Image Source
မနေ့ကတော့ ပုရစ် အကြောင်း ရေးခဲ့ပါတယ်။ ဒီနေ့တော့ ဒီပိုးအကြောင်း ရေးမှာ ဖြစ်ပါတယ်။ ဒီပိုးဆိုတာ တစ်ကယ်တော့ ချေးပိုးထိုး ကောင်ရဲ့ သားလောင်းပါ။ ကြက်ဥလို သဘောမျိုးပါပဲ။ ပုံထဲမှာ ကြည့်နိုင်ပါတယ်။ သူ့ကိုလဲ အတော်လူကြိုက်များပါတယ်။ ပုံကတော့ ဗီယက်နမ် နိုင်ငံကပုံပဲ ဖြစ်ပါတယ်။ Source link ပေးထားပါတယ်။ စားရတဲ့ အရသာက ပုဇွန်ကြော်ထားတာကို စားရသလိုပါပဲ။ အရမ်း ကောင်းတယ်လို့ ဆိုကြပါတယ်။
ကျွန်တော်တော့ မစားဘူးပါဘူး။ စားဖူးလားလို့ လာမေးနေမှာ စိုးလို့ပါ။ ကြက်ဥနဲ့ ကြော်စားရင် ပိုကောင်းပါတယ်။ ကြက်အူးချောင်းကို ကြက်ဥနဲ့ ကြော်စားသလိုမျိုးပေါ့။ ဒါမှမဟုတ်လဲ တန်ပူရာ လိုမျိုးကြော်စားရင်လဲ ကောင်းပါတယ်။ ဒီပိုး တူးတဲ့ ရာသီဆိုရင် လယ်ကွင်းတွေထဲမှာ ပေါက်တူး တစ်လက် နဲ့ လျှောက်သွားနေတဲ့ သူတွေကို တွေ့ကြမှာပါ။