စာအုပ်မှာ လက်မှတ်ပါဖို့ မယ် ဒီကနေ A4 စာရွက်တွေမှာစာရေး လက်မှတ်ထိုး အဒေါ်ဆီကို ဒီက courier service ကနေပို့ရပါမယ်. အဒေါ်ကနေ အဲ့စာရွက်တွေကို ပုသိမ်ပို့ ... စာရွက်တွေရောက်ရင် စာအုပ်တွေရှေ့မှာ ထည့်ချုပ်ဖို့ပါ
မြန်မာပြည်နေရာအနှံ့အတွက်စာအုပ်တွေ ပုသိမ်စာတိုက်ကနေ ဦးလေးဆိုင်က ကလေးတွေပို့ပါမယ်.
စာတိုက်ကနေ စာအုပ်တွေ ပို့တဲ့အချိန် ဖေ့ဘွတ်ကနေ ပြောပါမယ်. ခန့်မှန်းခြေ ဒီလကုန် သို့မဟုတ် နောက်လ ပထမအပတ်လို့ ခန့်မှန်းပါတယ်ရှင်.
ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံအတွက် စာအုပ်တွေ ပုသိမ်က ဦးလေးက ရန်ကုန်ကအဒေါ်ဆီပို့ ... အဒေါ်က စာအုပ်တွေကို courier service ကနေ မယ့်ဆီပို့ ... မယ်စာအုပ်တွေရရင် SingPost ကနေ ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံတွေကိုပို့ပါမယ်. မယ် SingPost ကနေ စာအုပ်တွေပို့မယ့်ရက်က မေလ ဒုတိယအပတ်လို့ ခန့်မှန်းပါတယ်.
ပုံနှိပ်တိုက်ကထုတ်ဝေ ... စာအုပ်ဆိုင်တွေဆီရောက်တာမဟုတ်ဘဲ ... ကိုယ့်ဘာသာစီစဉ် စာတိုက်ကနေ စာအုပ်တွေပို့ဖို့လုပ်တာ ကြန့်ကြာမှုရှိခဲ့လို့ မယ် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်.
မယ့်မှာ ကွန်မန့်တွေပြန်ဖို့အကြွေး ...
ဖရန့်တွေလက်ခံဖို့အကြွေးတွေရှိပါသေးတယ် ...
ဒီအကြွေးတွေကိုလည်း တဖြည်းဖြည်းဆပ်နေပါတယ် ...
တနင်္လာကနေ သောကြာကို ရုံးသွားတဲ့လမ်း နေ့လည်စာထမင်းစားချိန် ညနေရုံးပြန်လမ်း အိမ်ရောက်ပြီး မအိပ်ခင်အချိန်လေးတွေမှာ မယ့် ကိုယ်ရေးကိုယ်တာလေးတွေလုပ် စာရေး စာပြန်လေးတွေလုပ်ရပါတယ်. စနေ တနင်္ဂနွေက လူမှုရေး တွေဘာတွေရှိတော့ စာရေးခြင်းဘက် အချိန်ပြည့်မရှိခြင်းပါ.
ဘယ်လိုဘဲဖြစ်ဖြစ် ...
ဘ၀ မှာ လိုချင်တာ၊ ပိုင်ဆိုင်ဖူးချင်တာ... စသည်ဖြင့်ရှိခဲ့တယ်။
ငယ်ငယ်က လိုချင်တာ မရတဲ့အခါ အကျယ်ကြီးအော်ငိုတယ်။
အသက်ကလေးရလာတော့... လိုချင်တာ ရအောင်မယူနိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။
ခုတော့... လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ဘ၀မှာ "Let it go" ဆိုတဲ့ အရမ်းကိုကျယ်ပြန့်တဲ့ ကွင်းပြင်တစ်ခု ရှိလာတယ်။ ရှိအောင်လည်းကြိုးစားခဲ့တယ်။ အဲဒီ့ ကွင်းပြင်တည်ဆောက်ဖို့ နှလုံးသားက ခဏ၊ ခဏ သည်းတယ်... နင်ရက်စက်လိုက်တာတဲ့။ မျက်လုံးထဲမှာ မိုးရာသီတွေ မကြာခဏ အလည်လာတယ်။ အံကိုတင်းတင်းကြိတ်ရလို့ သွားတွေက ထထအော်တယ်... နာလိုက်တာတဲ့။ ဒီလိုနဲ့ "let it go" ကွင်းပြင်သက်တမ်းရင့်လာတယ်။ ကွင်းပြင်မှာ...
