ကျွန်မသားလေးကို အပ်ပါတယ် ဆရာမရယ် အမြင်
မတော်တာ ဆိုဆုံးမပါ …ဆိုပြီး အိမ်တိုင်ရာရောက် လာ
အပ်ကြသော ကျောင်းသားမိဘ များ၏ စကားကတော့ ကျောင်း
ဆရာမ ကျွန်မ အတွက်ကတော့ ကြားဖူးနေသောစကားတစ်
ခု လို ရိုးအီ နေ၏။
အမြင် မတော်တာ ရှိ လို့ ဆုံးမ ရအောင်က သူတို့သားက နှပ်ချေး တွဲလောင်း ကလေး မဟုတ် တက္ကသိုလ် ပင် တက်နေသော တက္ကသိုလ် ကျောင်းသားတစ်ဦးးးးးးးး
ဒါ့ထက် ကိုယ့်ထက်ပင် ဝါရင့်နေသော အိမ်ထောင်ရှိသူတစ်ဦး
( ပထမနှစ်တွင်ပင် အိမ်ထောင် ကျနေ ပြီးသော တက္ကသိုလ်
ကျောင်းသား တစ်ဦးး)
မိဘ ဆိုသည့် အမျိုးသည်ကတော့ ကိုယ့်သားသမီးအပေါ်
တော်စေချင် တတ်စေချင်ကြသည်ပဲပေါ့ သို့သော် အုပ်ချုပ်
မှု မှားယွင်းးတယ်လို့ ကျွန်မကတော့ ခေါင်းစဉ်တပ်ပါရစေ
ခု ခေတ် လူငယ်များဟာ Don't ဆိုတဲ့ စကားနဲ့ အုပ်
ချုပ်လို့ လုံးဝ ( လုံးဝ) မရပါဘူး ရှင်။ Don' t လို့ ပြော
လေ ပိုလုပ်ကြလေပါပဲရှင်…ပိုပြီးတော့မှ လည်း အရွဲ့တိုက်
ချင်တတ် ကြတာ အဲ့တာ လူငယ် ပါပဲ။
လိုက်လျော ညီထွေ ဆက်ဆံမှု ( win - win ) အခြေနေ
တစ်ခုကို မိဘများရော သားသမီး များပါ ဖန်တီးယူရမှာပါ။
" You win I lost. & I win you lost " ဆိုတာ
ကြီးကို ခေတ်ဟောင်းမှာ ချန်ထားခဲ့သင့်ပါပြီ။
တစ်ရက်မှာ ……အနှီ ကျောင်းသားသည် ကျောင်းသို့ သွား
သည်မှာ အချိန်တန်သော်လည်းးးအိမ်ပြန်ရောက်မလာ
စာသင်မည့် ဆရာမကျွန်မက ထိုင်စောင့်ရတဲ့ဘဝ
ဆရာမကစောင့်နေသောကြောင့် သားတော်မောင် ထံ မွေးသမိ
ခင် ခင်မျာ အကြိမ်ကြိမ် ဖုန်းဆက်ရှာတယ်…
ဖုန်းချက်ချင်း မကိုင်တဲ့ သားကို စိတ်တိုတာက တစ်ကြောင်း
ဆရာမ ကျွန်မကို အားနာ သည်က တစ်ဖုံ သားတော်မောင်
အား ဆူပါလေတော့သည်………
အော်ပါလေတော့သည်…………
အပြစ်တကာ့ပေါင်းစုံကို တင်ပါလေတော့သည်…………
ရှေးပဝေသဏီ ကတည်းက တင်ချင်နေသော အပြစ်အစုံစုံ
အသုံးမကျမှု အပေါင်းးးအား စီကာ ပတ်ကုံးဖြင့် ဆူပါတော့
သည် ( ကျွန်မ ထိုနေရာ ၌ပင် အငွေ့ပျံ၍ ပျောက်သွား ချင်မိ
ပါသည် )
သားတော်မောင် ပြန်ပြောသည့် စကားကို ကျွန်မ ကြားလိုက်
