☺💚 တခါတလေ သင်အတ္တကြီးလိုက်ပါ 💚☺
သင့်ဘက်က စမခေါ်ပဲ
အချိန်အတော်ကြာနေတဲ့အခါ
သင့်ကို ဘယ်သူတွေက
စခေါ်မလဲဆိုတာကိုပေါ့
တခါတလေ
သင်လစ်လျူရှုကြည့်လိုက်ပါ
သင့်ဘက်က ဂရုမစိုက်ရင် သင့်ကို
ဘယ်သူတွေက
ဂရုစိုက်လာမလဲဆိုတာကိုပေါ့
တခါတလေ သင်ဆိုးလိုက်ပါ
သင်မကောင်းတဲ့အခါ
သင့်ကို ဘယ်သူတွေက
သည်းခံနိုင်မလဲဆိုတာကိုပေါ့
တခါတလေဘယ်သူမှအသိမပေးပဲ
အဝေးဆုံးကို ထွက်သွားကြည့်လိုက်ပါ
သင့်ကို မမြင်တဲ့အခါ ဘယ်သူတွေက
လိုက်ရှာနေမလဲဆိုတာကိုပေါ့
တခါတလေ သင်အားတင်းပြီး
အာလုံးနဲ့
အဆက်အသွယ်ဖြတ်နေကြည့်လိုက်ပါ
သင့်ကို ဘယ်သူတွေက
တကယ်လိုအပ်ပြီး
ဘယ်သူတွေက
အရင်ဆုံးရှာဖွေမလဲဆိုတာကိုပေါ့
☺💚👍 တခါတလေ ဘဝမှာ
ကိုယ်ကစိမ်းကားကြည့်မှသာ
ကိုယ့်ကို ဘယ်သူတွေက မစိမ်းကားနိုင်လည်းဆိုတာကို
သိနိုင်တာမလား 💚☺👍