Wowbox ပရိသတ်ကြီးရေ ဒီအပတ်ရဲ့ Song of the week ကဏ္ဍလေးမှာ ပရိသတ်ကြီး သဘောခွေ့မယ့် သီချင်းကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီသီချင်းလေးက ဇွန်လမှာ MTV ထွက်ရှိခဲ့တာဖြစ်ပြီးတော့ သီချင်းလေးရဲ့ နာမည်ကတော့ “Girl Like You” လို့အမည်ရပါတယ်။
သီချင်းလေးကို သီဆိုထားတဲ့သူကတော့ Maroon 5 ကသီဆိုထားတာဖြစ်ပြီးတော့ Featuring အနေနဲ့ကတော့ နာမည်ကြီး အမေရိကန် အမျိုးသမီး ရပ်ပ်ပါတစ်ဦးဖြစ်တဲ့ Cardi B ကသီဆိုထားတာပါ။ ဒီနှစ်ထဲမှာတော့ Maroon 5 ဘမ်အနေနဲ့ Wait နဲ့ Girl Like You ဆိုတဲ့တေးသီချင်းနှစ်ပုဒ်ကို ထွက်ရှိခဲ့တာဖြစ်ပါတယ်။
ဒီသီချင်းလေးက Maroon 5 ရဲ့ခြောက်ခွေမြောက်အယ်လ်ဘမ်ဖြစ်တဲ့ “Red Pill Blues” ဆိုတဲ့အခွေထဲမှာ ပါဝင်ခဲ့တဲ့ တေးသီချင်းလေးဖြစ်ပါတယ်။
“Girl Like You” သီချင်းလေးရဲ့ စတိုင်လ်ကတော့ ပေါ့ပေါ့ပါးပါး ပေါ့ပ်သီချင်းစတိုင်လ်လေးလို့ ဆိုနိုင်ပါတယ်။ MTV ထဲမှာဆိုရင်လည်း Maroon 5 နဲ့တကယ့်ကို နာမည်ကြီးဒိတ်ဒိတ်ကျဲတွေဆယ်လီအမျိုးသမီးတော်တော် များများ ပါဝင်သရုပ်ထားပါတယ်။
“မင်းလို မိန်းကလေးမျိုးက ကိုယ်နဲ့ပဲဘဝကို ဖြတ်သန်းသင့်တယ် နေဝင်ချိန်ရောက်လို့ ကိုယ်ပြန်လာတဲ့အခါ မင်းလိုမိန်းကလေးမျိုးပဲကိုယ်လိုအပ်တယ် …လေယာဉ်ကြီးစီးပြီး ကိုယ်ပြန်လာရင်အလိုအပ်ဆုံးက မင်းလို မိန်းကလေးပါပဲ…”ဆိုပြီး ချစ်စဖွယ်ကောင်းတဲ့ စာသားလေးတွေနဲ့ ချစ်သူကို ချုပ်တဲ့သီချင်းလေး တစ်ပုဒ်ပါပဲ။
ပရိသတ်ကြီး ခံစားနားဆင်ဖို့အတွက် သီချင်း လင့်ခ်လေးကို ဖော်ပြပေးလိုက်ပါတယ်။