနည်းနဲ့ အချည်ဖေါက်ထားတာပါတဲ့ ခင်ဗျာ။
ကျွန်တော်တို့ ရန်ကုန် အပေါ်ဘက်ကလာတဲ့သူတွေကို ပုဂံလို့ ခေါ်ပါတယ်။ဒါကလဲ အထက်ဘက်ကလာတဲ့သူတွေက မြိတ်ကိုရောက်ရင် မြိတ်မြို့နေ မြိတ်သူမြိတ်သားတွေအပေါ် ကျေဇူးကန်းတဲ့ လုပ်ရပ်တွေ အများအားဖြင့် လုပ်ကြလို့ အဝင်ကန်ရကန် မကန်ရင် အထွက် ကန်လို့ ပုဂံလို့ ခေါ်တာပါတဲ့။ MSU. 032