မယ် သာခဏလေးရန်ကုန်အလည်ပြန် စာအုပ်ကိစ္စလုပ်နိုင်ရင် အဆင်ပြေမှာပါ.
မယ် အလည်မပြန်နိုင်တော့ ... ရန်ကုန်မှာ ဖေဖေ နဲ့ အဒေါ်ဘဲရှိပါတယ်.
ဖေဖေက သူ့အလုပ်တွေနဲ့သူမအားတော့ အဒေါ်ကို အကူအညီတောင်း ... အဒေါ်ကလည်း YTU စာမေးပွဲရှိတော့ သူစာသင်ချိန်တွေ သူ့ကျောင်းနဲ့ မယ့် ကိစ္စအာရုံမစိုက်နိုင် ...
စာတိုက်ကနေ စာအုပ် ၁၅၀ ကိုပို့ဖို့ သူအဆင်ပြေပါ့မလားစိတ်ပူပြီး သူငယ်ချင်းတစ်ယောက်ကပြောတယ် ...
သူ့အမျိုးသားက အွန်လိုင်းမှာရှိတယ်. ဒါပေမယ့် ... သူတို့နှစ်ယောက်စကားမပြောဖြစ်ဘူး.
သူတို့ ချစ်သူ သက်တမ်း ၁၀ နှစ်ကြာပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ လက်ထပ်ခဲ့ကြတာတဲ့.
အဲ့လို မီးစိမ်းကနေ မခေါ်ပြောဘဲ အနေစိမ်းကြရင်း သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတယ် ...
၁၀ နှစ်ကျော်ကြာတဲ့ ချစ်ခြင်းတောင် စိမ်းသွားကြတယ် ...
တစ်ခါတစ်ခါ မီးစိမ်းတွေက အနေစိမ်းဘက်ပြောင်းတဲ့အခါ ...
တစ်ဘဝလုံးစာ ' သူစိမ်း ' တွေဖြစ်သွားကြတယ်ပေါ့နော်.
အလုပ်ဟု ဆိုခြင်းထက် ဘုရားသခင်စေခိုင်းသောအမှုဟု ကျွန်တော်ခံယူထားသော ကျွန်တော့်၏ အစောပိုင်း အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်စဉ် အခြားကုမ္ပဏီ တစ်ခုမှ ပို၍ သိသာများပြားသော လစာဖြင့် ရာထူးတစ်ခု ကမ်းလှမ်းလာသည်။ ထိုပြောင်းရွေ့မှုသည် ကျွန်တော့်မိသားစုအတွက် သေချာပေါက် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ကျွန်တော်က အလုပ်သစ်ကို လိုက်ရှာဖွေနေခြင်း မဟုတ်ဘဲ
လက်ရှိအလုပ်ကို ကျွန်တော် နှစ်သက်ပြီး ၎င်းသည် ခေါ်ယူ စေစားခံရသည့် အလုပ်ဖြစ်သည်မှာ သေချာသည်ထက် သေချာသည်။
သို့သော် ပိုက်ဆံ…။ အသက် ၇၀ ရှိပြီဖြစ်သော အဖေထံဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြသည်။ တစ်ချိန်က
ထက်မြက်ခဲ့သော အဖေ့၏အသိဉာဏ်မှာ နှစ်ကြာရှည်စွာ လေဖြတ်မှုကြောင့် နှေးသွားသော်လည်း အဖေ့၏ အဖြေက ပြတ်သည်။ “ပိုက်ဆံအကြောင်းပဲ ခေါင်းထဲထည့်မထားနဲ့လေ၊ မင်းဘာလုပ်မှာလဲ။”
ချက်ခြင်းပင် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ မိမိနှစ်သက်သောအလုပ်ကို စွန့်ခွာရခြင်း၏အကြောင်းရင်းက ပိုက်ဆံကြောင့် ဖြစ်နေသည်။ ကျေးဇူးတင်ပါတယ် အဖေ။
တောင်ပေါ်ဒေသနာ၌ ငွေနှင့် ငွေကို တပ်မက်ခြင်းအကြောင်းကို သခင်ယေရှု အလေးအနက်ပြောထားသည်။ ကြွယ်ဝချမ်းသာရန်အတွက် မဟုတ်ဘဲ “အသက် မွေးလောက်သောအစာ” (မသိမ်က ဦးလေးက စာစီစာရိုက်လုပ်ငန်းရှိပြီး သူ့ဆိုင်က ကလေးတွေက စာအုပ်တွေစာတိုက်ကပို့ပေးဖို့ အကူအညီလှမ်းတောင်းတော့ အဆင်ပြေသွားပါတယ်. ဦးလေးကလည်း သူ့သား ၁၀ တန်းစာမေးပွဲဖြေတာနဲ့ ၁၀ တန်းစာမေးပွဲပြီး အဒေါ် YTU က ကျောင်းသားတွေ စာမေးပွဲပြီးမှ မယ့် စာအုပ်ကိစ္စစကားပြောရလို့ပါ.
