'' ခုနက စင်ပေါ်စကားတက်ပြောတဲ့
မောင်လေးမဟုတ်လား '
'' ဟုတ်ကဲ့ပါအစ်မ ''
'' တစ်နိုင်ငံလုံးမှာ Firstရထားတဲ့သူ ဆိုတော့ မောင်လေးစကားက သူတို့  အတွက် သိပ်အရေးပါတယ်...
မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့  ခံစားရလိမ့်မယ်...''
'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''
''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့  ပြောတယ်
လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက် ဂိတ်တံခါးလိုဖြစ်နေတယ်...
အများစုဟာ ဆယ်တန်းစာကို အမှန်တကယ်တတ်မြောက်ဖို့  ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ ကြိုးစားနေကြတယ်
အရှိတရားဟာ အမှတ်ကောင်းမှ
လိုင်းကောင်းရမှာ ...
ဒါကြောင့် လိုင်းကောင်းရဖို့  အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ...
မောင်လေးလည်း ဒီပညာရေးစနစ်နဲ့  firstဖြစ်လာခဲ့တာကိုး...
ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း firstဖြစ်ချင်မှ ဖြစ်မှာ''
''ကျနော် firstရခဲ့တယ်... ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့  အဓိပ္ပာယ်မရသလို ကျနော် အအောင်မြင်ဆုံးပါလို့ လည်း အဓိပ္ပာယ်မရဘူး...
ဖြေပြီးခဲ့တဲ့အထိတော့ Firstရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကြိုးစားခဲ့တာပဲ...
နောက်တော့မှ ကျနော်တွေးဖြစ်လာတာက... Firstရတော့ ဘာဖြစ်သလဲဆိုတာပဲ
လူသိများလာတယ်... ဒါဟာ popularပါ... Successမဟုတ်ဘူး
ခက်ဆစ်တွေ ၏သည်၍ မလွဲကျက်ခဲ့မိတယ်... ပြောရမယ်ဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်...
ကျနော်ဆရာဝန်မဖြစ်ချင်ဘူး
အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ...
ကျနော့်ဝါသနာကို ကျနော်သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressureအောက်မှာ ပြင်ပစာပေကို အာရုံစိုက်ခွင့်မရဘူး... ကျနော့်သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
သူက guitorတအားတီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့ ...
သူက ဒီတက္ကသိုလ်ဝင်တန်းကို
သူ့ ဝါသနာနောက်သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ....
သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...
တျာချင်းဖြစ်ကြောင်း ဝန်ကြီးပဒေသရာဇာရေးကြောင်း ထန်းတက်သမားမိသားစုရဲ့ဘဝကို သရုပ်ဖော်ခြင်းဖြစ်ကြောင်း စာထဲကပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်...
သူက ခေါင်းခါပြပြီး ငါမေးတာအဲ့လိုမဟုတ်ဘူးတဲ့
ခေတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေရှိသတဲ့ဗျာ
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ
မျိုးဖြစ်နိုင်တယ်တဲ့...
အင်မတန်ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ်အတိပဲ... ဒီလိုအချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက်သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့
ဟုတ်တယ် ဒါကဗျာ ဒါအနုပညာ
ဒါဟာစာသက်သက်မဟုတ်ဘူး
ကျက်မှတ်ဖို့ မဟုတ်ဘူး ဒါဟာခံစားဖို့ 
The whole burma firstရမယ့်သူက မသိခဲ့ဘူး... ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်....
သူစာလေ့လာခဲ့တယ်
သူလေ့လာသမျှဟာ စာမေးပွဲမှာ
အမှတ်ကောင်းဖို့  ရည်ရွယ်ပုံမရဘူး
အနုပညာကိုအနုပညာလိုခံစားဖို့ လို့ 
သူကတွေးတယ်...
စာမေးပွဲကမေးတာကို ကျနော်ဖြေနိုင်ခဲ့တယ်...
ဝန်ကြီးပဒေသရာဇာပေးတာကို ကျနော်လုံးဝမရခဲ့ဘူး
အစ်မ... ဆယ်တန်းသင်ရိုးဟာ ကျနော်တို့ ကို စာမေးပွဲဖြေဖို့ တစ်ခု တည်းရည်ရွယ်ထားတာမဟုတ်ဘူး
တချို့စာတွေဟာ အနုပညာ
တချို့  စာတွေဟာ အကြံပြုစာ
တချို့ စာတွေဟာ ဆွေးနွေးတဲ့စာ...
ဟင်း.. ကျနော်တို့ ကတော့ဘာလာလာကျက်စာပဲ...
ဆရာကြီးမဟာဆွေရေးတဲ့
''မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း''ဟာ ကျက်ဖို့  မဟုတ်ဘူး... မကြောက်တရား ဆောင်းပါးတွေကို
သူ့ အမြင်သူ့ ရှုထောင့်တွေနဲ့  မျှဝေခဲ့တဲ့ ဆရာကြီးမဟာဆွေခေါ် နေသူရိန် ကလောင်ရှင်ဟာ သူ့ စာတွေကို ကျက်ဖြေစေဖို့  ရည်ရွယ်ခဲ့တာမဟုတ် ဘူး...
ကဗျာကို အလွတ်ရအောင်ကျက်တိုင်း
ကဗျာကိုချစ်ပါတယ်လို့  အဓိပ္ပာယ်မရ ဘူး... ဝန်ခံရရင် ဂစ်တာသမားလေးကို ကျနော် သိပ်အားကျတာ....
သူက ယူသလောက်ရခဲ့တဲ့ကောင်...
သူက leisureကဗျာလေးနဲ့  feelခံတတ်တယ်...
