ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ဟယ်ရီကိန်းဦးဆောင်မည်
ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် တိုက်စစ်မှူး ဟယ်ရီကိန်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း အင်္ဂလန်နည်းပြ ဂါရတ်သ်ဆောက်ဂိတ်က မေလ ၂၂ ရက်၌ ကြေညာသည်။ ဟယ်ရီကိန်း (၂၄)နှစ်သည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၄၁ ဂိုးသွင်းယူခဲ့ပြီး စပါးကို ပရီးမီး ယားလိဂ်၌ အဆင့် (၃) ရစေ ရန်နှင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေ ရေး ကူညီပေးခဲ့သည်။ ‘‘ဟယ်ရီကိန်းမှာ ထူးချွန်တဲ့ ပင်ကိုအရည်အချင်းတချို့ရှိပါ တယ်။ ပြီးတော့ သူ့မှာ ယုံကြည် ချက်ရှိပြီး မြင့်မားတဲ့ ခြေစွမ်းအ ဆင့်အတန်းကို ပိုင်ဆိုင်ထားပါ တယ်’’ဟု သတင်းစာရှင်းလင်းပွဲ တွင် ဆောက်ဂိတ်က ပြောသည်။ ဟယ်ရီကိန်းသည် ပြီးခဲ့ သည့် နွေရာသီက စကော့တလန် နှင့် နှစ်ဂိုးစီသရေကျသော ကမ္ဘာ့ ဖလားခြေစစ်ပွဲတွင် အင်္ဂလန်အ သင်းခေါင်းဆောင်အဖြစ် ပထမ ဆုံး တာဝန်ယူပြီးနောက် နောက် ထပ်သုံးပွဲ၌ အသင်းခေါင်းဆောင် လက်ပတ်ဖြင့် ကစားခွင့်ရခဲ့သည်။ ‘‘ကမ္ဘာ့ဖလားအတွက် ကျွန် တော် အတော့်ကို စိတ်လှုပ်ရှားနေ ပါတယ်။ အဲဒီကို ရောက်ဖို့နဲ့ ပြိုင်ပွဲအတွေ့အကြုံကို ထိတွေ့ ခံစားဖို့ မအောင့်အည်းနိုင်အောင် ဖြစ်ရပါတယ်။ အင်္ဂလန်အသင်း ကို ဦးဆောင်ရမှာက အထူးစပယ် ရှယ်ပါပဲ’’ဟု ဟယ်ရီကိန်းက ပြောသည်။ အင်္ဂလန်အတွက် ၂၃ ပွဲ ကစားရာတွင် ၁၂ ဂိုးသွင်းယူထား သည့် ဟယ်ရီကိန်းသည် အင်္ဂလန် ၏ ထာဝရ ဂိုးသွင်းဘုရင် ဝိန်းရွန်းနေ၏ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်မည့် အလားအလာအရှိဆုံး ကစားသမားဖြစ်သည်။ ပီတာရှယ်တန်၏နောက် ၁၁၉ ပွဲဖြင့် အင်္ဂလန်အတွက် ဒုတိယပွဲထွက် အများဆုံးကစား သမားအဖြစ် ရပ်တည်နေသူ ရွန်း နေသည် နိုင်ငံတကာသွင်းဂိုး ၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သည် photo# google image #wowbox