နားလည်မှုတွေရနေတိုင်း
ကိုယ်မှန်နေတာမဟုတ်ဘူးလေ
တချို့သော နားလည်ပေးမှုတွေမှာ
သံယောဇဉ်တွေ ပွန်းပဲ့ပါကုန်တတ်တယ်။
အလျော့ပေးမှုတွေ ရတိုင်း
ကိုယ်နိုင်နေတာ မဟုတ်ဘူးလေ
တချို့သော အလျော့ပေးမှုတွေမှာ
ဥပေက္ခာပြုခြင်းတွေ ရောယှက်နေတတ်တယ်။
ခွင့်လွှတ်ခြင်းတွေ ရတိုင်း
အဖုအထစ်တွေ ပျောက်သွားတာမဟုတ်ဘူးလေ
တချို့သော ခွင့်လွှတ်ခြင်းတွေမှာ စွန့်လွှတ်လိုက်ခြင်းတွေ
ကပ်ပါလာတတ်တယ်။
သည်းခံမှုတွေ ရနေတိုင်း
ကိုယ့် လုပ်ရပ်တွေ မှန်နေတာမဟုတ်ဘူးလေ
တချို့သော သည်းခံပေးမှုတွေက
သည်းခံရင်း သည်းခံရင်းနဲ့ စိတ်ပျက်မှုတွေ
လက်ဆောင်ရလာတတ်တယ်။
ဘာတွေပဲဖြစ်ဖြစ် ဘယ်အရာဖြစ်ဖြစ်
အတိုင်းအတာကျော်လွန်အောင် အခွင့်အရေး
မယူတာ အကောင်းဆုံးပါ
လိုတာထက်ပိုပြီး အခွင့်အရေးယူမိရင်
ကိုယ့်ကို တန်ဖိုးထားမြတ်နိုးသူကို ဆုံးရှုံးမသွားရတယ်
ထားအုံး သံယောဇဉ်ကြိုးတော့
လျော့ရဲ လာတတ်တာပါပဲ။