ကျနော့်မှာတော့ ကဗျာသာ အလွတ်ရခဲ့တာ ကဗျာရဲ့ အဓိပ္ပာယ်ကို နှလုံးသားက မခံစားတတ်ခဲ့ဘူး
''What is this life if full of care
we have no time to stand and stare''တဲ့...
အဲ့ကဗျာကို မရပ်မနားကျက်ခဲ့တယ်
အခုတော့ ရယ်မိတယ်သိလား
relaxယူသင့်ကြောင်းပြတဲ့ကဗျာလေးကို မောပန်းစွာကျက်မိခဲ့တဲ့အဖြစ်ကို ရယ်ချင်နေမိတယ်...''
''ဒီလိုလုပ်ခဲ့လို့  ဒီလို firstဖြစ်နေတာ မဟုတ်ဘူးလား''
''အစ်မ သုတစွယ်စုံတွေဖတ်ဖြစ်လားမသိဘူး မောင်သိန်းလွင် ဘာသာပြန်တဲ့ Believe it or not ယုံချင်ယုံ မယုံချင်နေထဲမှာလည်း ပါလေ့ရှိပါတယ်
ကမ္ဘာ့ လက်သည်းအရှည်ဆုံး လူသားတဲ့ ...
ဂင်းနစ်မှတ်တမ်းဝင်ထားတယ်... လက်သည်းကြီးတွေက
တွန့် လိမ်ရှည်လျှားနေတယ်... ဂင်းနစ်ဝင်ချင်တာတစ်ခုတည်းနဲ့  ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့သူတွေ...
သူတို့ ကတော့ ကြံဖန် ဂုဏ်ယူကြတာပေါ့... တစ်ကမ္ဘာလုံးမှာ ငါလက်သည်းအရှည်ဆုံးဆိုပြီး...
အစ်မတွေးကြည့်...
နေ့ စဉ်နေထိုင်ရှင်သန်မှုမှာ ဒီသောက်ရေးမပါတဲ့ လက်သည်းရှည်ကြီးတွေက ဘယ်လောက်အနှောက်အယှက် ပေးနေမလဲ... ရိုးရိုးသားသားဖြေကြည့်ပါ
ကြည့်လို့  ရောတင့်တယ်ရဲ့လား...
နောက်ပြီး ဘယ်သူ့ အတွက် အကျိုး ရှိလဲ...
ဇွဲရှိတယ် စိတ်ရှည်သည်းခံမှုရှိတယ် ယုံကြည်ချက်ရှိတယ်...
ဒါပေမယ့် အများကောင်းဖို့ အတွက် မဟုတ်သလို သူကောင်းဖို့ လည်း မဟုတ်ဘူး... ရူးကြောင်မူးကြောင် ကမ္ဘာကျော်လိုမှုအတွက်...
ဒါသူ့ အခွင့်အရေးဆိုတာ မှန်ပါရဲ့
အရူးဘုံမြှောက်တဲ့ ဂင်းနစ်စံချိန်တချို့  ကို ကျနော်ကတော့ ကြိတ်လှောင်မိတာပဲ...
အဲ့လိုပုံစံမျိုးနဲ့ ကျနော် the whole burma firstဖြစ်လာတယ်
the whole burma firstဖြစ်ဖို့  အဓိပ္ပာယ်မရှိတာတွေ ကျနော်လုပ်ခဲ့ရတယ်လေ''
''ဆရာဝန်ဖြစ်ချင်သူက အမှတ်ကောင်းအောင်
ဖြေဖို့ လိုတယ် အမှတ်ကောင်းမှလည်း ဆရာဝန်ဖြစ်မယ်... ဒါကြောင့် သူ့ ကို သင်တဲ့ guideဆရာသို့ မဟုတ် ကျူ ရှင်ဆရာဟာ စာကို အနုပညာလို ခံစားဖို့ ထက် အမှတ်ရအောင်ဖြေဖို့  အဓိကထားသင်လိမ့်မယ်...
အဲ့လိုသင်တဲ့ဆရာမှားနေလား''
''လမ်းကကောက်တော့ ခြေလှမ်းတွေကလည်း ကောက်နေရတယ်... ဆန်စင်ရာ
ကျည်ပွေ့ လိုက်ရတဲ့ ပညာရေးစနစ်မှာ အမှတ်ကောင်းအောင်သင်နေတဲ့ ဆရာတွေကို အပြစ်တင်ဖို့ က ခက်တယ်...
ဆရာဝန်ဖြစ်လိုသူဟာ စာစီစာကုံးလေ့ကျင့်နေရတယ်
close typeဖြေဖို့  စာပိုဒ်လိုက် ကျက်နေရတယ်.... definitionတွေကို a,an,theက အစ မလွဲအောင် ကျက်နေရတယ်...
ဒါဟာ သူ့ ဆရာဝန်ဖြစ်ဖို့  လိုအပ်တဲ့ အရည်အချင်းအတွက် အထောက်အကူဖြစ်ရဲ့လား...
ဒါပေမယ့် ဆရာဝန်ဖြစ်ချင်သူကတော့ ဒီလိုကျက်ရမယ်...
သင်ကြားသူကလည်း ဒီလိုပဲ သင်ကြားရလိမ့်မယ်...
လျှောက်သူအမှားမဟုတ်သလို
ဒီလိုလျှောက်ဖို့  အကြံပြုသူ အမှားလည်း မဟုတ်ဘူး
ဒါဟာ လမ်းရဲ့အမှား... ဒါဟာ ပညာရေးစနစ်ရဲ့အမှား...'
