လူတိုင်း လိုချင်တက်မက်နေကြတဲ့ အောင်မြင်မှုဆိုတာဟာ ကိုယ်လုပ်ရင် သလောက် ကိုယ်ပြန်ရတဲ့ အရာတစ်ခုဖြစ်တယ်။ စွန့်လွတ်သင့်တာ စွန့်လွတ်လိုက်ရမယ်။ သို့မှသာ မိမိစွန့်လွတ်လိုက်တဲ့ အရာနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုကို ရရှိမှာပါ။ ဒီနေရာမှာ ရပ်နေရင် ဒီနေရာမှာပဲ ရှိနေမှာပါ။ ရှေ့နည်းနည်း တိုးကြည့်ပါ။ ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှု ကိုရရှိလာမှာပါ။ အောင်မြင်မှုဆိုတာ သူကလာတာမဟုတ်သလို ကိုယ့်ကိုစောင့်နေတာလို့လည်း ပြောလို့မရပါဘူး။ ကိုယ်သွားရင်တော့ သွားသလောက် အောင်မြင်မှုဆီကို ရောက်လာမှာပါ။
လူအချို့တွေရဲ့ စိတ်ကူးတွေက လွဲမှားနေကြတယ်။ ဒီလောက်ဆို လုံလောက်ပြီ၊ ငါ့ဘဝ ဖူလုံပြီ ဆိုပြီး ရသလောက်နဲ့ တင်းတိန်၊ ရှိသလောက်နဲ့ ကျေနပ်နေတတ်ကြသည်။ အောင်မြင်ချိန်ဆိုတာ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးချိန်ဆိုတာ ရှိတယ်။ အနာဂတ်ရည်မှန်းချက်ဆိုတာ လူတိုင်းမှာ ထားသင့်တယ်။ အနာဂတ်အတွက်ဆိုတဲ့ ရည်းရွယ်ချက်ထား ကြိုးစားမှုရှိရမယ်။ ရှေ့တိုးမကြည့်ဘဲ ရှေ့တိုးရင် ရင်ဆိုင်ရမဲ့ အခတ်အခဲတွေကိုပဲ တွေးကြည့်နေပြီး အဆိုပါအခတ်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ်မေးဖို့တော့ မစဉ်းစားကြဘူး။ အခတ်အခဲတွေကို ကျော်လွှားပြီး ရှေ့မှာ ရရှိလာမဲ့ အောင်မြင်မှု အရသာကို ခံစားရမှာ မတွေးမိဘူး ထင်တယ်။
ကျွန်တော်ဖတ်ဖူးတဲ့ ဆရာသတိုးနွယ်ရဲ့ လင်ယုန်ငှက်ပုံပြင်လေးကို သာဓကပြပြီး ဖော်ပြပေးကြည့်ပါ့မယ်။
လင်းယုန်ငှက်တွေရဲ့ သက်တမ်းဟာ နှစ်၇၀ထိ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ အသက်ရှည်ဆုံး ငှက်တစ်မျိုးလည်း ဖြစ်တယ်။ နှစ်၇၀ဆိုတာကလည်း လွယ်လွယ်နဲ့ နေလို့ရတာ မဟုတ်ဘူး။ သူတို့အသက်၄၀အရွယ်မှာ သူတို့ရဲ့ လက်သည်းတွေ ပျက်စီးလာတယ်၊ နှုတ်သီးတွေ အရမ်းရှည်လာပြီး ကောက်လာကြတယ်၊ အတောင်တွေကလည်း အမွေးတွေ ထူလာတဲ့အတွက်ကြောင့် လေးလံလာပြီး ပျံသန်းရတာ ခတ်ခဲလာကြတယ်။
