ကလေး လေး တစ်ယောက်လို
အခုရက်ပိုင်း အလုပ်တွေ မအားလပ်ဘူး ဖြစ်နေတယ်ဗျာ။ကျွန်တော့်မှာ ဘာတွေလုပ်လို့လုပ်ရမှန်းကိုမသိဘူး အိမ်က လူကြီးတွေက သူတို့ဖြစ်ချင်တာပဲ သူတို့ လိမ့်ခိုင်း ကိုယ်ကလည်း သူများဖြစ်ချင်တာ လိုက်လုပ်ပေးရတာနဲ့ပဲ အရူပ်တွေလုပ်နေမိတယ်။
ဒီနေ့လည်း ကချင်ကုန်း ခေါ် သဲချောင်းရွာသစ်ကေိးရွာကို ကျောင်းသား စုံညီ ဓာတ်ပုံ ရိုက်ဖို့ ချိန်းထားလို့သွားရမလား မှတ်ပါတယ်ဗျာ။
အိမ်က လူကြီးတွေက ဝါးသယ်ပို့ ခိုင်းနေလို့ သယ်ပို့နေရတာနဲ့ အချိန်တွေ အရမ်း နောက်ကျရတယ်။
သယ်ပို့ရတာလည်း တစ်ခြားတော့ မဟုတ်ပါဘူး
ကျွန်တော်ဆောက်မဲ့ ဆိုင်လေးအတွက် ဘေး ထရံ ယက်ရအောင် ပို့ရတာပါ။
ကျွန်တော့်မှာ လုပ်စရာတွေ ဘေးချပြီး နောက်လုပ်စရာတွေ ရှေ့ဆက်လုပ်နေရတယ်။
ကျွန်တော်မအားသေးဘူး သွားရလာရ အုံးမယ် ဆိုတော့ မင်းတို့ စီစဉ်တာတွေ ညံဖျင်းတယ်တဲ့ဗျာ။
ကျွန်တော့်တို့မှာ လူကြီးတွေ ခိုင်းတာပဲ အလုပ်လုပ် နေကြရတာပါ။
လုပ်နေတဲ့ကြားထဲက အဆင်မပြေတာတွေ ဖြစ်လာရင် ကိုယ်ပဲ အဆူခံ နေရတယ်။
ကိုယ်တွေ မှာ မိန်းမနဲ့ ကလေးနဲ့ ဖြစ်နေပေမဲ့ ကိုယ့်မိဘ အရိပ်မှာ နေရတော့ အိမ်မှာ ကလေးတစ်ယောက်လိုဖြစ်နေတုံး။
ခုထိ အပြော အဆို အဆူ ခံနေရတုန်းရယ်
ကိုယ့်မိတ်ဆွေတွေရော ခုထိ အဆူခံနေရတုန်းပဲလား ။