''တကယ်လည်း ဆရာဝန်ပညာဟာ အခက်ဆုံးပညာရပ်တစ်ခုမဟုတ်လား ဒါကြောင့်လည်း အတော်ဆုံးတွေကို တောင်းဆိုတဲ့ သဘောပါပဲ''
''အခက်ဆုံးပညာရပ်ရယ်လို့ တော့ မသတ်မှတ်ကောင်းပါဘူး....
ကဲဗျာ... အစ်မ သတ်မှတ်သလိုဆို ကျနော်က လောလောဆယ်မှာ အတော်ဆုံးပဲ... ဆရာဝန်လျှောက်မယ်ဆို ကျနော်ပါမှာပဲ... ဆရာဝန်ဖြစ်ဖို့  ကျနော်က အသင့်တော်ဆုံးပါလို့  အစ်မထင်လား''
'...''
''ဖြေပါအစ်မရဲ့ လက်ရှိပညာရေးစနစ်ကို ယုံစားပြီး မောင်လေးက အသင့်တော်ဆုံးပါလို့  ဖြေကြည့်လိုက်ပါလား...
အစ်မ အလွဲကြီးလွဲသွားမယ်...
ကျနော့်ဝါသနာက အဓိပ္ပာယ်ရှိတဲ့စာရေးသူဖြစ်ဖို့ ပဲ
ဒီနိုင်ငံမှာ ဝါသနာမပါဘဲ အမှတ်ကို နှမြောလို့  ဆေးကျောင်းတက်နေသူတွေ ဘယ်လောက်တောင်ရှိနေကြမလဲ...''
''ဒါပေမယ့် ဒီလိုလိုင်းတွေကို
အမှတ်နဲ့  မခွဲလို့ လည်းမဖြစ်ဘူးလေ
၂၄၀နဲ့  ဆေးကျောင်းတွေ လျှောက်နေကြမှာပေါ့...''
''လျှောက်ပါစေပေါ့အစ်မရယ်''
''ဘယ်ဖြစ်မလဲ... အမှတ်များရင် အမှတ်များတဲ့ ကောင်းကျိုးကို ခံစားသင့်တာပေါ့''
''ဆယ်တန်းမှာ သင်ရသမျှဟာ general သဘောလောက်ပါပဲအစ်မ
ဒီ generalမှာ ထူးချွန်တာနဲ့ ပဲ
တက္ကသိုလ်လို specializedမှာ ထူးချွန်ပါလိမ့်မယ်လို့  လှေနံဓါးထစ်မှတ်လို့ မရဘူး
ဒီအတွက် ဝင်ခွင့်စာမေးပွဲတွေလိုတယ်...
မင်းဆေးကျောင်းတတ်ဖို့ အရည်အချင်းပြည့်မှီရဲ့လား ဒါကိုစစ်ဆေးဖို့  ဆေးကျောင်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲလိုမယ်
botanyယူဖို့  အရည်အချင်းပြည့်မှီမမှီ စစ်ဖို့ လည်း လိုအပ်တာပဲ...
ပညာရပ်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ အခက်အခဲကိုယ်စီ ဝါသနာလိုအပ်မှု ကိုယ်စီရှိနေကြတာပဲ...
ဆရာဝန်ကိုလူတော်တွေလုပ် botanyကို လူညံ့တွေလုပ်ဆိုရင် အဲ့ဒိ education planကို မှားတယ်လို့  သတ်မှတ်မယ်....
Majorတိုင်းဟာ လိုအပ်တဲ့အရည်အချင်းနဲ့  ဝါသနာကို ပြန်တောင်းဆိုရမယ်....
ဒီအတွက်လည်း ကျောင်းသူကျောင်းသားတွေကို ကြို informလုပ်ရမယ်... တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
နောက် ရွေးခွင့်ရှိသော majorများဆိုပြီး... ပဉ္စမတန်းလောက်ကတည်းက စမိတ်ဆက်ပေးထားသင့်တယ်
ဒါမှ ကျောင်းသားဟာ သူ့ ဝါသနာ သူ့  ဗီဇကို ကွဲပြားစွာနားလည်လာမှာ...
ဒါမှ ပြတ်သားတဲ့ရွေးချယ်မှုကို ကျောင်းသားက လုပ်ဆောင်နိုင်မှာ
ဝါသနာရယ် ဝါသနာပါရာကို လုပ်ခွင့်ရသောအခွင့်အရေးရယ်
ကြိုးစားမှုရယ်ပေါင်းမှ ကျွမ်းကျင်သူဖြစ်မယ်...
အကယ်၍ အဲ့ဒိအလုပ်မှာ ပါရမီများပါခဲ့မယ်ဆိုရင်သူဟာ ကျွမ်းကျင်မှုအပြင် စွန့် ဦးတီထွင်သူ အဖြစ်ပါ လမ်းအသစ်ဖောက်လိမ့်မယ်
မြန်မာနိုင်ငံမှာ စွန့် ဦးတီထွင်သူတွေ ပျောက်ရှနေတယ်... ပြန်ရှာဖွေချင်တယ်...''
''The whole burma first ရခြင်းအပေါ်မှာ မောင်လေး ဘယ်လို ခံစားရလဲ''
''ပျော်မယ်လို့  ထင်ခဲ့ဖူးပါတယ်
အောင်စာရင်းမထွက်ခင်မှာ ကျနော်လျှောက်မိတဲ့ လမ်းအပိုတချို့  အတွက် နှမြောသလိုခံစားရတယ်
ဒီလမ်းအပိုတွေမှမလျှောက်ရင် the whole burma firstမဖြစ်နိုင်ဘူးလေ...
