
လွယ်ကူပြီး အသုံးဝင်မယ်ထင်တဲ့ အင်္ဂလိပ်သင်ခန်းစာလေးမို့ တင်ပေးတာပါ။ ကျွန်တော့လို ခပ်ညံ့ညံ့ ချင်းဆိုအဆင်ပြေမယ်ထင်ပါတယ်။
မြန်မာပြည်သည် အပူပိုင်းတိုင်းပြည်တစ်ပြည်ဖြစ်သည်။ သူမမှာ ပူအိုက်စွတ်စိုသောရာသီ ရှိသည်။ ထို့အပြင် ဥတုသုံးလီလည်းရှိသည်။ နွေ၊ မိုး၊ ဆောင်း တို့ဖြစ်သည်။ နွေသည် ဖေဖေါ်ဝါရီလမှ မေလ အထိဖြစ်သည်။ မိုးရာသီသည် ဇွန်လမှ စက်တင်ဘာလအထိဖြစ်သည်။ ဆောင်းသည် အောက် တိုဘာလမှ ဇန်နဝါရီလအထိဖြစ်သည်။
Burma is a tropical country. She has a hot wet climate. Moreover there are three seasons. They are summer, the rainy season (The Monsoon) and winter. Sumer is from February to May. The Monsoon is from June to September. Winter is from October to January.
မြန်မာပြည်သည် လယ်ယာစိုက်ပျိုးသောတိုင်းပြည်တစ်ပြည်ဖြစ်သည်။ မြန်မာပြည်သည် ဆန်နှင့်သီးနှံ မျိုးစုံစိုက်ပျိုးသည်။သို့ရာတွင်ဆန်သည်အဓိကထွက်ကုန်ဖြစ်သည်။ ဆန်သည်မိုးနှင့် နေရောင်ခြည်များ စွာလိုအပ်သည်။ ထို့ကြောင့် မိုးရာသီသည် မြန်မာပြည်အတွက် အသုံးဝင်ဆုံးသောရာသီဖြစ်သည်။ ကျွန်တော်တို့သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစွာရရှိသည်။ ငါးနှင့်ပုဇွန်များလည်းပေါများသည်။ သို့ရာတွင် ကျွန်တော်သည် ဤရာသီကိုမကြိုက်ပါ။ ဤရာသီသည် စွတ်စိုလွန်းအားကြီးသည်။ လမ်း များသည်ရွံ့ထူ၍ ညစ်ပတ်သည်။ ကျွန်တော်အကြိုက်ဆုံးရာသီမှာ ဆောင်းရာသီဖြစ်သည်။
Burma is an agricultural country. She grows rice and many other crops. However, rice is main product. Rice need plenty of rain and sunshine. So the rainy season is most useful to Burma. We get a lot of fruits and vegetables. Fish and prawn are plentiful. However, I don’t like this season. It is too wet. The streets are muddy and dirty. The season I like best is winter.
နေ့စဉ်ရာသီဥတုသာယာသည်။ပန်းများအစွမ်းကုန်ပွင့်နေကြသည်။လောကတစ်ခုလုံးလှပနေသည်။ နံနက်ခင်းများသည် အေးမြ၍လေသည်လတ်ဆတ်သည်။ ကျွန်တော်သည် နံနံက်စောစောထ၍ သင်ခန်းစာများကိုလေ့လာသည်။ ကာယလေ့ကျင့်ခန်းလည်းယူသည်။
The weather is fine. Flowers are in full bloom. All the world is beautiful. Mornings are cool and air fresh. I get up every morning and study the lesson. I also take physical exercises.
ပွဲတော်များနှင့်ပွဲများကိုလည်း ဤရာသီအတွင်းတွင်ကျင်းပကြသည်။ မြန်မာများသည်ပွဲအလွန်ကြိုက် သည်။ညည့်နက်သန်းခေါင်ပွဲကြည့်ခြင်းကိုနှစ်ခြိုက်ကြသည်။ ကျွန်တော်သည် ဆောင်းရာသီကိုအနှစ် သက်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် အားကစားသမားတစ်ယောက်ဖြစ်၍ အားကစားယှဉ်ပြိုင်ပွဲများကို ဤရာသီတွင်ကျင်းပလေ့ရှိသည်။ ကျွန်တော်ဘောလုံးနှင့် ဘတ်စ်ကက် ဘောကစားသည်။ ကျွန်တော်သည် အားကစားပွဲ (ပြေး၊ခုန်၊ပစ်) များ၌ ပါဝင်ဆင်နွဲလေ့ရှိသည်။ ကျွန်တော်သည်ဆုများစွာရ၍ အလွန်အားရဝမ်းသာဖြစ်ရသည်။ သို့ရာတွင် စာမေးပွဲများလည်း နီးကပ် လာ၍ ကျွန်တော်သည် စာမေးပွဲအတွက် အဆင်သင့်ဖြစ်ရန်ပြင်ဆင်စပြုရသည်။
Festivals and pwes are also held during this season. The Myanmar like pwes very much. They enjoin themselves watching pews late into the night. I like winter best Because I am a sportsman and sports and games are held this season. I play football and basketball. I also take part in sports activities. I win many prizes and I am very pleased. However, our examination is drawing near and I begin to prepare myself for the examination.
စာမေးပွဲပြီးဆုံးသွားသောအခါ နွေရာသီရောက်လာသည်။ကျောင်းသားများသည် ဤရာသီကို အနှစ် သက်ဆုံးဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကျောင်းများပိတ်၍ ရှည်လျားသောနွေရာသီ အားလပ် ရက်လည်း စတင်ခဲ့ပြီ။ သို့ရာတွင် ကျွန်တော် ဤရာသီကိုမကြိုက်ပါ။အလွန်ပူပြင်းလွန်း၍ သစ်ပင်များ လည်း အရွက်ကင်းမဲ့ကြသည်။ ကျွန်တော်သည် ဆောင်းရာသီကို အကြိုက်ဆုံးဖြစ်သည်။
When the examination are over, summer comes. The students like this season best because the schools have been closed and the long summer vacation has begun. But I do not like this season. It is too hot and the trees are leafless. I like winter best.
#Credit :Myanmay globle news ၏ sunday special မှ