. ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
မေအမြဲပြောပါတယ်။ RS တစ်ခုမှာ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ပါပဲ။ ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး။ ဘာခွင့်ပြုတယ်၊ မပြုဘူး။ ဒါတွေဟာ အစောကြီးထဲက တစ်ယောက်နဲ့ တစ်ယောက် အသိပေးထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ လုပ်တာမျိုး၊ တိုင်ပင်ပြောဆိုပြီးမှ လုပ်တာမျိုး။
ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောစရာမရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းက RS တစ်ခုကို ပိုပြီး လွယ်ကူစေတယ်။ ဒါမှ သူဘာလိုချင်တယ်၊ မလိုချင်ဘူး ဆိုတာကို သိထားမှာဖြစ်ပါတယ်။ ဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်မပြေဘူးလား?
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ကိုယ့်ဘာသာကိုယ် ပျော်အောင် နေတတ်ပါ။
ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘ၀အတွက် ဖေးမကူညီပြီး supporting လုပ်ပေးရပါတယ်။ သူ့ အတွက်ကြီးပဲ တစ်ဖက်သပ်လုံးဝလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့ လိုတယ်။ ကိုယ့် အိပ်မက်တွေ၊ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လက်မလွှတ်လိုက်ပါနဲ့ ။ သူ့ အတွက်ကို အချိန်ပေးသလို ကိုယ့်ပျော်ရွှင်မှုတွေအတွက်လည်း ကိုယ်အချိန်ပေးသင့်တယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ကိုယ်က သူ့ အတွက် တန်ဖိုးရှိနေပါစေ။
လူတွေက ကိုယ်အထင်ကြီးလေးစားမြတ်နိုးရတဲ့ သူကို မစွန့် လွှတ်ရဲကြဘူး။ ဒါကြောင့် ကိုယ်က အဲ့လိုလူဖြစ်နေဖို့ လိုတယ်။ ကိုယ့်ချစ်သူက ကိုယ့်အကြောင်းကို သူ့ လူတွေကြားမှ ဂုဏ်ယူစွာပြောနေပြီဆိုရင်တော့ You are doing it right! ဒါကြောင့် ကိုယ်က အလကားလူမဖြစ်စေနဲ့။ ကိုယ်သွားနေတဲ့ လမ်းမှာအောင်မြင်အောင်လုပ်ကိုင် ကြိုးစားပါ။ တန်ဖိုးရှိတဲ့ သူကိုမှ တန်ဖိုးထားကြတာမလား?
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃ဆုံးဖြတ်ချက်ရဲ့ ' နောက်ဆက်တွဲ ' ဖြစ်လာတာမှန်သမျှ
ကိုယ်ခံစားရတယ် ... ဒါအပြင် ကိုယ်နဲ့ပက်သက်ဆက်နွယ်နေသူပါ အဲဒီ့ ' နောက်ဆက်တွဲ ' တွေက ဂယက်ရိုက်တတ်တော့ ... ' နောင်တ ' မဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေလိုတာပေါ့.
ထားခဲ့သူကလည်း လိပ်ပြာသန့်သန်းနဲ့ထားခဲ့ဖို့ ...
ကျန်ခဲ့သူကလည်း ကျန်ရစ်သူအဖြစ် ကြေကွဲမနေဖို့ပေါ့.
emotion ကြောင့်ချလိုက်တဲ့ ဆုံးဖြတ်တွေတိုင်းက မှန်ကန်သလား ?
ဦးနှောက်ကိုမူတည်ပြီးချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းကရော အကောင်းဆုံးလား ?
စိတ်ခံစားချက်ပေါ်မူတည်ပြီး ဆုံးဖြတ်ဆုံးဖြတ် ...
ဦးနှောက်နဲ့ဘဲ ဆုံးဖြတ်ဆုံးဖြတ် ...
ကိုယ့်ဆုံးဖြတ်ချက်ရဲ့ ' နောက်ဆက်တွဲ ' တွေကို ...
ကိုယ်ခံစားရမယ် ...
ကိုယ်တာဝန်ယူရမယ် ...
ကိုယ်နဲ့ပက်သက်ဆက်နွယ်နေသူတွေလည်း ခံစားမှုအဖျားခတ်ချင်ခတ်နိုင်တယ် ...
ဒီတော့ ...
စိတ်ပင်ပမ်းနေရင် အနားယူပါ ...
အိပ်ရေးဝအောင်အိပ်ပါ ...
အစားကောင်းမွန်စွာစားပါ ...
ရေချိုး ခေါင်းလျှော် လန်းဆန်းအောင်နေပါ ...
တရားနာချင်ရင်နာ ... စာအုပ်ဖတ်ချင်ဖတ် ... သီချင်းနားထောင်ချင်နားထောင် ...
ဘုရားရှိခိုး မေတ္တာပို့ ...
ရေတစ်ဝသောက် ...
ဆိတ်ငြိမ်တဲ့နေရာမှာ အေးအေးဆေးဆေးထိုင် ...
ကိုယ့်အတ္တ မာန ဆန္ဒတွေ ခဏဖယ် ...
ခေါင်းအေးအေးနဲ့ ...
သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်မျှတွေး ...
သူ့နေရာမှာ ခဏနေကြည့် ...
ကိုယ်ချင်းစာတရားမွေး ...
ဆုံးဖြတ်ချက်ရဲ့ ' နောက်ဆက်တွဲ ' ဖြစ်နိုင်ခြေရှိတာတွေစဉ်းစား ...
ပြီးရင် ဆုံးဖြတ်ချက်ချလိုက်ပါ.
ဆုံးဖြတ်ပြီးရင်တော့ ...
ကိုယ်ရွေးချယ်တဲ့လမ်းမှာ သေချာလျှောက်ပါတော့ ...
ဒါကတော့ မေ အဓိက ၇ ချက်ပဲပြောသွားတာဖြစ်ပါတယ်။
ပြောရရင်တော့ စိတ်ခိုင်ခိုင်ထား။ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်ကြီးထက် သူက ငါ့ဘ၀ကို တစ်ထောင့်တစ်နေရာကနေ ပျော်ရွှင်မှုပေးတဲ့ သူတစ်ယောက်၊ သူမရှိတော့ရင်လည်း ငါ့ဘ၀က ဆက်လျှောက်နေရဦးမှာပဲ ဆက်ကြိုးစားရဦးမှာပဲဆိုတဲ့ စိတ်မျိုးထား။ ဒါဆို ဘယ်တော့မှ ကိုယ့်ရဲ့ ဖြစ်တည်မှုက မပျောက်ဆုံးတော့ဘူး။
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းပါ။ အမှားကို တတ်နိုင်သလောက် မလုပ်မိအောင်နေပါ။ ကိုယ့်ဘက်က အမှားနည်းလေလေ ကိုယ့်တန်ဖိုးက မြင့်လေလေပဲ။
မေ့ချစ်တို့ ကိုလေ… မေ အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း အရမ်းတန်ဖိုးထားစေချင်တယ်။ မြင့်မြတ်ပြီး တန်ဖိုးရှိလွန်းလို့ တန်ဖိုးထားတာကိုပြောတာမဟုတ်ဘူးနော်။ ကိုယ့်အပေါ်ကိုယ်လေးစားစေချင်တာဖြစ်ပါတယ်…
ကိုယ့်ရဲ့ အရေးပါမှုက ထင်ရှားနေမှသာလျှင် ဒီ relationship ကလည်း ပျော်ရွှင်ကျန်းမာတဲ့ relationship တစ်ခုဖြစ်မှာမဟုတ်လား….