ပြေးလမ်းက ကွေ့ ကောက်နေတော့ အကောက်အတိုင်း ကျနော်ပြေးခဲ့တယ်
ပြိုင်ပွဲစည်းကမ်းနဲ့ ကိုက်ညီလို့  ကျနော် ပထမရတယ်...
တချို့ က အဖြောင့်အတိုင်းပြေးတယ်...
သူတို့  က စာတတ်ဖို့ ကို ဦးစားပေးပြီးပြေးတယ်
ကျနော်က အမှတ်ရဖို့  ဦးစားပေးပြီးပြေးတယ်
အမှတ်များပြိုင်ပွဲမှာ
ကျနော် firstရခဲ့တယ်
ကျနော် ပျော်သင့်ရဲ့လားလို့  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိနေတုန်းပဲ''
ဆက်ရန်.....
The whole Burma First ရဲ့ အဆက်ပါ #!Error(Sithu)
''ဆရာ The whole Burma First ရတာဒီကလေးပဲ... သူစင်ပေါ်တတ်ပြောတဲ့
မိန့် ခွန်းက အခု ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ
Revolutionဆန်တဲ့ Ideaတွေ သူ့  မှာရှိတယ်ဆရာ... ''
''သားနာမည် ဘယ်လိုခေါ်လဲ''
''ဝဏ္ဏပါဆရာ''
''ဟုတ်ပြီသားရဲ့ ထင်မြင်ယူဆချက်တွေကို ပညာရေးဝန်ကြီးတစ်ယောက်
အနေနဲ့ လက်ခံစဉ်းစားပေးချင်တယ်
ဒီလိုလုပ်သား... သားပြောချင်တဲ့ တင်ပြချင်တဲ့ အရာတွေကို ကြိုစဉ်းစား ထား... လာမယ့် တနင်္ဂနွေမှာ ဦးရဲ့အိမ်ကို သားလာခဲ့ ... သားဆီက အတွေးအမြင်တွေဦးကြားချင်လို့ ...''
''ဒီလိုတော့ ရှိတယ်ဆရာ... ကျောင်းသားအနေနဲ့  ပညာရေးဝန်ကြီးတစ်ယောက်ကို သူ့  စိတ်ထဲရှိရာပြောဖို့  ရဲပါ့မလား''
''ကျနော်ရဲမှာပါ... ရဲလည်းရဲသင့်ပါတယ်... Decision makerတစ်ယောက်ကို ပြောဖို့  ကျနော်တတ်ကြွနေပါတယ်''
''ကောင်းပြီးသား ဒါဆို လာမယ့် တနင်္ဂနွေဆုံကြတာပေါ့
9:00လောက်လာခဲ့သား''
''ကဲ သားပြော.. လက်ရှိပညာရေးစနစ်အပေါ် သားဝေဖန်လိုတဲ့အချက်တွေ
အားမနာနဲ့  မကြောက်နဲ့ ''
''ဟုတ်ကဲ့.... ကျနော်ရှုထောင့်လေးတွေခွဲပြောချင်ပါတယ်ဆရာ...
ကျောင်းသားရှုထောင့်ကနေ အရင်ပြောချင်တယ်...
ကျနော် ဆဋ္ဌမတန်းသမိုင်းစာအုပ်ကို ပြန်ဖတ်ကြည့်တော့ ဒုတိယမြန်မာနိုင်ငံ ရဲ့အခြေအနေကို ဖော်ပြထားတာမြင်မိတယ်...
ဒါပေမယ့် ဆဋ္ဌမတန်းတုန်းက ကျနော်ဒီလိုမသိခဲ့ဘူး... တစ်ရက်စာတစ်ရက် ကျက်ခဲ့တယ်ဆိုပေမယ့် စာတစ်အုပ်လုံးကို မခြုံငုံမိခဲ့ဘူး သင်္ခန်းစာကို မခြုံငုံမိဘူး....
စာအမျိုးအစားခွဲရင် ဒါသုတစာတစ်ပုဒ်ပဲ... ကျောင်းစာဆိုတဲ့ ပညတ်ကနေခွဲထွက်ကြည့်လိုက်တယ်... တစ်ရက်တည်းဖတ်လည်း ပြီးတဲ့စာမျိုးပေါ့... ကျောင်းစာလို့  အမည်ပေါက်သွားတဲ့အခါ စိတ်ကိုက လေးသွားတယ်... ဆရာလည်းသိမှာပါ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူက ဒီသမိုင်းစာအုပ်ထက်ပိုထူတယ်...
ကျနော် ဝေဖန်လိုတဲ့အပိုင်းလာပြီဆရာ
ကျနော်တို့  အပြည့်အဝသင်ကြားခြင်းကို မရရှိသေးဘူး... မင်းသင်ခဲ့တဲ့ ဆရာညံ့လို့ ပါလို့  ဆရာ ထင်ချင်ထင်နေမှာ...
တကယ်ဆို ပညာတစ်ခုကို လေ့လာတဲ့အခါ pressureနည်းလေကောင်းလေပဲ
တပည့်တွေကို စိတ်ဝင်စားမှုရှိလာအောင် အရင်ဆွဲခေါ်နိုင်ရမယ်... ဒါဟာ ဆရာနဲ့  တပည့်ရဲ့ relationပဲ...
ဆရာကလည်း သင်ကြားမှု လွတ်လပ်ခွင့် အပြည့်အဝရသင့်တယ်
စာသင်တယ်ဆိုတာ ဖတ်ပြရုံသက်သက်မဟုတ်ဘူး...
