လင်မယား နှစ်ယောက်
တရားရုံးမှာ ကွာရှင်း ကြတယ်
ဒီတော့ လူပျိုကြီးဖြစ်သူ တရားသူကြီးက လက်မှတ် မထိုးခင်မှာ
အရင်မေးလိုက်တယ်
" ကဲ ခင်ဗျားတို့က ကွာရှင်းချင်တယ် ဆိုတော့ -ကွာရှင်းစာချုပ်မှာ လက်မှတ် မထိုးခင် အရင် မေးပါအုံးမယ် -
- ဒီက အမျိုးသားက စ ဖြေပါ -
- ခင်ဗျားက တကယ် ကွာရှင်း ချင်တာလား ?"
ဤအခါ..အမျိုးသား ဖြစ်သူက
" ဒါကတော့ -သူ့သဘောပါ -သူက မပေါင်းချင်ဘူး-ကွာရှင်းချင်တယ် ဆိုရင် -ကျုပ်က ကွာ ပေးဖို့ အသင့်ပဲ -ဒီလိုမှ မဟုတ်လို့ မကွာချင်ဘူး ပေါင်းချင်တယ် ဆိုလည်း ပေါင်းပေးလိုက်ရုံပဲ -သူ့သဘောပဲ "
တရားသူကြီးက
အမျိုးသား၏စကားကို နားထောင်ပြီး ခေါင်းညိတ်သည်
ပြီးတော့ အမျိုးသမီးဘက် လှည့်ကာ
" ကဲ -ခင်ဗျား အမျိးသားကတော့ -ခင်ဗျား သဘောပဲ တဲ့ -အဲ့တော့ ခင်ဗျား သဘောကကော -ဘယ်လိုလဲ ?- ကွာရှင်းမှာလား ?"
ထိုအခါ...အမျိုးသမီးက
" ကျမကလည်း -သူ့အတိုင်းပဲလေ -သူ ကွာချင် ကွာမယ် -သူပေါင်းချင် ပေါင်းမယ် -ဒါပဲ "
ဒီတော့...တရားသူကြီးက
အမျိုးသားဘက် ပြန်လှည့်၍ မေးပြန်သည်
" ကဲ -သူကလည်း ခင်ဗျား သဘောတဲ့ -ဘယ်လိုလဲ ?"
ဤအခါ..အမျိုးသားက စိတ်ရှုပ်စွာဖြင့်
တရားသူကြီးကို
" ခင်ဗျား မှာ -နားတော့ ပါ ပါတယ်နော်"
"ဗျာ "
" မ ဗျာ နဲ့ -ကျုပ်ပြောတာ ရှင်းရှင်းလေး -သူ့ သဘော အတိုင်းလို့ "
" အယ်ဗျာ "
တရားသူကြီးက ခေါင်းကုတ်၍
အမျိုးသမိးကို မေးပြန်သည်
" ကဲ အစ်မကြီး ဘာလုပ်မှာလဲ -ခင်ဗျား ယောက်ျားက ခင်ဗျား
သဘောတဲ့ "
ဤအခါ
အမျိုးသမိးကလည်း စိတ်ရှုပ်စွာဖြင့်
" ဟာ -ရှင် ဗမာလို နားမလည်ဘူးလား "
" အမ် "
" ပြောထားတယ်လေ - သူ့ သဘော အတိုင်းလို့ "
" ဟာဗျာ "
သို့နှင့်
" သူ့ သဘောပါ ဆို -ဗျာ "
.
" သူ့ သဘော အတိုင်းလို့ "
ကြာတော့
တရားသူကြီးက စိတ်တိုလာကာ
ခုံကို "ဘုန်း"ကနဲ ထု လိုက်ပြီး
" ကဲ ခင်ဗျားတို့ ကွာရှင်းမှာလား -မကွာရှင်းဘူးလား '- ဒါပဲပြော "
ထိုအခါမှ
ပြိုင်တူ ထွက်လာသည်
" ကွာ ရှင်းမယ် "
" အေး - ဟုတ်ပြီ - ရော့ -အာ့ဆို -ဒီ ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးကြ "
တရားသူကြီးက
ကွာရှင်းစာချုပ်ကို ရှေ့ချပေးတော့
အမျိုးသမီးက အမျိုးသားဘက် တွန်းကာ
" ရှင် အရင် ထိုးလိုက် "
ယောက်ျားက ပြန်တွန်းကာ
" မင်း အရင် ထိုးစမ်းပါ "
" အိုး ရှင် အရင် ထိုးပါဆို "
" ဒီမှာ -ငါ့ဘဝမှာ မင်းကို အမြဲ ဦးစားပေးခဲ့တာချည်းပဲ -ဒီတော့ မင်း အရင် ထိုးလိုက် "
" အိုး ကျမဘဝမှာလည်း -မောင့်ကို အမြဲ ဦးစားပေးခဲ့တာပဲ - ဒီတော့ မောင်အရင် ထိုး "
" ချစ် အရင် ထိုးလိုက်ပါ "
သိုနှင့်
" မောင် အရင် ထိုး ဆို "
.
