နတ်ကိုးကွယ်သူများ အတွက်
Hello , all steemit member.
ပြီးခဲ့သည့် ရက်မှ စတင်၍ စစ်ကိုင်း မှ မင်းကွန်းဒေသ သို့ သွားရာ လမ်းတစ်လျှောက်တွင် ပုံမှန်ရက်များထက်အသွားအလာ မပြတ်အောင် စည်ကားလျက် ရှိနေသည့်အတွက်
ဘာပွဲလမ်းများ ရှိလဲ ဟု စုံးစမ်းလေ့လာသည်တွင်
အညာဒေသ တွင်အစောဆုံး ကျင်းပသည့် မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲ ကျင်းပ နေပါသည် ဟု သိရှိရပါတော့သည်
နတ်ပွဲများကို သွားရောက်လေ့ မရှိသော်လည်း မင်ကွန်းဒေသ ဆိုသည်မှာ စစ်ကိုင်းမြို့နှင့် မဝေလှသဖြင့် သွားရောက် လေ့လာဖြစ်ပါတော့သည်
မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲသည် စစ်ကိုင်းမြို့မှ မင်းကွန်းယဉ်ကျေး မှုနယ်မြေ သို့ သွားရာ လမ်းဘေး၊မင်းကွန်းတောင်ရွာအဝင် မိုးမိတ်ကုန်း မြေအနီး တွင် တည်ရှိပြီး
နတ်ပွဲများထဲတွင် အစောဆုံးနတ်ပွဲဖြစ်သဖြင့် "နတ်ပွဲအစ ရွှေကျွန်းပင်မောင်နှမ"ဟု ဆိုင်ရာဆိုင်ရာများက အသိအမှတ်ပြုထားကြောင်း သိရှိရပါသည်
ဝါဝင်ပြီးနောက်ပိုင်း အညာဒေသ တွင်အစောဆုံး ကျင်းပသည့် မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲ ကို
ဝါခေါင်လဆန်း ၂ရက် (သြဂုတ်လ ၂ ) နေ့မှစ၍ (၅)ရက်ကြာ စည်းကား သိုက်မြိုက်စွာ ကျင်းပ လေ့ ရှိသည်ဟု သ်ရှိရပါသည်
မင်းကွန်း ရွှေကျွန်းပင်မောင်နှမ နတ်ပွဲ ကျင်းပရာ တွင်
ဝါခေါင်လဆန်း (၂)ရက်နေ့တွင် နတ်ရိုးရာ ချိုတော်သုံးပွဲတော်ကို ဧရာဝတီမြစ်အ တွင်း စက်လှေယာဉ်၊မော်တော်ရေယာဉ်များဖြင့် စည်းကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပကြပြီး
ဝါခေါင်းလဆန်း (၃)ရက်နေ့တွင် ရွှေကျွန်းပင်မောင်နှမရဲ့ ရိုးရာ နတ်ဒါန်းစီးပွဲ ကျင်းပကြပြီး
ဝါခေါင်လဆန်း (၄)ရက်နေ့တွင် နတ်ခစားတဲ့ ပုဂ္ဂိုလ်များ နှင့်နတ်ဆရာများက လူဒါန်းစီးပွဲ ကျင်းပကြပြီး
ဝါခေါင်းလဆန်း (၅)ရက်နေ့တွင် ရွှေကျွန်းပင် နတ်မောင်နှမပန်းဥ ယျာဉ်လှည့်သည့် သဘောမျိုးဖြင့် ပန်းဥယျာဉ်လှည့် ပွဲတော်ကို ကျင်းပပြုလုပ် ကြပြီး
ထိုနေ့သည် အစည်းကားဆုံး နေ့ရက် တစ် ရက် ဖြစ်ကြောင်း
ဝါခေါင်လဆန်း (၆)ရက်နေ့တွင် ထိန်ခုတ် သပြေခုတ် ပွဲတော်ပြုလုပ်ပြီး နတ်ပွဲကို အဆုံးသတ်မည်ဖြစ်ကြာင်း သိရှိ ခဲ့ရပါသည်