သမိုင်းကိုသင်တဲ့အခါ သမိုင်းကို မြင်လာအောင် သင်ပေးနိုင်ရမယ်
အဲ့လိုဆရာတွေ အနည်းငယ်တော့ ရှိနိုင်တယ် ဒါပေမယ့် ကျနော် မကြုံခဲ့ ရဘူး... ဆရာတွေကရော တပည့်တွေကို စာသင်ပေးဖို့  အပြင် ဘာတာဝန်တွေကို အပိုထမ်းဆောင် နေရသေးလဲဆိုတာ ပြန်စဉ်းစားကြည့်တယ်... သတ်မှတ်အချိန်ကာလအတွင်း သင်ရိုးပြတ်ဖို့  အထက်က ညွှန်ကြားတာရှိတယ်တဲ့...
ကျနော်သာ ဆရာဆို ဒီအချက်ကို ငြင်းချင်တယ်
ကျနော့်အစ်ကိုက အထက်တန်းကျောင်းခွဲမှာ ဆရာ မလောက်လို့  စာဝင်သင်ပေးဖူးတယ်...
သူက အင်္ဂလိပ်စာသင်ပေးတော့
သူ့ အတွေးအတိုင်း သူသင်တယ်
စသင်တာက ''Too much knowledge maketh fool ''
သူအဲ့ဒိစာကို တစ်လအချိန်ယူပြီး သင်တယ်...
ကျောင်းအုပ်ကြီးဖြစ်သူက ဝေဖန်တယ် Unitတစ်ခုကို တစ်လသင်တော့ unit ၁၄ခုကို ၁၄လသင်မှာလားတဲ့.... ပထမနှစ်ဝက်အတွင်း Unit 7အထိပြီးဖို့  ကျောင်းအုပ်က အလိုရှိတယ်...
အစ်ကိုက ပြန်ပြောတယ်
Unit တစ်ခုကို တစ်လသင်တာနဲ့  ပဲ ၁၄ခုအတွက် ၁၄လလို့  တရားသေမမှတ်ပါနဲ့ တဲ့... စကားပြောခန်းပါတဲ့ unit 2ကို တစ်လသင်တယ်ဆိုတာ Unitတိုင်းမှာ
အကျုံးဝင်တဲ့ closed typeသဘောတွေ
read the passageသဘောတွေကို ဒီUnit သင်ရင်း ရှင်းပြနေတာတဲ့
အစ်ကို က Unit 2ပြီးတော့ unit 7 Dream Do Come Trueကို သင်တယ်...
ကျောင်းအုပ်ကြီးကို မေးပြန်ရော ၃ ၄ ၅ ၆ကို ဘာဖြစ်လို့  ကျော်သွားတာလဲတဲ့...
အစ်ကို က တုန့် ပြန်တယ်.. Unit 2
နဲ့ Unit 7က သဘောတရားချင်းတူ
လို့ ပါတဲ့ Unit 7ပြီးရင် unit 14 Hellen Kellerကို သင်မှာတဲ့
Unit 7ကိုသင်တော့ အချိန် ၂ပတ်ယူတယ်... Unit 14ကျတော့ အချိန်တစ်ပတ်ပဲကြာတယ်...
ကျောင်းအုပ်က ထပ်ထောက်တယ် ဆရာအဲ့လို Unitတွေကို ကျော်ခွသင်တော့ ပထမနှစ်ဝက် စာမေးပွဲဖြေတဲ့အခါ ကျောင်းသားတွေ အခက်အခဲအဖြစ်ဘူးလားတဲ့ ပထမနှစ်ဝက်မေးခွန်းက Unit 1 to 7လေ..''
''ဒါလည်းဟုတ်တာပဲ သားရဲ့... ပထမနှစ်ဝက် စာမေးပွဲဖြေတော့ ကျောင်းသားအတွက် အခက်အခဲ မဖြစ်ဘူးလား''
''ပထမနှစ်ဝက်စာမေးပွဲအတွက် လား
အစ်ကိုက တော့ Final exam အတွက် ရည်ရွယ်ပြီးသင်တာလေ
ဆရာ မီတာ ၁၀၀ကို
ဆယ်ခါပြေးတာနဲ့ မီတာတစ်ထောင်ကို တစ်ခါပြေးတာ ပြေးပုံတူမယ်ထင်လား''
''အင်း ဦးသဘောပေါက်တယ်... မီတာတစ်ရာက ဖွင့်ပြေးရတာ.. မီတာတစ်ထောင်က အစပိုင်း ဖြေးဖြေးမှန်မှန်ပြေးပြီး ပန်းဝင်ခါနီးမှ ဖွင့်ပြေးရတာ''
''တကယ်တော့ ကျောင်းသားတွေဟာ Final examဆိုတဲ့ မီတာတစ်ထောင်အတွက် ဖြေးဖြေးမှန်မှန် ပြေးနေကြသူတွေပါ
examအသေးလေးတွေက ပြေးလမ်းမှာ ဝင်ရှုပ်တဲ့အခါ ခဏခဏဖွင့်ပြေးနေရတယ်... အဲ့ဒါ မီတာ၁၀၀၀ပန်းတိုင်အတွက် အနှောက်အယှက်ပဲ... အစမ်းစာမေးပွဲတွေဆို ကျောင်းသားတွေက လက်ပူတိုက်တဲ့ နည်းနဲ့  ညလုံးပေါက်တွေကျက်ပြီး လာဖြေကြတယ်.. တကယ်တော့
အဲ့ဒိလုပ်ရပ်မှားတယ်... ကျနော်ကတော့ အဲ့လို ပန်းတိုင်အတုတွေကို မသိကျိုးကျွံ ပြု ခဲ့တာချည်းပဲ... ကျနော်အစ်ကိုရဲ့ စာသင်နည်းဟာ မီတာ၁၀၀၀အတွက် အဆင်ပြေပေမယ့် မီတာ ၁၀၀အတွက် အဆင်မပြေဘူး...
