တဟုန်ထိုးအောင်မြင်ပြီး လှသွေးကြွယ်ကြတဲ့ Black Pink
Black Pink ကတော့ပရိသတ်တွေရင်ကို ဆွဲခါလောက်အောင် ကိုင်လှုပ်နိုင်တဲ့ တောင်ကိုရီးယားက နာမည်ကြီး ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ပရိသတ်တွေရှေ့ပွဲဦးထွက်ပြီး မကြာခင်မှာဘဲ သူတို့အဖွဲ့ဟာ အအောင်မြင်ဆုံး ကေပေါ့ပ်အဖွဲ့ဖြစ်ခဲ့ပါတယ်။ နုပျိုချောမောတဲ့ မိန်းမပျိုလေးလေးဦးနဲ့ အဖွဲ့ဝင်ကောင်မလေးတွေရဲ့ တက်ကြွတဲ့ ဟန်ပန်အမူအယာ လေးတွေက ပရိသတ်တွေရင်ထဲထိစေနိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လလောက်က ပွဲဦးထွက်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူတို့တင်လိုက်တဲ့ Music Videos တွေဟာဆိုရင် ကြည့်ရှုသူ ၁.၇ ဘီလီယံလောက်ထိ ရှိတယ်လို့ သိရပါတယ်။
Black Pink အဖွဲ့ဟာဆိုရင်တော့ You Tube မှာဆိုရင် Follower ခြောက်သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဒီအဖွဲ့ကို သဘောကျပါတယ်
ဒီအဖွဲ့ကို သဘောမကျပါဘူး