🏡 တစ်ယောက်တည်း ဖြစ်တဲ့အခါ 🏡
ဝမ်းနည်းစိတ် ၀င်ရင်လည်း ၀င်မယ်
ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ မမေ့ပါနဲ့
ဘယ်လိုပဲ ၀မ်းနည်းစိတ်ဝင်ဝင်
မနက်ဖြန်မှာ..........
တစ်ယောက်တည်း ဖြစ်တဲ့အခါ
အထီးကျန်စိတ် ၀င်ရင်လည်း ၀င်မယ်
ကိုယ့်ကိုယ်ကို ပွေ့ဖက်ဖို့ မမေ့ပါနဲ့
နှလုံးသားနွေးရင် အဲဒီအထီးကျန်ခြင်းက
ဘာမှ မပြောပလောက်တော့ပါဘူး
တစ်ယောက်တည်း ဖြစ်တဲ့အခါ
အကူညီမဲ့စိတ် ဖြစ်ရင်လည်း ဖြစ်မယ်
လူတိုင်း ကိုယ့်လမ်းကိုယ်
လျှောက်ရတယ်ဆိုတာ
ကိုယ့်ကိုယ်ကို သတိပေးဖို့ မမေ့ပါနဲ့
ဘယ်သူကမှ တစ်သက်လုံး
ကိုယ်နဲ့ အဖော်အဖြစ်
လိုက်ပါလျှောက်လှမ်းမှာ မဟုတ်ပါဘူး
တစ်ယောက်တည်း ဖြစ်တဲ့အခါ
အားငယ်ပျော့ညံ့စိတ် ၀င်ရင်လည်း ၀င်မယ်
ကိုယ်ရဲရင့်မှ အပြောင်းအလဲများတဲ့
ဒီလောကမှာ ဘယ်လိုတောင့်ခံမယ်ဆိုတာ
တစ်ယောက်တည်း ဖြစ်တဲ့အခါ
စိတ်ရှုပ်စရာတွေ တွေးကောင်းတွေးမိမယ်
ကိုယ့်စိတ်ခံစားချက်ကို
ထိန်းချုပ်တတ်ဖို့ မမေ့ပါနဲ့
ကိုယ့်စိတ်ခံစားချက်နဲ့ ကိုယ့်အတွက်အရေးပါတဲ့လူကို
မထိခိုက်မိပါစေနဲ့
တစ်ယောက်တည်း ဖြစ်တဲ့အခါ
အေးရင် အနွေးထည်ထပ်ဖို့ မမေ့ပါနဲ့
ဖျားနာရင် ဆေးသောက်ဖို့ မမေ့ပါနဲ့
ဆာရင် စားဖို့ မမေ့ပါနဲ့
မိုးရွာရင် ထီးဆောင်းဖို့ မမေ့ပါနဲ့
တစ်ယောက်တည်း ဖြစ်တဲ့အခါ
စာအုပ်တစ်အုပ်၊ သီးချင်းတစ်ပုဒ်၊ ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ အဖော်ပြုပါ လူပင်ပန်းရင် နားရသလို
စိတ်ပင်ပန်းရင်
တိတ်ဆိတ်ငြိမ်သက်ရပါတယ်
တစ်ယောက်တည်း ဖြစ်တဲ့အခါ
ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ
အပြောကျယ်တဲ့ လောကကြီးမှာ
ကိုယ့်အပေါ် တကယ့်စိတ်ကောင်း
စေတနာထားတဲ့လူ သိပ်မများနိုင်ပါဘူး
တစ်ချိန်လုံး သင့်ဘေးမှာ
အဖော်ပြုပေးမယ့်သူ မရှိနိုင်ပါဘူး
သင့်ကိုယ်တိုင်အတွက်
သင်အလေးထားသူအတွက်
သင့်ကိုယ်သင် ပိုဂရုစိုက်ရပါတယ်
🏡 တစ်ယောက်တည်း ဖြစ်တဲ့အခါ 🏡
## Present By