တကယ်ပြေးနေရတာ မီတာ ၁၀၀၀လေ... ဘယ်အရာကို ဦးစားပေးသင့်လဲ''
''ဒီလိုရှိတယ်သားရဲ့ စာမေးပွဲဆိုတာ အချက်ပေးခေါင်းလောင်းပဲ
ပထမနှစ်ဝက်စာမေးပွဲစနေပြီ... အချိန်တစ်ဝက်ကုန်သွားပြီ မင်းစာမေးပွဲအတွက် ဘယ်လောက်ပြင်ဆင်ပြီးပြီလဲလို့  မေးခွန်းထုတ်လိုက်တယ်
နောက်တစ်ချက် finalexam အတွက်
အတွေ့ အကြုံကို ပေးတဲ့သဘောလည်းပါတယ်
ဆယ်တန်းမေးခွန်းပုံစံကို အသိပေးခြင်းလည်း ဖြစ်တယ်... ရည်ရွယ်ချက်ကောင်းတွေ အများကြီးပဲသားရဲ့''
''အဲ့ဒိရည်ရွယ်ချက်ကောင်းတွေထဲမှာ
ညလုံးပေါက်စာကြည့်ဖို့ တွေပါလား စာမေးပွဲဖြေခါနီး လက်ပူတိုက်
ကျက်ဖို့  တွေပါလား... ဒီစာမေးပွဲတွေဟာ ကျောင်းသားကို stressမဖြစ်စေဘူးဆိုတဲ့ အာမခံချက်တွေပါလား ဆရာ''
''သားပြောတဲ့အချက်တွေက စာမေးပွဲဆိုတဲ့ဆေးကနေရမယ့် ဆရာတို့ မလိုလားတဲ့ side effectတွေပဲ''
''ဟုတ်ကဲ့ဆရာ ဒီside effectတွေ နည်းအောင် ဆရာတို့ ဘက်က ပြင်ဆင်ဖို့ ဘယ်လိုလုပ်မလဲဆိုတာ ကျနော့်ကို
မျှဝေလို့ ရမလားဆရာ''
''စင်ပေါ်မှာ သားပြောခဲ့သလိုပဲ ဆရာတို့ ကလည်း answer paperပေါ် စာရောက်ဖို့ ကိုပဲ အလိုရှိတာမဟုတ်ဘူး... ခေါင်းထဲမှာ အသိတရားတွေ လင်းနေစေချင်တာ ဒါကိုတော့ သားယုံပေးပါ
ဒါပေမယ့် ဒီစာမေးပွဲက တက္ကသိုလ် တတ်ရောက်ရန်အရည်အချင်း ပြည့်မပြည့် စစ်တဲ့စာမေးပွဲ...
စာမေးပွဲကလွဲရင် စစ်ဆေးစရာ အခြား နည်းမရှိသေးဘူးလေ''
''ဟုတ်ကဲ့ဆရာ... ဒီတော့ ဆရာတို့  လိုလားချက်က Answer paperပေါ် မှာ မှန်ကန်တွေအဖြေတွေရရှိဖို့ ...
ဆရာတွေရဲ့ သင်ကြားမှုကလည်း
ဆရာတို့ ရဲ့လိုလားချက်ကို ဖြည့်ဆည်းဖို့ ... တပည့်တွေရဲ့ အားထုတ်မှုကလည်း သင်ကြားသူ ဆရာရဲ့ အကြံပြု သင်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်ဖို့ ...
ဒီAnswer paperအပေါ် အဖြေမှန်ရောက်ဖို့ ကို ဗဟိုပြု လိုက်ရတဲ့အခါ ကျောင်းသားတွေရဲ့ နစ်နာမှုကဘာတွေဖြစ်မလဲဆရာ''
''သားပြောကြည့်ပါ ဒီနေ့  ဦးက နားထောင်ဖို့  ပိုအားသန်နေတယ်''
''ဆယ်တန်းသင်ရိုးကို
ဖွဲ့ စည်းထားတာ စာမေးပွဲမှာ ဒါတွေကို မှန်ကန်အောင် ဖြေစေဖို့ တစ်ခုတည်း ရည်ရွယ်ဟန်မတူဘူး''
''မှန်တယ်သား ဆက်ပြောပါဦး''
''ကဗျာတွေကို ဘာမသိညာမသိ အလွတ်ကျက်ရတာသိပ်မခက်လှဘူးဆရာ... ဒီကဗျာတွေကို အရသာခံဖို့  စကားပြေတွေကပေးတဲ့ Messageကို နှလုံးသားက
စုပ်ယူမိဖို့ လိုတယ်
ခုက ဘာနဲ့ တူလဲဆိုရင် မုန့် စား ပြိုင် ပွဲဝင်ပြိုင်နေရသလိုပဲ... မုန့် ကို ကုန်အောင်စားဖို့ ပဲ စိတ်ရောက်နေတယ် ... မုန့် ကို အရသာခံဖို့  ပျက်ကွက်သွားတယ်
မုန့် ဟာ မုန့် နဲ့ မတူတော့ဘူး ပြိုင်ပွဲဝင်ပစ္စည်းတစ်ခုဖြစ်သွားတယ်
ကဗျာတစ်ပုဒ်စာတစ်ပုဒ်ကို ဘယ်သူဘယ်ခေတ်က ရေးခဲ့သည် လို့  ကျနော်တို့  အာဂုံဆောင်ခဲ့တယ်
ဒီကဗျာ ဘာကိုဆ်ုလိုတယ်ဆိုတာကို ခံစားနားလည်ဖို့  ပျက်ကွက်နေပြန်ရော... စာမေးပွဲက Dataကိုမေးတာကိုး...သဘောတရား conceptကို မေးတာမဟုတ်တော့ dataတွေပဲ ကျက်ခဲ့မိတယ်''
''သားက ဘယ်လိုဖြေစေချင်လို့ လဲ''
