မိန်းမတစ်ယောက်က ကလေးဆန်တာ
အပြစ်မဖြစ်ပေမယ့်
ယောက်ျားတစ်ယောက် ကလေးဆန်ရင် အပြစ်ဖြစ်သွားပြီ။
မိန်းကလေးတစ်ယောက် ချစ်လို့ သဝန်တိုတာ
အပြစ်မဖြစ်ပေမယ့် ယောက်ျားတန်မယ့် နေရာတကာ
သဝန်တိုရင် အပြစ်ဖြစ်သွားပြီ။
မိန်းကလေးသဘာဝ ပွစိပွစိပြောတာ အပြစ်မဖြစ်ပေမယ့်
ယောက်ျားတစ်ယောက် နေရာတကာ ပေါက်ပေါက်ဖောက်တာ
များသွားရင် အပြစ်ဖြစ်သွားပြီ။
မိန်းကလေးတစ်ယောက် မှီခိုတာ
အပြစ်မဖြစ်ပေမယ့် ယောက်ျားတစ်ယောက် အလုပ်မလုပ်ဘဲ
မှီခိုနေရင်တော့ ဂုဏ်သိက္ခာပါ တစ်စစီဖြစ်သွားပြီ။
မိန်းကလေးတစ်ယောက် ငိုနေတာ
ကြည့်ကောင်းပေမယ့် ယောက်ျားတစ်ယောက် ငိုနေရင်တော့
သနားမည့်သူက မရှိသလောက်ဘဲ။
ဘယ်အရာမှာ မဆို သဘာဝအတိုင်းလေးပဲ ကောင်းပါတယ်
သဘာဝထက်ကျော်လွန်သွားရင်တော့ အပြစ်မြင်ကြမှာပါပဲ။