ဒီငှက်နှစ်ကောင်ရဲ့ အချစ်ဇာတ်လမ်းက စိတ်ကူးယဉ်မဟုတ်သလို ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပါဘူး။ တကယ်လက်ရှိဘဝမှာ ဖြစ်ပျက်နေတဲ့ အဖြစ်တစ်ခုပါ။ ဒီငှက်နှစ်ကောင်ရဲ့အကြောင်းကို သတင်းတွေမှာ ဖတ်မိ ကြည့်မိကြမှာပေါ့။
ဥရောပတိုက်မှာ Croatia ဆိုတဲ့ ဒေသတစ်ခုရှိတယ်။ အဲဒီဒေသမှာ Slavonski Brod ဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်။ အဲဒီမြို့လေးက ရာသီဥတုမျှတပြီး တောတောင်ရေမြေစိမ်းစိုတာကြောင့် ငှက်အများရဲ့ ခေတ္တနားခိုရာနေရာဖြစ်ခဲ့တယ်။ အထူးသဖြင့် ငှက်ကျားဖြူတွေဟာ နွေဦးရာသီရောက်တိုင်း အဲဒီမြို့လေးဆီ ပျံသန်းလာကြပြီး ခေတ္တနေထိုင်ကြတယ်။
၁၉၉၃ခုနှစ် နွေဦးရာသီရောက်တော့ ထုံးစံအတိုင်း အဲဒီမြို့လေးဆီ ငှက်တွေရောက်လာကြတယ်။ အဲဒီထဲမှာ ငှက်ကျားဖြူတစ်ကောင်ဟာ ပျံသန်းနေရင်းက မြေပြင်ပေါ် ပြင်းပြင်းထန်ထန်ကျလာခဲ့တယ်။ ဒါကို Stjepan Vokic လို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်က တွေ့သွားတယ်။ တောင်ပံမှာ ကျည်ဆန်ရာနဲ့ ဒဏ်ရာရသွားတဲ့ ငှက်ကျားဖြူကို ဦးလေးကြီးက ဘာမှစဉ်းစားမနေဘဲ အိမ်ယူပြန်သွားခဲ့တယ်။ အိမ်ရောက်တော့ ဆေးတွေကုပေး လုပ်ပေးပေမယ့် အတောင်က ခရီးဝေးပျံသန်းလို့မရနိုင်အောင် ပျက်စီးသွားခဲ့တယ်။
ဆက်ရန်...