''မင်းတို့ ကျောင်းသားတွေ တက္ကသိုလ်တတ်ရောက်ခွင့်အတွက် ဘယ်လောက်အသိတရားတော့ ရှိသင့်တယ်ဆိုတာကို ဆရာတို့  သတ်မှတ်ပေးပါ... ဒါပေမယ့် ဆယ်တန်းအမှတ်နဲ့  majorခွဲတဲ့ စနစ်ကြီးကို ပြု ပြင်ပေးစေချင်တယ်
တကယ်လို့ များ တစ်နှစ်ဆိုတဲ့ အချိန်ကို မနည်းဘူးလို့  ဆရာတွေးပေးနိုင်ရင်ဒီတစ်နှစ်မှာ ကျနော်တို့  မစတေးပါရစေနဲ့ ''
''ဘာကို စတေးတယ်ပြောတာလဲသားရဲ့''
''ဆရာဆို ခက်ဆစ်တွေကို ဤသည်၍မလွဲကျက်ချင်မလား
ဒါမှမဟုတ် ကျက်မလား
ဆရာဝန်ဖြစ်ချင်လို့  ဆေးကျောင်းတတ်ခွင့်ရဖို့  ခက်ဆစ်တွေ ကျက်နေရတာ အမှန်တရားလား ဖြစ်သင့်ရဲ့လား
ဒီတစ်နှစ်လေးပဲ အားထည့်လိုက်ပါ လို့  ဆရာ မြင်မိလား... ခက်ဆစ်ကျက်ခြင်းဟာ တက္ကသိုလ်ဝင်တန်းအတွက် လိုအပ်တဲ့အရည်အချင်းလား''
''ခက်ဆစ်အဓိပ္ပာယ်သိတော့ မကောင်းဘူးလား''
''သဘောတရားသိရင် လုံလောက်ပါတယ်ဆရာ
ဤသည်၍မလွဲကျက်နေရတဲ့ အချက်ကို ပြောချင်တာပါ
ဖတ်သူတွေနစ်နာရပြီး ကျက်သူတွေသာအောင်မြင်တဲ့ လက်ရှိစာမေးပွဲစနစ်ကို ပြန်သုံးသပ်စေချင်တာပါ''
''ဆက်ပါဦးသားရဲ့''
''လုံလောက်တဲ့သုတ ရသတွေကို
ဆရာတို့ စစ်ဆေးပေးပါ...
ဒါပေမယ့် ဝါသနာနဲ့  ရွေးချယ်ခွင့်ကို ဆယ်တန်းအမှတ်နှဲ့ တော့ မကန့် သတ်ပါနဲ့ ... သိပ်တော်တဲ့ ဆရာဝန်ဟာ သချာင်္ကို ထူးချွန်ချင်မှ ထူးချွန်မှာပေါ့.... သိပ်တော်တဲ့ အင်ဂျင်နီယာဟာ Bioကို ဂုဏ်ထူးထွက်လောက်အောင် တော်ချင်မှ တော်မှာပေါ့... လက်ရှိမြန်မာနိုင်ငံအနေအထားမှာ ဆရာဝန်ဖြစ်ခွင့်အတွက် ဘာသာစုံ ထူးချွန်ရမလိုဖြစ်နေတယ်
Bioကို ပယ်ပစ်ရမယ် သင်္ချာကို ပယ်ပစ်ရမယ်လို့  မဆိုလိုပါဘူး
specializedမဟုတ်တဲ့ ဘာသာရပ်မှာ လုံလောက်တဲ့ အောင်မှတ်လောက်ကိုပဲ တောင်းဆိုစေချင်တယ်
ဆေးကျောင်းဝင်ခွင့်အတွက် ဆေးကျောင်း အရည်အချင်းစစ် ဘုတ်အဖွဲ့ ကပဲ ဆုံးဖြတ်စေချင်တယ်
Botany ဝင်ခွင့်အတွက်လည်း သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ရွေးချယ်ရေးအဖွဲ့ တွေကပဲ ရွေးချယ်စေချင်တယ်
ဒါဟာ အာဏာခွဲဝေမှုသဘော
လည်းဖြစ်တယ်
သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို နေရာပေးခြင်းလည်းဖြစ်တယ်''
''ဟုတ်ပြီ ဦးသုံးသပ်မယ် သားပြောချင်တာဆက်ပြောပါဦး''
''ဆရာ ဆရာမတွေရဲ့ သင်ကြားမှုလွတ်လပ်ခွင့်ပါဆရာ
ရှေ့ မှာ ပြောခဲ့သလိုကျနော့် အစ်ကို ရဲ့ ဆရာရှုထောင့်ကို ပြောပြချင်တယ်
အထက်က ဘယ်အချိန်မှာ ဘယ်လောက်သင်ရိုးပြီးရမယ်လို့ 
သတ်မှတ်ကန့် သတ်ထားတယ်
တကယ်ဆို ကိုယ်သင်နေတဲ့ တပည့်တွေရဲ့အခြေအနေကို အသိနိုင်ဆုံးက သင်နေတဲ့ ဆရာတွေပဲ
ဥပမာ Chapter 1ကို သင်ကြားမှု ပြီးဆုံးမယ့်အချိန်ဟာ တပည့်တွေ chapter 1ကို နားလည်သွားမယ့်အချိန်ပဲ ဂျူ လိုင် မဟုတ်ဘူး သြဂတ်စ်မဟုတ်ဘူး
သင်ကြားပုံဟာ ဆရာရဲ့ လွတ်လပ်ခွင့်ဖြစ်ရမယ်... အဲ့လိုလွတ်လပ်ခွင့်အတွက် ခန့် အပ် သူတွေဟာ သင်ကြားသူဆရာတွေ အပေါ် ယုံကြည်မှုရှိရမယ်...ခန့် အပ် ခွင့်ရှိသူတွေဟာလည်း ယုံကြည်လို့  ရမယ့်ဆရာတွေကို
ရွေးချယ်ခန့် အပ်နိုင်ရမယ်... ဘာလို့  အပြင်ကျူ ရှင်တွေပိုအောင်မြင်ရလဲဆိုရင် သင်ကြားမှုပုံစံ လွတ်လပ်လို့ ပဲ...
