ကွမ်းသီး
တစ်နှစ် တစ်ရာသီ ပုံမှန်သီးပီး ရာသီဥတုမှန်ပါက ပိုသီးပါတယ်။ဒီလို အချိန်အခါဆိုရင် လူငှါးပီး ကွမ်းသီး ကောက်ခြင်း နေလှန်းခြင်း တို့ကိုပြုလုပ်ရပါတယ်။မိသားစု အင်အားနဲ့ လုပ်မနိုင်တဲ့အခါ တစ်ခြားသူတွေကို ခေါ်ယူအသုံးပြု ခြင်းကိုပြောတာပါ။
အဲဒီလို ခေါ်ယူ အသုံးပြုရာမှာ အဆင်ပြေပေမဲ့ ကွမ်းသီးခြောက် အခွံခွာတဲ့ခါမှာတော့ အဆင်မပြေတာများပါတယ်။ဒီလိုဖြစ်ပီဆိုရင် ကွမ်းသီးအမြောက်အများ ထွက်တဲ့သူတွေ အခက်တွေ့စေတက်ပါတယ်။ကွမ်းသီးဈေးကောင်းတဲ့ အချိန်ဆို ပိုဆိုးပါတယ်။ကျွန်တော် အခုတင်ပေးတဲ့ပုံတွေကတော့ ထိုင်းနိုင်ငံမှ သုံးစွဲနေသော အခွံခွာတဲ့ ခုံလေးပါ။သူတို့ဆီက နည်းပညာပါ ကျွန်တော် ပုံစံလုပ်တာ ၂ ရက်လောက်ကြာပါတယ်။ကြည့်ရတာလွယ်တယ် ထင်ပေမဲ့ လုပ်ကြည့်မှ သိပါတယ်။ခွဲးဓားမှာ ပညာသားပါပါတယ် ကျွန်တော် သူ့လိုမျိုး အဆင်ပြေဖို့အတွက်စမ်းတာ ခွဲးဓား ၆ ချောင်းကုန်ပါတယ်။ခွဲဓားမှာသုံးတဲ့ ဓားရဲ့ အရည်အသွေးကတော့ တော်တော်မာမှ အဆင်ပြေပါတယ်။သံရဲ့ အရည်အသွေး မပြည့်ရင် ကွမ်းသီး အလုံးနှစ်ဆယ်လောက်ဆိုရင် ဓားရဲ့ အသွားကလိမ်သွားတာများပါတယ်။
ဓာတ်ပုံလေးပါတွဲပီး တင်ပေးထားပါတယ်။ပီးတော့ ဓားရဲ့ပုံစံ အချိုးဟာ အရေးပါပါတယ်။
HFS GB9