လင်ယုန်ငှက်တွေမှာ ရွေးချယ်ဖို့ ဖြစ်လာတယ်။ နေမလား၊သေမလားဆိုတဲ့ ရွေးချယ်မှုပါ။ သေမယ်ဆို သေဖို့အကောင်းတွေ ဖန်လာတယ်။ နေမယ်ဆိုရင်တော့ ခတ်ခဲနာကျင်တဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ စွန့်စားလို့ နာကျင်ပြီး သေတာက မစွန့်စားဘဲ အသေခံရတာထက်တော့ အများကြီး သာပါတယ်။
လင်ယုန်ငှက်တွေက နှစ်၇၀ထိ နေနိုင်ဖို့အတွက် ၄လနီးပါး(ရက်ပေါင်း ၁၅၀)ကြာ အခတ်ခဲတွေကြားမှာ ရှင်သန်ကြရတယ်။ ဒီကာလကြာ နာကျင်မှု အခတ်အခဲကို ကျော်လွားပြီးရင်တော့ နောက်ထပ် နှစ်၃၀ကြာ ဝေဟင်မှာ တောက်ပစွာ ပျံသန်းနိုင်ကြရမှာပါ။ ဘယ်လိုတွေ ဘာတွေလုပ်လည်း မှတ်မိသလောက်လေး ပြောပြပေးပါ့မယ်။
သူတို့ဟာ နားနားနေနေ နေဖို့အတွက် အသိုက်တစ်ခုကို တောင်မြင်ပေါ်မှာ ဆောက်လုပ်ပြီး ထပ်မပျံတော့ဘဲ နေကြတယ်။ သူတို့ကိုယ်တိုင် သူတို့ရဲ့ ရှည်ပြီး ကောက်နေတဲ့ နှုတ်သီးကို ကျောက်ဆောင်နဲ့ ရိုက်ပြီး ဖြုတ်လိုက်ကြရတယ်။ အချိန်အနည်းငယ် စောင့်ကာ နှုတ်သီးအသစ်ထွက်လာရင် ထွပ်လာတဲ့ နှုတ်သီးအသစ်နဲ့ပဲ လက်သည်းတွေကို ဆွဲချွတ်ကြရတယ်။ လက်သည်းတွေ ထွက်လာရင် အမွေးတောင်တွေကို လက်သည်းတွေနဲ့ ဆွဲနှုတ်ရတယ်။ ပြီးရင်တော့ ခန္ဒာအသစ်နဲ့ ဝေဟင်မှာ လင်းယုန်ငှက်တွေ နောက်ထပ် နှစ်၃၀ကြာ ဆက်လက် ပျံသန်းနေရအုံးမှာပါ။
ဒီအကြောင်းရာလေးကို တွေးကြည့်ရင် ကျွန်တော်တို့ ဘဝမှာ ရှေ့ဆက်ဖို့နဲ့ နောက်ဆုတ်ဖို့ဆိုပြီး ဆုံးဖြတ်ချက်တွေ ချရတဲ့ အခါ။ ရှေ့တိုးကြည့်ပါ။ ရှေ့မှာ မမြင်ရတဲ့ အနာဂတ်တွေ အများကြီး ရှိပါတယ်။ နောက်တစ်ခုကတော့ စွန့်လွတ်သင့်တာတွေကို စွန့်လွတ်ခဲ့ပါ။ ဒီထက်သစ်လွင်ကောင်းမွန်တဲ့ အရာတွေကို ရှေ့ကို ရဲရဲတိုးပြီး ရှာဖွေကြည့်ပါ။
မကောင်းတဲ့ အမူအကျင့်တွေ၊ မကောင်းတဲ့ အရာတွေကို ထားခဲ့ပြီး ရှေ့တိုးကြည့်ပါ။ ဒီလောက်၊ ဒီအဆင့်၊ ဒီနေရာ၊ ဒီရာထူးနဲ့ မကျေနပ်နေဘဲ ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုကို ရောက်အောင် ရှေ့တိုးပြီး ကြိုးစားကြည့်ပါ။
ရောက်ဖူးချင်ရင်တော့ ရောက်အောင်သွားရမယ်။ ကြားက အခတ်အခဲတွေကို ကြောက်ပြီး ရှေ့ကို မတိုးရဲရင်တော့ ရှေ့ကို ရောက်လာမှာ မဟုတ်ပါဘူး။