နောက်တစ်ချက်က နိုင်ငံတစ်နိုင်ငံမှာ ထူးချွန်မှုအရှိသင့်ဆုံးလူတန်းစားက ကျောင်းဆရာတွေပဲလေ... ဝါသနာမျိုးစုံနှဲ့ တပည့် တွေကို သွန်သင်ရတဲ့ဆရာဟာ စကားပြောမှုစွမ်းရည်မြင့်မားရမယ်
စိတ်ဓါတ်တွေကို မြှင့်တင်နိုင်စွမ်းရှိသူဖြစ်ရမယ်
တပည့်တွေရဲ့မေးခွန်းတွေကို
ဖြေနိုင်ဖို့ ဗဟုသုတနှံ့ စပ်သူဖြစ်ရမယ်
အဲ့လို ထူးချွန်တဲ့သူကိုရရှိဖို့ အတွက် ဆရာဖြစ်သင်တန်းကျောင်းတွေဟာ
ကျောင်းဆရာလာလျှောက်သူတွေဆီက မြင့်မားတဲ့အရည်အချင်း ပြန်တောင်းဆိုရမယ်
တစ်ခုတော့ရှိတယ်ဆရာ ကျနော်က ကျနော့်ရဲ့ ထင်မြင်ယူဆချက်ကို တင်ပြတဲ့သဘောပါပဲ...
မှားရင်လည်း မှားနေမှာပါ ဆရာက
ရဲရဲပြောဆိုလို့ သာ ပြောမိတာပါ''
''ဒီလိုတော့ရှိတယ်သားရဲ့ စနစ်တစ်ခုကို ပြင်ဖို့  အချိန်တော့ ယူရတယ်... လုပ်ငန်းခွင်မှာ ပျော်ဖို့  အတွက် အုပ်ချုပ်ထောက်ပံ့မှု
ကောင်းဖို့ လိုတယ်လေ... လက်ရှိမှာ ကျောင်းဆရာတွေရဲ့ ဝင်ငွေဟာ သိပ်နည်းတယ်... ကျောင်းဆရာမှ မဟုတ်ပါဘူး နောက်ကျနေတဲ့ နိုင်ငံရဲ့အနေအထားအရ လူအများစုဟာ ဝင်ငွေသိပ်နည်းပါးတယ်
အဲ့ဒိ causeက လုပ်ငန်းခွင်မှာ မပျော်ရွှင်ခြင်းဆိုတဲ့ effectကို ဖြစ်စေတယ် ပိုကောင်းတဲ့ ဝန်ဆောင်မှုကို တောင်းဆိုဖို့  ပိုကောင်းတဲ့ ထောက်ပံ့မှုကို နိုင်ငံက ပြန်ပေးရမယ်... ငွေမက်တာ မမက်တာနဲ့  မဆိုင်ဘူးလေ
ဆရာဆိုတာလည်း လူ့ အဖွဲ့  အစည်းထဲက လူသားတွေပဲ သူတို့  မှာလည်း လူမှုအခက်အခဲတွေနဲ့ ...
ဒီတော့ ပညာရေးစနစ်ကြီးကောင်းလာဖို့  အားလုံးရှေ့ ကို တိုးရမယ်
ဆရာတို့ လို အုပ်ချုပ်သူ decision makerတွေဘက်ကလည်း အကောင်းဘက်ကို တိုးရမယ်
သင်ကြားသူဆရာတွေကလည်း
ရှေ့ တိုးရမယ်
အသင်ခံတပည့်တွေကလည်း ပညာသင်ကြားရခြင်းရဲ့ အနှစ်သာရကို နားလည်ခြင်းနဲ့  ရှေ့  ကို တိုးလာရမယ်
ကျောင်းသားမိဘတွေကလည်း ပူးပေါင်းပါဝင်မှုတွေနှဲ့  ရှေ့ ကို တိုးလာရမယ်...
နိုင်ငံတော်ကလည်း ပညာရေးကဏ္ဍကို ထောက်ပံ့မှု မြင့်တင်ခြင်းနှဲ့  ရှေ့ ကို တိုးလာရမယ် ပြိုင်တူတွန်းရင် ရွေ့ မှာပါသားရယ်
နိုင်ငံတကယ်ဖွံ့ ဖြိုးဖို့  ပညာရေးမြှင့်တင်မှရမယ်ဆိုတဲ့အသိ
သားတို့ လိုလူငယ်တွေမှာ ရှိနေတာ
ဆရာကျေနပ်တယ် သား''
Writer by@soesandar