အကြောင်းကြောင်းကြောင့် ပိုင်ဆိုင်ခွင့်မရတဲ့ အရာတွေ... ပြိုပျက်ပြီးပြန်လည်တည်ဆောက်လို့မရတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ ယုံကြည်မှုတွေ၊ လက်မလွှတ်ချက်ပေမယ့် ဆုပ်ကိုင်ထားလေ နာကျင်လေဆိုတော့... စွန့်လွှတ်ရမယ့်အရာတွေ... မဖြစ်နိုင်တော့တဲ့ ဆုံစည်းခွင့်တွေ... Let it go...ပေးဆပ်ခြင်း နဲ့ ရယူခြင်းတဲ့ ...
ပေးဆပ်ခြင်းက ကြည်နူးရတာလား ...
ရယူခြင်းက ပျော်ရွှင်ရတာလား ...
တစ်ချို့ကလည်း ပေးဆပ်နေရမှုမှာ စိတ်ချမ်းသာတယ် ...
တစ်ချို့ကလည်း ရယူနေရမှုမှာ ပျော်မွေ့တယ် ...
ဘယ်လိုဘဲဖြစ်ဖြစ် ...
ကိုယ့်စိတ်တောင်ကိုယ်အဆင်မပြေ ...
သူတစ်ပါးစိတ် ကိုယ့်စိတ်ဘယ်လိုမှ မဖြစ်နိုင်ဘူးမလား ...
' အပေး ' နဲ့ ' အယူ '
သဟဇာတမဖြစ်တဲ့အခါ ...
နာကျင်သူတွေနာကျင်မယ် ...
ကျောခိုင်းသူတွေခိုင်းကြမယ် ...
နှစ်ဦးနှစ်ဖက်ဆိုတာမှာ ...
' မျှော်လင့်ချက် ' တွေပါသွားရင် ...
နောက်ဆက်တွဲက ...
ပူလောင်ရတာဘဲ ...
ပေးတိုင်းပြန်မရတဲ့အခါတဲ့ ...
အတိတ်ဘဝက အကြွေး ပေါ့ ...
ဒီဘဝကြွေးဆပ် ... သံသရာထိမပါအောင် ...
ရတိုင်းလည်း မယူသင့်တဲ့ ...
ရတိုင်းယူ တစ်ဖက်သူ မချမ်းမြေ့ရရင် ...
ပါပါပြီ ... သံသရာကိုကြွေးသစ်တွေ ...
ဆပ်ပေတော့ မကုန်မချင်း ...
ပေးဆပ်ခြင်းဖြစ်ဖြစ်
ရယူလိုခြင်းဖြစ်ဖြစ်
နောင်တကင်းစွာ
သံသရာကြွေးကင်းဖို့ လိုတယ်လေ ...
ကြွေးတွေထဲ ... ' မေတ္တာအကြွေး ' က အဆိုးဆုံးဆိုရမလား ...
နှလုံးသားတင်မက ဘဝပါပါအောင် ...
အကြွေးတွေဆပ်ကြရတယ် ...
ဖောက်ပြန်ခြင်းခံရရင်တဲ့ ...
ဒါနဲ့ပက်သက်ပြီး ရင်ဖွင့်ကြတဲ့အခါ ... ကျွန်မမှာပြန်ဖြေစရာစကားလုံးတွေရှားခဲ့ပါတယ် ...
နှစ်သိမ့်တယ်ဆိုတာ တစ်ခဏ ခံစားချက်တွေသက်သာစေပေမယ့် အမှန်တရားမဟုတ်ပါဘူး.
တစ်ခါတစ်ခါ အမှန်တရားကလက်ခံဖို့ရာခါးသီးပေမယ့် အမှန်တရားတိုင်းလက်ခံခြင်းဟာ ရေရှည်အတွက်ကောင်းပါတယ်.
ဒါကြောင့် ... ကျွန်မ မနှစ်သိမ့်တတ်ပါဘူး.
အမှန်တရားကိုဘဲ လက်ခံဖို့ရာ ပြန်ဖြေပါတယ်.
တစ်ချို့ကလည်း စိတ်ဆိုးသွားကြတာရှိတယ်.
ခံစားနေရချိန်မို့ ကျွန်မကိုစိတ်ဆိုးလည်း နားလည်ပေးပါတယ်. ကျွန်မကို စိတ်ဆိုးလို့ ခံစားနေရတာ သက်သာမယ်ဆို စိတ်ဆိုးချင်သလောက်ဆိုးပါ.
အဲဒါနဲ့ပက်သက်ပြီးပြန်ဖြေဖို့ရာ စကားလုံးရှားပါးလို့ ...
ကျွန်မ ဖောက်ပြန်ခံရရင်နဲ့ဘဲ ပြန်ဖြေပါရစေ ...
တကယ်လို့များ အကြောင်းကြောင်းကြောင့် ချစ်သူဖောက်ပြန်ရင် ...
