ပိုက်ဆံမရှိလို့ဖယ်ကျဉ်ခံထားရတာလား?
ဂရုစိုက်လို့!
ဘဝမှာကိုယ်ကျင့်တရားကောင်းဖို့က
အရေးကြီးဆုံးလေ။
ပိုက်ဆံမရှိလို့မျက်နှာငယ်နေတာလား?
အရေးလုပ်လို့!
ဘဝမှာရိုးသားမူ့ရှိဖို့ကအရေးကြီးဆုံးလေ
ပိုက်ဆံမရှိလို့သိမ်ငယ်နေတာလား?
ခံစားနေလို့!
ဘဝမှာစစ်မှန်တဲ့မေတ္တာတရားရှိဖို့က
အရေးကြီးဆုံးလေ
လောကမှာလူတွေဟာ
ပိုက်ဆံ? ပိုက်ဆံ? ပိုက်ဆံ? နဲ့
ပိုက်ဆံမရှိရင်ဘာဆိုဘာမှဖြစ်မလာသလို
ပိုက်ဆံမရှိရင်ဘဝပဲပျက်တော့မလိုနဲ့
ပိုက်ဆံဆိုတာကိုသည်းကြီးမည်းကြီး
ရှာနေကြတယ်။
ပိုက်ဆံရှိရင်မိန်းမတွေဝယ်လို့ရချင်ရမယ်။
ပိုက်ဆံရှိရင်အပေါင်းအသင်းတွေဝယ်လို့ရချင်ရမယ်...
ပိုက်ဆံရှိရင်စိန်ရွှေငွေတိုက်တာ
အဆောက်အအုံတွေဝယ်လို့ရချင်ရမယ်။
ပိုက်ဆံမရှိရင်ရာထူးဂုဏ်နဲ့ကျော်ကြားမှူတွေ
ဝယ်လို့ရချင်ရပေမယ့်
စစ်မှန်တဲ့မေတ္တာနဲ့ကိုယ်ကျင့်တရားကိုတော့
ပိုက်ဆံနဲ့ဝယ်လို့မရဘူးနော်။
ပိုက်ဆံဆိုတာဘဝရဲ့တစ်စိတ်တစ်ပိုင်းမှာ
အရေးပါပေမယ့်.....
စစ်မှန်တဲ့မေတ္တာနဲ့ကိုယ်ကျင့်တရားကတော့
ဘဝရဲ့အရေးကြီးဆုံးအပိုင်းမှာပါဝင်ပါတယ်။
ဒါကြောင့်
ပိုက်ဆံကိုလိုချင်စိတ်တော့ရှိပါ။
လောဘတော့မဖြစ်မိပါစေနဲ့။
ကျွန်မ ကောက်ကြောင်းတွေကို ကြည့်ပြီး
ချစ်တယ်ဆိုတဲ့ စကားကို လွယ်လွယ်မပြောပါနဲ့ ကျွန်မ နောက်ကြောင်းတွေကို နားလည်၊သိရှိ၊ လက်ခံနိုင်မှ ဝင်လာခဲ့ပါ။
ဘဝ ဆိုတာ စိတ်ကူးယဉ် ကောင်းတဲ့
အိပ်မက်တစ်ခုမဟုတ်ဘူး
လက်တွဲခြင်းဆိုတဲ့ နေရာမှာ
ခိုင်မြဲတဲ့ နားလည်မှု နွေးထွေးတဲ့ကြင်နာမှုတွေနဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေကို မျှော်လင့်ထားတယ်။
နူတ်ခမ်းဆိုတာ လိုသလိုပြောဆိုလို့ရပေမယ့်
ရင်ဘတ်ထဲက ခံစားချက်တွေက ကိုယ့်ကိုယ်ကို ညာလိုမရဘူး။
ကျွန်မရဲ့ အလှတရားတွေထက် ကျွန်မရဲ့
ဖြတ်သန်းမှုကို လေ့လာပါ
လူတစ်ယောက်ကို သံယောဇဉ် ဖြစ်ရတာလွယ်တယ် ဖြစ်တည်ပြီးသား သံယောဇဉ် ကိုဖြတ်ရတာခက်တယ်။
စိတ်ကစားရုံ လိုချင်ရုံလောက်နဲ့ တက်မလာနဲ့
ကျွန်မက လောကဓံလှည်ကွက်ကြားမှာ
အကွက်ရွေ့ခံရတဲ့ သမင်ပျိုမို့ ကျားတိုင်းတော့
ကြောက်တတ်တယ်။
ဘဝ တစ်ခုတည်ဆောက်ဖို့ နှလုံးသားနှစ်ခုရင်းနိုင်ပြီလား ပိုင်ဆိုင်မှုတွေထားခဲ့လိုက် ဘဝအကြောင်းသေချာ နာကျည်း ဖူးသူတွေက
ရွှေ ငွေ ဓနထက်၊ နားလည်ပေးမှု ယုံကြည်ပေးမှု နွေးထွေးကြင်နာယုယမှုပဲလိုအပ်တယ်။
ထမင်းရည် အတူယက်မယ် မပြောနဲ့
ကျွန်မ ထမင်းစားတတ်တယ်၊
ဒါပေမယ့် ထမင်းတစ်လုပ်ကို ရှင်မဖန်တီးနိုင်ရင်မနိုင်ရင် ရှင်နဲ့ကျွန်မ သိက္ခာရှိရှိ ကြိုးစားရဲတယ်။
အချစ် စစ်သွားရင် ပိုင်ဆိုင်မှုဘာမှမလိုဘူး
လက်မှတ်နှစ်ချက်ကလည်း အချစ်စစ်မဟုတ်ဘူး အချစ်ဆိုတာ ကျွန်မရင်ထဲ၊ရှင့်ရင်ထဲ ရှိတဲ့အရာပါ။
လူတကာ မြင်အောင် လက်တွေတွဲပြနေစရာမလိုဘူး ခိုင်မာတဲ့ သစ္စာကို ရင်မှာပျိုးထားရင် ရပြီ တချိုပြောကြတယ်....ကိုယ့် ဘဝထဲ သူမလာရဲရင် သူ့ဘဝထဲ ကိုယ်ဝင်ရဲရမယ်တဲ့။
ဘယ်သူဘဝထဲမှ မဝင်ဘူး ရှင်သာ
ယောင်္ကျားကောင်းတစ်ယောက် ကိုယ့်ကိုယ်ကို
ယုံကြည်တယ်ဆို... ဘဝ တစ်ခု နှစ်ဦးတူတည်ဆောက်မယ်။
ကျွန်မ နောက်ကြောင်းထက် ကောက်ကြောင်းတွေက မလှဘူး။အလှတရားဆိုတာ ရင်မှာရှိတာ မြင်တဲ့သူ .....နဲ့......ကျွန်မ မျှော်လင့်သူ
တစ်ယောက်တည်းသာဆိုရင် လက်သာဖြန့်ထားလိုက် ကြွေဆင်းပေးဖို့ အသင့်ရှိနေမယ်။