" ချစ် အရင် ထိုး -"
ကြာတော့
တရားသူကြီး ပေါက်ကွဲ လာပြန်သည်
ထို့ကြောင့် စားပွဲကို "အုန်း"ကနဲ ထုလိုက်ကာ
အော်လိုက်သည်
" ဟေ့လူတွေ - ခင်ဗျားတို့ -ကွာရှင်းကြအုံးမှာလား ?"
ထိုအခါ
အမျိုးသားက ဆတ်ကနဲ မတ်တတ် ထ ရပ်လိုက်ပြိး
တရားသူကြီးကို စေ့စေ့ကြည့်၍
" ခင်ဗျားက ဘာလဲ! - ကျုပ်တို့ လင်မယားကို ကွာရှင်း စေချင်နေတာလား ?"
အမျိုးသား၏စူးစူးရဲရဲ အကြည့်ကြောင့်
တရားသူကြီးလည်း လန့်သွားကာ
" အယ် ဟုတ်ဘူးလေ ဗျာ -ခင်ဗျားတို့ပဲ ကွာရှင်းဖို့ ဆိုပြီး လာတာလေ "
ထိုအခါ
အမျိုးသမီးလည်း ဆတ်ကနဲ မတ်တတ် ထရပ် လိုက်ပြန်ပြီး
" အိုး ဒါတော့ -လင်မယားချင်း စိတ်အခန့်မသင့်လို့ ဖြစ်တာလေ - "
" ဂျာ"
" တကယ်ဆို -ရှင်က တရားသူကြီးပဲ -ကွဲမယ် ဆိုရင်တောင် -မကွဲပါနဲ့ကွာ ဘာညာ ဆိုပြိး တရားချရမှာလေ -မဟုတ်ဘူးလား ?"
" အယ်လည်လည် "
အမျိုးသမီးစကားကို အမျိုးသားကလည်း
ထောက်ခံသည်
" ဟုတ်ပ ချစ်ရယ် -ဘယ်လိုကောင်လဲ မသိဘူး-သူများ လင်မယားကို ကွဲစေချင်နေတာ "
" ဟာ မဟုတ်ဘူးလေဗျာ "
" ဘာ မဟုတ်ဘူးလည်း -ရှင့်နာမည် ဘယ်သူလဲ ပြောစမ်း "
" ဘာ ဘာလုပ်မလို့လဲ ?"
" ဘာလုပ်ရမှာလဲ - တိုင်မလို့ -လွှတ်တော်ထိ တက်တိုင်မလို့ "
" ဟာဂျာ "
တရားသူကြီးမှာ
တနေကုန် ဈေးဦးမပေါက်ရတဲအထဲ
ဂွကျကျ လင်မယားကြောင့်
ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရရှာသည်
ထိုအခါမှ
အမျိုးသားဖြစ်သူက သနားသွားသည်ထင်
" လာပါ ချစ်ရယ် - ဒီလို အိမ်ထောင်ရေးအကြောင်းနားမလည်တဲ့ ကောင်တွေကို ပြောနေလည်း အပိုပဲ -လာ မောင်တို့ အိမ်ပြန်ကြရအောင် "
" အင်းပါ မောင်ရယ် -
- ဟွန်းနော် -မောင် ဝင်ပြောလို့ သိလား "
" တိန် "
အမျိုးသားနဲ့အမျိုးသမီးမှာ
တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ
မောင်ရယ် ချစ်ရယ်နဲ့ ပြန်ထွက်သွားကြတော့သည်
တရားသူကြီးမှာတော့
" ဒီနေ့ ကံမကောင်းပါလား ဗျာ "😬😬
လူချွန်တော်
တရားသူကြီးကို စိတ်ညစ်အောင်မလုပ်ကြပါနဲ့..😂😂
ရယ်မောခြင်းဖြင့်အသက်ရှည်နိုင်ကြပါစေ..