ရချိန်မှာတော့ ………ကျွန်မ စိတ်နှလုံးထိခိုက် ကြေကွဲ
ခဲ့ရ၏။
" ခင်ဗျားတို့က ခင်ဗျားတို့ ဖြစ်ချင်တာကိုပဲ သိတယ်တဲ့
ကျုပ် ဒီလိုဆိုပြောနေမယ်ဆိုရင် ကျုပ်ကို အမွေ ခွဲပေး ကျုပ်
အိမ်ပေါ်က ဆင်းမယ် " တဲ့။
အသက်ပေးပြီး မွေးခဲ့ရ ရှာတဲ့ အမေကို ပြန်အော်တယ်
ခင်ဗျား တဲ့ ……
စာမေးပွဲ အခါခါ ကျ လို့ ( ပြင်ပဖြေ ) ပင်ဖြစ်နေသော ၊
မိဘ၏ ကျေးဇူးကိုဘာမှန်မသိရှာ သော ငွေ ခြူးတစ်ပြား
မှ မရှာနိုင်သေးသော အရွယ်က အမွေ တောင်းတယ်တဲ့
ဘယ်သူက မှားနေတာလဲ? မိဘက မှားသလား ? သားသမီး
က မှားသလား ? ထိုလိုလူမျိုးအား တပည့် တော်ခဲ့မိသည့်
ကျွန်မ မှားသလား?
ကျွန်မသာ ထို မိဘ နေရာမှာဆိုရင်ရော…… ကျွန်မသား
သမီးအပေါ် အဲ့သလိုမျိုး ဆုံးမ မိမလားးး????
ဟင့်အင်းးးး ကျွန်မကမွေးမည့် သားသမီး အပေါ်တွင်
Don't ပေါင်းများစွာ နှင့် အုပ်ချုပ်မိမည် မဟုတ်ပါ…
ကျိုးကြောင်းဆီ လျော်စွာ win- win negotiation
ညှိနိုင်းမှု အခြေနေဖြင့် ဘာသာတရား ၏ အထိန်းအကွပ်ဖြင့်
သာ အုပ်ထိန်း ပျိုးထောင်ပါမည်……
သားသမီးက ပြန်အော် ခံ ရသော မိဘ မဖြစ်ဖို့ သားသမီး
ဘဝ တွင် ပင် ရှိနေသေးသော ကျွန်မ ကိုယ်တိုင်လည်းးး
မိခင်ဖခင် များအပေါ် ထိုသို့ မဆက်ဆံ မိစေရန်သန္နိဋ္ဌာန် အိမ်စာ ယူခါ အိမ်သို့ အတွေးပေါင်းးးများစွာဖြင့် ပြန်လာခဲ့ပါသည်။
ယခု အချိန်ထိတော့ ကျွန်မ ကျောင်းဆရာမ ကျောင်းသား/သူ
များ အပေါ် Don't ဟူသော စကားဖြင့် မထိန်းကျောင်းပါ။
မလုပ်ရပါ ဟု ဆိုလျှင် ပို၍ ကန်ထွက်ချင်ကြသော စပရိန်လို
လူငယ် များ ဖြစ်နေသည်မို့။ ဒါလုပ်ပါ ဒါကိုင်ပါ ဆိုလျှင်
ဒါ့ထက် ပို၍ ပြောင်မြောက်သည်ကို လုပ်ချင်တတ်ကြတော့
လူငယ်များးးဖြစ်လေ သောကြောင့် လည်းကောင်းးးးး
ကိုယ်ကိုတိုင်ကလည်းးး ဂျစ်ကန်ကန် ပေတူးတူး "လူငယ်"
ဟူသည့် ခေါင်းစဉ် အောက်မှ လူငယ်တစ်ဦးးးးးဖြစ်နေသေး
သောကြောင့်…………………………………
ရလာသမျှ သင်္ခန်းစာ များကို " အိမ်စာ " လုပ်ခါ ချင့်ချိန်ဝေ
ဖန် ဆန်းစစ်လျှက်………
ယူခဲ့မိပါသည်။