ဘဝ တစ်ဆစ်ချိုး ၆
အမှန်တိုင်းပြောရရင် မြိတ် မြို့နယ်မှာနေထိုင်ကြတဲ့ မြိတ်သူမြိတ်သားတွေဟာ အင်မတန်ရိုးသားကြပါတယ် ပွင့်လင်တယ် ဖော်ရွေတယ် တစ်ဖက်သူဒုက္ခ ရောက်မဲ့ဟာ ဘယ်တော့မှမကြံဘူး ဘယ်သောအခါမှလဲ မလုပ်ဘူး။
မကျေနပ်တာရှိရင် အိမ်ရှေ့ကနေဒဲ့စိန်ခေါ်ပီးချတယ် သူတို့ခင်မင်တဲ့သူဆိုရင်လဲ အိပ်ထဲရှိသမျှ အကုန်ထုတ်ကြွေးတယ် သူတစ်ပါးကောင်းစားတာလဲ မနာလိုမဖြစ်ဘူး အလှူအတန်းကလဲ ရက်ရောတယ် ဆိုင်တစ်ဆိုင် ဝင်ထိုင်ပီဆိုရင်လဲ သူတို့ငွေနဲ့ ကျွေးမွေးလိုက်ရမှ ကျေနပ်တဲ့သူတွေပါ။အခက်အခဲရှိလို့ အကူအညီတောင်းရင်လဲ သူတို့မှာ အဆင်မပြေတာတောင် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ တစ်နည်းမဟုတ် တစ်နည်းရအောင်ကူညီတက်ကြပါတယ်။ဘုရားကျောင်းကန် အလှူ ဆိုရင်လဲ ဂုဏ်ပြိုင်ပီးတော့လဲ မလှူတက်ကြပါဘူး ဘ်သူက ဘာလှူထားတယ် လိုအပ်နေတာဘာရှိလဲ လိုအပ်တဲ့နေရာကို ဝိုင်းဝန်းပီး အားဖြည့်ပေးကြပါတယ်။ကျွန်တော်တို့ အထက်ဘက်ပိုင်းကလူတွေက ကတုံးပေါ်ထိပ်ကွက် လုပ်တဲ့နေရာမှာ အနည်းနဲ့အများ ကျွမ်းကျင်ကြပါတယ်။
သူတို့ဆီရောက်လာတဲ့ အထက်ဘက်ကလူတွေက ရိုးသားမူ့ကို အခွင့်ကောင်းယူလိုက်ကြတော့ သူတို့အတွက် ကြိမ်ဖန်များစွာ ဖြစ်လာတော့ လူတွေကိုခွဲခြားပီးဆက်ဆံတက်လာကြပါတယ်။ကျွန်တော်လဲ သူတို့တွေရဲ့ ခွဲခြားဆက်ဆံမူ့ မသိတဲ့ အချိန်က အတော်လေးခံ လိုက်ရပါတယ် နောက်ပိုင်း ကျွန်တော့် စိတ်ဓါတ်ကို သဘောပေါက်နားလည်သွာတော့ သူတို့ညီ အစ်ကိုရင်ချာလို ဆက်ဆံလာပါတယ်။ MSU. 032