ညီညွတ်တဲ့ဆန့်ကျင်ဘက်သဘောတရား
ဒီလောကမှာ ဖြစ်ပေါ်နေတဲ့ အရာတွေကော ဖြစ်ပေါ်ပြီးခဲ့တဲ့အရာတွေကော အားလုံးဟာ တစ်မျိုးတစ်စားတည်းချည်းပဲ ပြီးတော့ တစ်မျိုးတည်းက လာတာချည်းပဲ အဲဒီ့တစ်မျိုးကနေ အမျိုးပေါင်း မရေတွက်နိုင်အောင် ဖြစ်ကုန်တာ
ဆန့်ကျင်ဘက်တွေ အားလုံးဟာ အဲဒီထဲကဖြစ်ပေါ်လာတာ ဆန့်ကျင်ဘက်တွေ အားလုံးကို အချိုးကျပူးပေါင်းပေးလိုက်တယ် အဲဒီသဘောချင်းညီညွတ်သွားတယ် အဖိုနှင့်အမ မိုးနှင့်မြေကြီး အလင်းနဲ့အမှောင် အမြင့်နှင့်အနိမ့် အဝေးနှင့်အနီး နေနှင့်လ အသက်ရှူခြင်းနှင့်အသက်ထုတ်ခြင်း လက်ဝဲနှင့်လက်ယာ စသည်ဖြင့်.......... အဲဒီတော့ အမဓာတ် အမရဲ့စွမ်းရည်ရှိတဲ့ပြဒါးနဲ့ အဖိုဓာတ် အဖိုရဲ့စွမ်းရည်ရှိတဲ့ကန့်ကို ညီညွတ်အောင်လုပ်နိုင်ရင် သူတို့ဟာတစ်ဦးနှင့်တစ်ဦး ကျေးဇူးပြုပြီး အရာဝတ္တူတွေကို မွေးဖွားပေးတယ် ကောင်းကင်နှင့်မြေကြီး ညီညွတ်ရင် လောကကြီးက ညီညွတ်နေတဲ့သဘောဖြစ်တယ် ပြဒါးဟာ ကောင်းတာလည်းမဟုတ် ဆိုးတာလည်းမဟုတ် ထိုအတူ ကန့်လည်းဒီအတိုင်းပဲ ကောင်းတဲ့အရာထဲမှာ ဆိုးတာရှိတယ် ဆိုးတဲ့အရာထဲမှာလည်း ကောင်းတာရှိတယ် လုံးလုံးကြီးကောင်းတာရယ် ဆိုးတာရယ်မဖြစ်နိုင်ဘူး ကောင်းတဲ့ထဲမှာ ဆိုးတာဟာမျိုးစေ့ဖြစ်နေတယ် ဆိုးတဲ့ထဲမှာလည်း ထိုနည်းပဲ
အရာဝတ္တူတိုင်း အရာဝတ္တူတိုင်း သူတို့ရဲ့မူရင်းကိုလိုက်ရင် ညီညွတ်တဲ့ ဆန့်ကျင်ဘက်နှစ်ခုကို တွေ့ရလိမ့်မယ်
Crd by