အပြော ၊ အဆို ၊အနေ ၊ အထိုင် အဆင့်အတန်းနိမ့်တဲ့
အကျင့်ယုတ်သူနဲ့ ပေါင်းမိပြီး အကျင့်ယုတ်
အမူအရာတွေစွဲသွားတဲ့ လူငယ်အချို့ လည်း
ရှိတတ်ကြတယ်။ရိုင်းရိုင်းစိုင်းစိုင်းပြောတာ၊
ဆဲပြောတာတွေဟာ ကြားရပါ များရင်
နားယဉ်လာတယ်။ ကိုယ်နှုတ်ကလည်း ကြာတော့ပြောရဲ၊
ထွက်ရဲလာတော့တယ်။ တဖြည်းဖြည်း အကျင့်ပါသွားတဲ့သဘောပဲ။
လူမိုက်တွေဟာ လူ့လောကရဲ့ ဆူးညှောင့်ခလုတ်များ
ဖြစ်တယ်။ လူမှုဆက်ဆံရေးမှာ အဆိုးအပြစ်ကို
ဖန်တီးသူတွေပဲ။ ကိုယ့်ဘဝကိုယ်ဘပျက်စီးအောင်
လုပ်ရုံမက ပတ်ဝန်းကျင်ကိုလည်း ထိပါးတယ်။.
ဒုက္ခပေးတယ်။ နီးစပ်ရာ ပတ်ဝန်းကျင် လွပ်လပ်
ငြိမ်းချမ်းမှုကို ဖျက်စီးတတ်ပြန်တယ်။
လူမိုက်ဆိုတာက ခက်တယ်။ လူမိုက်ဆိုတာ
ကိုယ့်ကို တစ်ကြိမ်တစ်ခါ အကျိုးပြုပေမယ့်
နောက်တစ်ကြိမ်မှာ ဒုက္ခပေးချင်ပေးတတ်ပြန်တယ်။
ဗုဒ္ဓမြတ်စွာရဲ့ မင်္ဂလသုတ်မှာ "အသေဝနာစဗာလနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ" ဆိုတဲ့ ကျင့်ဝတ်မင်္ဂလာနဲ့
စတင်ထားတာ ဖြစ်တယ်။
လူမိုက်ကိုရှောင်ပြီး ပညာရှိကိုပေါင်းရမှာဖြစ်တယ်။
အဲသည်လိုသဘောတရားမျိုး မဟာဇနကဇာတ်တော်မှာ
ရှိတယိ။ ပညာရှိတို့နှင့် တိုင်ပင်အပ်ကြောင်း
ဟောကြားတော်မှုခဲ့တယ်။
😍😍SMT-18