သွက်လက်ထက်မြတ်သော အမြင်ရှိသူသည် တိုးတက်နိုင်ပါသည်။ ဘ၀တိုးတက်ရေးအတွက် သွက်လက်ခြင်း
သည် အရေးပါလှပါလေသည်။ သွက်လက်ခြင်း ထက်မြက်ခြင်းသည် သူတစ်ပါးအပေါ် လူလည်ကျခြင်းမဟုတ်
ပါဘူး ရိုးသားတည်ကြည်မှုသည် ကြီးပွားလိုသူတို့ရဲ့ ကြီးမြတ်သော ဂုဏ်တစ်ခုဖြစ်ပါလေသည်။ စီးပွားရေး
အမြင်ကျယ်လျှက် သွက်လက်ထက်မြက်သော ဥာဏ်ဖြင့် အကွက်ဆိုက်အောင် အဆင်ပြေအောင် ဂွင်တည့်
အောင် လုပ်ဆောင်တက်ဖို့ လိုသည်နှင့်အမျှ တစ်ဖက်မှာလည်း အများက ယုံကြည်လေးစားရသော ရိုးသား
ဖြောင့်မက်ခြင်း တည်ကြည်ခြင်းများရှိနေရန်လိုအပ်ပါသေးသည်။
ကိုယ့်တစ်ဘို့သာကြည့်တက်သော တစ်နပ်စား
ဥာဏ်မျိုးကို ရွံရှာမုန်းတီးရမည် ရှောင်ရှားရမည်ဖြစ်ပါသည်။ ကိုယ့်ဆီမှာ ထိုကဲ့သို့သော အကျင့်ဆိုးများ ရောက်
မလာအောင် တားဆီးရမည် ထိန်းသိမ်းရမည်ဖြစ်ပါလေသည်။ ကာကွယ်သင့်ပါလေသည်။ ယခုခေတ်တွင်
အတော်များများတွေ့မြင်နိုင်ပါသည် ငွေကြေးမြောက်များစွာတော့ရပါသည် ထိုသို့ရခြင်းသည် ကိုယ်ကတော့
စားသာသလို အဆင်ပြေအောင်စားခြင်းဖြစ်သည် သူတစ်ပါးကတော့ ဘယ်လိုနေနေ ဆိုတာမျိုးဖြစ်လေသည်။
ဒါဟာ အားကျသင့်သော အခြေအနေမဟုတ်ပါဘူး။
ဒါသည် အောင်မြင်ခြင်းမဟုတ်ပါဘူး စစ်မှန်သော အဆင်
ပြေအောင်မြင်ခြင်းမဟုတ်သည်ကတော့ သေချာပါသည်။ လူတွေလေးစားအားကျရသော အောင်မြင်ခြင်းမဖြစ်
နိုင်သည်ကိုတော့နားလည်သင့်ပါသည်။ ထိုသို့သော ဖြတ်လမ်းဖြင့် ကြီးပွားခြင်းသည် ရေရျည်အဆင်ပြေသော
အခြေအနေမဟုတ်နိုင်ပါဘူး သူ့ရဲ့ဂုဏ်သတင်းလည်း ကောင်းမွန်နိုင်မည်မဟုတ်ပါဘူး အဆင်ပြေသည်မှန်သော်
လည်းေ နာက်နောင်တွင် သူနဲ့အလုပ်အတူ တွဲလုပ်မည့်သူသည် အဖက်ဖက်ကစဉ်းစားတော့မည်ဖြစ်ပါသည်။
သူ့အပေါ်ကိုယုံကြည်မှုလည်းထားနိုင်တော့မည်မဟုတ်ပါလေ