ကျွန်တော်နှင့် တစ်ထောင်တန် -2
ကျွန်တော့် မှာ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံ ထွက်တယ် ဆိုတာ ကိုင်ချင် ရချင်တာပေါ့ဗျာ။
မထွက်ခင် ဟိုအရင်ကတည်းက လိုင်းပေါ်မှ ဆိုနေပြောနေကြတာမြင်နေ ကြားနေရပြီးကတည်းက လိုချင်နေတာလေ။
လာမဲ့ လွတ်လပ်ရေးနေ့ရောက်ရင် ငွေ ထွက်တော့မှာ ဆိုတော့ ပိုပျော်ရတာပေါ့ဗျာ။
ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံ တွေ ထွက်ပြီလို့ လွတ်လပ်ရေးနေ့မှာ ကြားရတယ်။စုံစမ်းကြည့်လိုက်တော့
ဗိုလ်ချုပ် ပုံပါ တစ်ထောင်တန် ငွေစက္ကူ လိုချင်ရင်
တစ်ယောက်မှ တစ်ရွက်ပဲ လဲပေးမယ်ဆိုတဲ့ အကြောင်းကိုကြားရပါတော့တယ်။
တစ်ယောက်မှ တစ်ရွက်ပဲဆိုတော့ ကိုင်ရတာဘယ်အားရတော့မလဲဗျာ။
ကိုယ်တစ်ကယ်တန်း လိုချင်တာက တစ်ရွက်အပြင် များများလေးကိုင်ပြီး သုံးချင် ကြွားချင် သိမ်းထားချင်တာလေ။
ခုတော့ တစ်ယောက်မှ တစ်ရွက်ဆိုတော့ အလှကြည့် သိမ်းထားရုံပဲ ရှိတော့တာပေါ့ဗျာ။
နောက်တစ်ချက်ကလည်း ဒီ ငွေရဖို့ကို နေရပ် လိပ်စာ နဲ့ ဖုန်းနံပတ်ပါ ပေးရမယ်လို့ သိရပြန်ရောဗျာ။
တော်ပါပြီ အလုပ်ရူပ်ပါတယ် ဘဏ်ကိုလဲ သွားမလဲတော့ပါဘူးလေ ဆိုပြီး နေလိုက်တော့တယ်လေ။
ဟုတ်တယ် လိုချင်လို့ ဘဏ်သွားရင်လည်း လွယ်လွယ်ရမှာလဲ
မဟုတ် လူတိုးနေရတာ စာရင်းလုပ်နေရမှာနဲ့ နောက်အားမှပဲ အလှကြည့်ဖို့ သွားလဲထားရအုံးမယ်ဗျာ။