ဒ်ီတစ်ပတ်ရဲ့ Guinness World Record ကဏ္ဍမှာတော့ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် အကြောင်းတင်ပြပါမယ်။
ဒီဟိုတယ်က အာရှစော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံမှာ တည်ရှိတာဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီလမှာ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် ဂရင်းနစ်မှတ်တမ်းမှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီဟိုတယ်ဟာခရီးသွားတွေ၊ မိသားစုတွေအတွက် ဒူဘိုင်းမြို့ရဲ့ စည်ကားတဲ့ညရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့ ဟိုတယ်လည်းဖြစ်ပါတယ်။ ရွှေရောင်တွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဒီဟိုတယ်အမည်က 75-storey Gevora ဟိုတယ်လို့အမည်ရပြီး အမြင့်ပေ ၁၁၆၉ ပေခန့် မြင့်မားပါတယ်။
လှပပြီး မြင့်မားတဲ့ဟိုတယ်ဖြစ်ကာ အလွှာပေါင်း ၇၁ လွှာရှိပြီး အခန်းပေါင်း ၅၂၈ ခန်းရှိပါတယ်။ ဒီတာဝါအဆောက်အအုံကို စတင်တည်ဆောက်ခါစကာ လူနေအိမ်ရာအဖြစ်ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ချိန်ကတော့ ၄ နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။ ဇိမ်ကျကျနဲ့ အပန်းဖြေအနားယူနိုင်တဲ့ဟိုတယ်ဖြစ်ပြီး စားသောက်ဆိုင် ၄ ဆိုင်၊ ရေကူးကန်၊ spa၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာနဲ့ ရေချိုးကန်တွေလည်း ပါဝင်ပါတယ်။ ခရီးသွားတွေ၊ မိသားစုတွေ ဒူဘိုင်းမြို့တွင်းမှာ စိတ်သက်သာစွာအနားယူအပန်းဖြေနိုင်အောင် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ ဟိုတယ်တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ဟိုတယ်ဖြစ်ပြီး အခန်းခကလည်း မြို့ထဲဧရိယာမှာရှိတဲ့ တခြားဟိုတယ်တွေထက် ချိုသာအောင် သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ အခန်းခဈေးနှုန်းကတော့ ခန့်မှန်းခြေအနေနဲ့ တစ်ညကို ယူရို ၁၃၄ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁၉၁ ဒေါ်လာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီဟိုတယ်မတိုင်ခင် ကမ္ဘာ့အမြင့်ဆုံးသတ်မှတ်ခံထားရတဲ့ဟိုတယ်ကတော့ J W Marriott Marquis Dubai ဟိုတယ်ဖြစ်ပြီး အမြင့်ပေ ၁၁၆၅ ဒဿမ ၈၄ ပေရှိတယ်လို့ သိရပါတယ်။