ကိုယ် ...
ဘယ်လောက်အလုပ်များများ ...
သူ့အတွက်ရယ် အချိန်တစ်ခုရှိပေး ...
မရှိဘူးဆိုတောင် ကိုယ့်အိပ်ချိန်တွေထဲကအချိန်တွေ သူ့အတွက်လို့ထားရှိ ...
ဒါ ... သူ့အတွက် ...
ကိုယ့်ရဲ့ နေ့ရက်တိုင်းလက်ဆောင် ...
ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ပေါ့ ...
သူ တန်ဖိုးထားသည်ဖြစ်စေ
မထားသည်ဖြစ်စေ
ဖေ့ဘွတ် သူငယ်ချင်းအသစ်တွေက စာအုပ်လေး ဘယ်မှာဝယ်လို့ရလဲလို့မေးလို့ပါ ...
စာအုပ်နဲ့ပက်သက်တဲ့ပိုစ့်လေးတွေ မယ် တင်ခဲ့ပါတယ်.
သူငယ်ချင်းအသစ်တွေက ဘယ်ဖတ်မိတော့မလဲနော် အရင်ကပိုစ့်တွေဆိုတော့လေ.
ဘဝဆိုတာ လောကဓံ ၈ ပါးနဲ့ လူတိုင်း ရုန်းကန်ကြရတာပေါ့ ...
သက်ရှိသတ္တဝါမှန်သမျှ ခန္ဓာဝန်ထမ်းကြရတယ် ...
ခန္ဓာဝန်ထမ်းနေကြရသူချင်းအတူတူ ...
တစ်ပါးသူကြောင့် ...
ခြေထိုးခံရလား ?
တိုက်ခိုက်ခံရလား ?
ထိုးနှက်ခံရလား ?
ကုန်းချောခံရလား ?
ထောင်ခြောက်ဆင် လုပ်ကြံခံရလား ?
ဘယ်လိုဖြစ်ဖြစ် ...
ကိုယ့်ဦးတည်ရာ ' အာရုံစိုက်မှု ' မပျံ့လွင့်ဘဲ အေးဆေးတည်ငြိမ် ကိုယ့်လမ်းကိုယ်လျှောက်ရမှာပေါ့.
လိုသူရှိမယ် ...
မလိုသူရှိမယ် ...
လိုလို မလိုလို ဒါ ကိုယ့်အကြောင်းတရားမှ မဟုတ်တာ.
သူတို့စိတ်နဲ့ သူတို့မို့ ...
' စိတ် ' တွေကိုလိုက်ခံစားရင် ကိုယ်မောရုံဘဲရှိမယ်လေ. §
ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ...
မိဘ နဲ့ သားသမီး ...
ဆရာ နဲ့ တပည့်တွေ ...
အလုပ်ရှင် နဲ့ အလုပ်သမား ...
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ...
ချစ်သူတွေ ...
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ...
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ...
ပြန်လည်တည်ဆောက်သည့်တိုင် ...
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး.
ယုံကြည်မှုပျက်သုဉ်းခြင်းနောက်မှာ ...
' သံသယ ' ဆိုတဲ့သိပ်ကြောက်စရာကောင်းတဲ့ virus က
တစ်ခါဝင်ပြီးရင် တောက်လျှောက်ဒုက္ခပေးတတ်တာမျိုး.
ခိုင်မြဲတဲ့ ... တည်မြဲတဲ့ တွဲလက်တွေမှာ ...
အခြေခံ အုတ်မြစ် ' ယုံကြည်မှု ' တွေက မမြင်နိုင်ပေမယ့် ...
စွမ်းအားရှိရှိ ချိတ်ဆက်ပေးထားတာမလား.
' ယုံကြည်မှု ' တွေခိုင်မြဲမို့ ...
ရိုးသားမှု ...
ပွင့်လင်းမှု ...
ဟန်ဆောင်ခြင်းကင်းမှု ...
နောက်ကျောဓါးထိုးကင်းမှု ...
ဣသာ မိစ္ဆရိယစိတ်ကင်းမှု ...
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ...
စိတ်ထားတတ်မှုတွေ လိုတယ်မလား ...
ကိုယ်က သန့်စင်တဲ့ ယုံကြည်မှု လိုချင်ရင် တစ်ပါးသူတွေကိုလည်း သန့်စင်တဲ့ ယုံကြည်မှုပေးရမှာပေါ့.
ကိုယ်ကဘဲလိုချင်တဲ့ ' အတ္တ' ရယူလိုမှုသာရှိ ...
တစ်ပါးသူကို ပေးလိုတဲ့ ' သဒ္ဒါ ' မရှိရင် ...
' ယုံကြည်မှု ' တွေအရောင်စွန်းတတ်တယ်.
ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပေးရင်း ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပြန်လည်ရရှိရင်း ခိုင်မြဲတဲ့ တွဲလက်တွေ တည်ဆောက်ကြရအောင်လေ.
မန်မာ့ ကျောက်ချောခေတ်ကြီးက တကယ့်ကို အံ့သြဖွယ်ရာ ပါပဲဗျာ။
မြောက်ဘက် ကချင်ပြည်နယ်ကနေ တောင်ဘက် ထားဝယ် တနင်္သာရီ တိုင်းအထိ တွေ့ရတယ်။
ကျောက်ချောခေတ်မှာ အိုးဖုတ် တတ်ပြီ။
အုတ်ဖုတ်တတ်ပြီ။
ဒါတင်မက ဆေးတံသောက်ပြီး ဇိမ်ယူတတ်ပြီလို့ပါ ပြောရမလား။
ဆီကိုရေချိုး ဆေးရိုး မီးလှူံ တဲ့။
ကျောက်ချောခေတ်မှာ ဆေးတံသောက်ပြီး ဇိမ်ခံတတ်တာလား။
ဆေးတံက ပျူဆေးတံတွေ။
ပျူခေတ်အထိ ကျောက်ချောတွေ ထွန်းကားဆဲလား။
ဆရာကျောင်းတို့ မုံရွာ မိုးကြိုးပြင် ကျောက်ခေတ်ကြီးကတော့ ကြေးနီစီမံကိန်းထဲ ဝမ်းနည်းဖွယ်ရာ ပျောက်ဆုံးသွားပြီ ထင်။
ပျူတွေ ဘယ်ရောက်သွားပြီလဲလို့ ကျနော် မမေးဝံ့ပါ။