ဝက်သားနှင့်တင်သည့်နတ်ပွဲ
Hello , all steemit member.
မင်္ဂလာပါ
နတ်ပွဲ ရိုးရာနတ် ကို ကိုးကွယ် ပူဇော်သူများ နတကတော် ဟု ဆိုသည်နှင့် ဝက်သားမစားရ ဝက်သား က်ု အိမ်အတွင်း မယူဆောင်ရ ဝက်သားရှောင်ကျဉ်ရမည် အစရှိသည် တို့အား ကြားဖူး ခဲ့ပါသည်
ယမန်နေ့ ကတော့ ကျမတို့ နေထိုင်ရာ စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာအုပ်စု သာဒွန်းကျေးရွာ တွင် ဝက်သားဖြင့် နတ်တင်သည့် အခမ်းအနား က်ု ကြီးကျယ် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည် ကို တွေ့မြင်ခဲ့ရပါသည်
မအူပင်ကျေးရွာတွင် ကျမ၏ သူငယ်ချင်း မိတ်ဆွေ များ အများအပြား ရှိသည့်အတွက် နတ်ပွဲ သို့လာရောက်ရန် ဖိတ်ခေါ် ခဲ့ကြပါသည်
စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာအုပ်စု သာဒွန်းကျေးရွာ တွင် ရှေးယခင်ကတည်းက ဝက်သားဖြင့်နတ်တင်သည့် ဗြုန်းစပ်နတ်တင်ပွဲ ဟူ၍ ရှိခဲ့သည်ဟု ဆိုပါသည်
သာဒွန်းကျေးရွာတွင် ဝတ်သားဖြင့် နတ်တင်သည့် ထူးခြားသောရိုးရာနတ်ပွဲ ကို နှစ်စဉ် နယုန်လပြည့်ကျော် (၅)ရက်နေ့တိုင်း ကျင်းပလေ့ရှိပြီး နယုန်လပြည့်ကျော် (၅)ရက်နေ့မှာ ဗုဒ္ဓဟူးနေ့ရက် နှင့် တိုက်ဆိုင်နေပါက နောက် သို့ နှစ်ရက် ဆုတ်ကာ နယုန်လပြည့်ကျော် ( ၇) ရက်နေ့သို့ ပြောင်း ရွေ့ ကျင်းပပြုလုပ်လေ့ရှိကြောင်း လည်း သိခဲ့ရပါသည်
နှစ်စဉ် နှစ်တိုင်း ရိုးရာ မပျက် ကျင်းပပြု လုပ် လာခဲ့ကြရာ ဝက်သားဖြင့်နတ်တင်သည့် ဗြုန်း စပ် နတ်တင်ပူဇော် ပွဲကို ယမန်နေ့ နေ့လယ် ခင်း ၂ နာရီ ခန့် အချိန်တွင် သာဒွန်း ကျေးရွာ ဘိုးဘိုးကြီး(မြင်းဖြူရှင်) နတ်နန်း၌ ကျင်းပပြုလုပ်ခဲ့ြှကပါသည်
ဝက်သားဖြင့်နတ်တင်သည့် ဗြုန်းစပ်နတ်တင်ပွဲ တွင် ၀က်သားတုံး သီးသန့် ခုနစ်တုံးနှင့်အတူ ၀က်သားနှင့်ငါးရံ့ခြောက်ဟင်း ၀က်သားဆန်ပြုတ် ဝက်သားကြော် ၀က်သားနှင့်ဖရုံသီးဟင်း ၀က်သားနှင့်ငရုတ်သီးကြော်
အစရှိသည့် ၀က်သားကို နည်းမျိုးစုံ ချက်ပြုတ်ကာ ကောက် ညှင်းပေါင်းအဖြူ၊ အနီ အုန်းသီးစိပ် ထုံးနှင့်ဆန်ကြမ်းများ ရော၍ တိရစ္ဆာန်ရုပ်ပုံ သဏ္ဌာန်များ ပြုလုပ်ထားသော ထိုးမုန့်များဖြင့် ရွာတော့ရှင်နန်းထိန်းနှင့် ဒေသခံလူကြီးများက နတ်ကွန်း ပေါ်သို့ တက်ရောက်ပြီး ပူဇော်ပသကာ
ရွာသူ ရွာသားများက နတ်ကွန်း အောက် ကွင်းပြင်မှ ရိုးရာ အတိုင်းအရိုအသေပြုဆုတောင်းပူဇော် ကန် တော့ကြခြင်း ဖြစ်ပါသည်
ထိုသို့ ပူဇော်ပသ ဆုတောင်းပြီးနောက် နတ်တငထားသော စားသောက်ဖွယ်ရာများ အားနတ်နန်းထိန်းများက ပြန်လည်ဝေငှလေ့ ရှိကြောင်း ဒေသခံများထံမှ သိရပါသည်
စစ်ကိုင်းမြို့အနောက်ဘက် မအူပင်ကျေးရွာအုပ်စု သာဒွန်းကျေးရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ရာချီကတည်းကပင် ၀က်သားဟင်း အမယ်စုံနှင့် ထူးခြားစွာ ပူဇော် ပသဆက်ကပ် လာခဲ့ကြပြီး ယင်း သို့ အရိုအသေပြုပူဇော်ပသမှုကြောင့် စီးပွာရေးအောင်မြင်သည် ဟု ယုံကြည်ကြပါသည်
ထိုဝက်သားနှင့်တင်သည့် နတ်ပွဲကို သာဒွန်းရွာအပြင် အနီးမှာရှိတဲ့ကျေးရွာ များ သာမက စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးဝန်းကျင်ကပါ လာရောက်ပူဇော်ကြပြီး နတ်တင်ကျ အစားအစာစားပါက ဘေးအန္တရာယ်ကင်း ကျန်းမာရေးကောင်း ပြီး စီးပွားဖြစ်ထွန်း သည်ဟူ ၍ ယုံကြည် ကြပါသည်