💞 ပေးလိုက်တဲ့ မေတ္တာတိုင်းဆေးဖြစ်ပါစေလို့ 💞
ဆန္ဒနဲ့ ဘဝက
ဘယ်သောအခါမှ မတိုက်ဆိုင်ခဲ့ဘူး
အသေအချာ တည်ဆောက်ခဲ့တဲ့
စိတ်ကူးထားသမျှ အရာအားလုံးလည်း
ပျက်စီးခဲ့ရတာတွေချည်းပဲ
ကြာလာတော့ ကိုယ့်ကိုကိုယ်ပြန်ကြောက်နေမိတဲ့အထိ
ဘဝကြီးက မလုံခြုံတော့သလို
ခံစားနေခဲ့ရတယ်
မာယာများတဲ့လူတွေကြားထဲ
ရှင်သန်နေရတာ
အတော်လေး ပင်ပန်းခဲ့ပါတယ်
ကျမက ဟန်မဆောင်တတ်သူ
မာယာကင်းသူလေ
အရာရာကို လေးလေးနက်နက်တွေးပြီး
အကောင်းဆုံးနေထိုင်ခဲ့တယ်
မျှတတဲ့စိတ်နဲ့ 
လူတွေအပေါ် ဆက်ဆံခဲ့တယ်
ဒါပေမယ့် ပြန်ရခဲ့တာ
ဆန့် ကျင်ဖက်အရာတွေပါပဲ
ဘယ်သူ့ ဘယ်သူ့ ကိုမှ မပြစ်မတင်ခဲ့မိဘူး
ဒါဟာ အတိတ်ဘဝက
အကျိုးဆက်တွေလို့ ပဲခံယူခဲ့တယ်
ကံမကောင်းသူတစ်ယောက်ရဲ့
ရှင်သန်မှုကစိတ်ဒဏ်ရာတွေ
အတော်လေး များပါတယ်
မသေချာမရေရာမှုတွေထဲ
ကြိုးစားမှုသမျှ အချည်းအနှီးအဖြင့်
ကြာလာတော့ နေသားတကျတောင်
ဖြစ်နေပါပြီ
ဒါကြောင့်
ဘယ်အရာကိုမှ
မချည်နှောင်လိုတော့ဘူး
ဘယ်သူ့ ကိုမှလည်း
မတွယ်တာရဲတော့ဘူး
ရောက်ရှိလာမဲ့ ကြမ္မာဆိုးတွေကိုလည်း
ရင်မဆိုင်လိုတော့ဘူး
ဆုတစ်ခုလေးတော့
အမြဲတောင်းမိပါတယ်
ပေးလိုက်တဲ့
မေတ္တာတိုင်းဆေးဖြစ်ပါစေလို့ 
တစ်ကြိမ်တစ်ခါသာ
ကံကောင်းခြင်းသာ
ပိုင်ဆိုင်ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်
ကျမ သူ့ ကိုသိပ်ချစ်တယ်
💞 ကျမချစ်ရသူနဲ့ သာ
ဘဝရဲ့နေဝင်ချိန်တွေထိ
အတူဖြ တ်ကျော်ရပါလို ၏ လို့ 💞