၂၀၁၀ တုန်းက တစ်ခါ ယခု ၂၀၁၇တစ်ခါ မြို့နယ် ဆုပေးပွဲတက်ရတာ နှစ်ခါရှိပြီ ဆုယူရတာချင်းတူပေမဲ့ ခံစားရတဲ့ ခံစားချက်ချင်းတော့ ထပ်တူမကျတာ အမှန် ၂၀၁၀ တုန်းက ကိုယ်ကိုယ်တိုင် ဂုဏ်ထူးရှင်ဖြစ်လို့ ကိုယ့်အတွက်ပဲ ပျော်ရွှင်ခဲ့ရတာ အခု များတော့ ကိုယ့်ကလေး တွေအတွက် ပီတိတွေ ဝေဆာလို့ စင်ပေါ်မှာ ဆုလက်ခံယူနေတဲ့ ကိုယ့်ကလေးတွေကိုကြည့်ရတာ အားရကျေနပ်လိုက်တာများ အခုလို ပညာအမွေလက်ဆင့်ကမ်းနိုင်အောင်ဖြည့်ဆည်းပေးခဲ့ကြတဲ့ မိဘနှစ်ပါးအပြင် ကျွန်တော့်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ များအားလုံးကို ရှိခိုး သမှု ပြု လိုက်ရပါတယ်