စာအုပ်မှာ လက်မှတ်ပါဖို့ မယ် ဒီကနေ A4 စာရွက်တွေမှာစာရေး လက်မှတ်ထိုး အဒေါ်ဆီကို ဒီက courier service ကနေပို့ရပါမယ်. အဒေါ်ကနေ အဲ့စာရွက်တွေကို ပုသိမ်ပို့ ... စာရွက်တွေရောက်ရင် စာအုပ်တွေရှေ့မှာ ထည့်ချုပ်ဖို့ပါ
မြန်မာပြည်နေရာအနှံ့အတွက်စာအုပ်တွေ ပုသိမ်စာတိုက်ကနေ ဦးလေးဆိုင်က ကလေးတွေပို့ပါမယ်.
စာတိုက်ကနေ စာအုပ်တွေ ပို့တဲ့အချိန် ဖေ့ဘွတ်ကနေ ပြောပါမယ်. ခန့်မှန်းခြေ ဒီလကုန် သို့မဟုတ် နောက်လ ပထမအပတ်လို့ ခန့်မှန်းပါတယ်ရှင်.
ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံအတွက် စာအုပ်တွေ ပုသိမ်က ဦးလေးက ရန်ကုန်ကအဒေါ်ဆီပို့ ... အဒေါ်က စာအုပ်တွေကို courier service ကနေ မယ့်ဆီပို့ ... မယ်စာအုပ်တွေရရင် SingPost ကနေ ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံတွေကိုပို့ပါမယ်. မယ် SingPost ကနေ စာအုပ်တွေပို့မယ့်ရက်က မေလ ဒုတိယအပတ်လို့ ခန့်မှန်းပါတယ်.
ပုံနှိပ်တိုက်ကထုတ်ဝေ ... စာအုပ်ဆိုင်တွေဆီရောက်တာမဟုတ်ဘဲ ... ကိုယ့်ဘာသာစီစဉ် စာတိုက်ကနေ စာအုပ်တွေပို့ဖို့လုပ်တာ ကြန့်ကြာမှုရှိခဲ့လို့ မယ် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်.
မယ့်မှာ ကွန်မန့်တွေပြန်ဖို့အကြွေး ...
ဖရန့်တွေလက်ခံဖို့အကြွေးတွေရှိပါသေးတယ် ...
ဒီအကြွေးတွေကိုလည်း တဖြည်းဖြည်းဆပ်နေပါတယ် ...
တနင်္လာကနေ သောကြာကို ရုံးသွားတဲ့လမ်း နေ့လည်စာထမင်းစားချိန် ညနေရုံးပြန်လမ်း အိမ်ရောက်ပြီး မအိပ်ခင်အချိန်လေးတွေမှာ မယ့် ကိုယ်ရေးကိုယ်တာလေးတွေလုပ် စာရေး စာပြန်လေးတွေလုပ်ရပါတယ်. စနေ တနင်္ဂနွေက လူမှုရေး တွေဘာတွေရှိတော့ စာရေးခြင်းဘက် အချိန်ပြည့်မရှိခြင်းပါ.
ဘယ်လိုဘဲဖြစ်ဖြစ် ...
မယ့် လိုအပ်ချက်တွေရှိရင် ဒါတွေဟာ မယ့် အားနည်းချက်မို့ မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်ရှင်.
အားလုံးကိုကျေးဇူးတင်ပါတယ်. ကိုယ်က ချစ်ရခြင်းဟာ နာကျင်ရခြင်းဆို ဝဋ်ကြွေး တဲ့ ...
သူရဲ့ချစ်ခြင်းမှာ ကိုယ်ဘက်ကပြန်မပေးနိုင် ...
သူခံစားနေရတာမြင်စိတ်မကောင်းဖြစ်ရခြင်းဟာ ... ကိုယ့်အတွက် ... ကျိန်စာလို့ဆိုရမလား ?
ချစ်ခြင်းမေတ္တာကို ဝဋ်ကြွေး ... ကျိန်စာ ... ခေါင်းစဉ်တွေအောက် ထည့်ရက်စရာမှမဟုတ်တာလေ
တကယ်လို့များ ... ခွင့်ရှိမယ်ဆို ...
ဆုတောင်းပါရစေ ...
လူပြန်ဖြစ်ခွင့်ရမယ့် ဘဝဆက်တိုင်း ...
မချစ်တတ် မမုန်းတတ်သူ ...
ကိုယ်က တစ်ပါးသူအား မစွဲလန်း ...
တစ်ပါးသူမှလည်း ကိုယ့်အားစွဲလန်းခြင်းကင်းတဲ့သူဖြစ်သာ မွေးဖွားရပါစေသား ...