# ရည်းစားဘဝမှာဆိုရင် တစ်ခါတည်း အဆက်အသွယ်ဖြတ်လမ်းခွဲပါမယ်.
အဲ့အတွက်နောင်တမရသလို မလွမ်းဆွတ်ပါဘူး.
ဘာဖြစ်လို့လည်းဆို ကိုယ့်ပေါ် သူစိတ်ဝင်မစားတော့လို့ ဖောက်ပြန်တာမို့ ဆက်လက်တွဲနေလည်း သူ စိတ်ဟာ တစ်ခြားတစ်ယောက်မှာရှိနိုင်တယ် သံသယစိတ်နဲ့ ရီလေးရှင်းရှစ်အဆင်မပြေသလို
ပျက်သွားတဲ့ ယုံကြည်မှုဟာ တစ်သက်လုံးပြန်တည်ဆောက်တောင် မလွယ်ပါဘူး.
ယုံကြည်မှု မရှိတဲ့ ရီလေးရှင်းရှစ် ဘယ်လိုမှ မခိုင်မြဲပါဘူး.
* တကယ်လို့ အိမ်ထောင်ပြုပြီးမှ အိမ်ထောင်ဖက်ဖောက်ပြန်ဆို ...
ပထမအကြိမ် : ခွင့်လွှတ်ပါမယ်.
အိမ်ထောင်ရေးဟာ ရည်းစားဘဝဆို ဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့မရပါ.
သူ့မိဘ ကိုယ့်မိဘ သူနဲ့ကိုယ်နှစ်ယောက်တည်းမဟုတ်တဲ့ မိသားစု နှစ်စု ပက်သက်မှုမှာ ... မိသားစု ရ
ဂုဏ်သိက္ခာတွေ စဉ်းစားရပါတယ်.
ဒုတိယအကြိမ် : ခွင့်လွှတ်ပါမယ်. warning လေးတော့ပေးမယ်.
တတိယအကြိမ် : လမ်းခွဲဖို့ စတင်စဉ်းစားပါတော့မယ်.
ဒါ သူနဲ့ကိုယ် နှစ်ယောက်တည်းရှိတဲ့ မိသားစုပါ.
တကယ်လို့ ... သူနဲ့ကိုယ့်မှာ သားသမီးဆိုတာတွေရှိလာရင်တော့ အိမ်ထောင်ဖက် ဖောက်ပြန်လည်း ဘယ်လိုဖြစ်ဖြစ် အိမ်ထောင်ဖက်ကို သေတပန်သက်တစ်ဆုံး သည်းခံပေါင်းသင်းပါမယ်.
ဘာလို့လည်းဆို သားသမီးတွေအတွက်ပါ.
ကိုယ်တိုင်စိတ်မချမ်းသာလို့ နှလုံးကွဲသေချင်သေပါစေ.
သားသမီးတွေ မိတကွဲ ဖတကွဲ မဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုစတေး ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကို တစ်သက်လမ်းမခွဲပါဘူး.
ဒီလောက်ပါဘဲ.
ဒါ ကျွန်မ ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေပါ.
တကယ့်လက်တွေ့မှာ ပြောင်းလဲမှာလားဆို မပြောင်းလဲပါဘူး.
ယခု တစ်ယောက်တည်း ... နောင်တစ်ချိန် ကျွန်မ အိမ်ထောင်များပြုဖြစ်ခဲ့လို့ ... မတော် အဲ့လိုမျိုးကြုံတွေ့ရရင် အဲ့လိုဘဲဆုံးဖြတ်ပါမယ်.
လူတစ်ယောက်နဲ့ တစ်ယောက် ...
ခံယူချက် ...
ခံစားချက် ...
ဆုံးဖြတ်ချက်တွေ မတူလို့
မှန်ကန်သော ...
ဘဝအတွက် ...
အချစ်အတွက် ...
အကောင်းဆုံး ဆုံးဖြတ်ချက်များချနိုင် အေးချမ်းပျော်ရွှင်သောဘဝများတည်ဆောက်နိုင်ပါစေ.
cb ထဲမှာရင်ဖွင့်ချက်တွေ ကျွန်မ တစ်ဦးချင်းစီ စာမပြန်နိုင်တဲ့အခါတွေရှိတာမို့ နားလည်ခွင့်လွှတ်ပေးပါနော်.
ဒီပိုစ့်လေးနဲ့ဘဲ ပြန်ဖြေတယ်နော်.
သူ့သံသရာမှာ ... မေတ္တာအကြွေးကင်းစေချင်တယ် ...
ကိုယ့်သံသရာမှာလည်း မေတ္တာအကြွေးကင်းပါရစေ ...